သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲေခါင္ေဒသ အကူအညီတုိးေပးမယ့္အစီအစဥ္ အေမရိကန္ စတင္


စက္တင္ဘာ ၁၁ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ မဲေခါင္ေဒသႏိုင္ငံမ်ားႏွင့္ အေမရိကန္ အစည္းအေ၀း

(Zawgyi/Unicode)

အေမရိကန္အေနနဲ႔ ျမန္မာအပါအဝင္ မဲေခါင္ေဒသႏိုင္ငံေတြနဲ႔ ပူးေပါင္းေဆာင္ရြက္မူ ျမွင့္တင္ေရးကို စတင္ေနၿပီး၊ အကူအညီေတြ တိုးေပးဖို႔ အေမရိကန္ဘက္ကေၾကညာလိုက္ပါတယ္။

ျမန္မာ၊ ထိုင္း၊ လာအို၊ ကေမာၻဒီးယားနဲ႔ ဗီယက္နမ္ႏိုင္ငံေတြပါဝင္တဲ့ မဲေခါင္ႏုိင္ငံမ်ားမိတ္ဖက္အဖြဲ႔အတြက္ ကိုယ္ပိုင္ရပ္တည္ႏိုင္ေရး၊ စီးပြားေရးအရလြတ္လပ္ဖို႔၊ ေကာင္းမြန္တဲ့အုပ္ခ်ဳပ္ေရးျဖစ္ဖို႔နဲ႔ စဥ္ဆက္မျပတ္တိုးတက္မူေတြရဖို႔ အေမရိကန္လႊတ္ေတာ္နဲ႔ေပါင္းၿပီး ကူညီေပးသြားမယ္လို႔ အေမရိကန္အစိုးရက ဆိုပါတယ္။

၂၀၀၉ ခုႏွစ္ကေန စတင္လာခဲ့တဲ့ အေမရိကန္ရဲ့ ဒီမဲေခါင္ေဒသ ပူးေပါင္းေဆာင္ရြက္မူမွာ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနနဲ႔ USAID လို႔ေခၚတဲ့ အေမရိကန္ရဲ့ႏိုင္ငံတကာဖြံ႔ၿဖိဳးေရးအကူအညီအဖြဲ႔တို႔ကေန၊ ေဒၚလာ ၃.၅ဘီလီယံ ကို ဒီႏွစ္ထဲအထိ ေထာက္ပံ့ေပးခဲ့ပါတယ္။

ဒီအကူအညီေတြထဲမွာ က်န္းမာေရးအတြက္ ၁.၂ ဘီလီယံ၊ စီးပြားေရးဖြံ႔ၿဖိဳးဖို႔ ေဒၚလာသန္း ၇၃၄ သန္း၊ ၿငိမ္းခ်မ္းေရနဲ႔ လံုၿခံဳေရးအတြက္ ၆၁၆ သန္း၊ လူ႔အခြင့္အေရးနဲ႔ အုပ္ခ်ဳပ္ေရးအတြက္ ၅၂၇ သန္း၊ ပညာေရးနဲ႔ လူမူဝန္ေဆာင္မူေတြအတြက္ ၁၇၅ သန္းနဲ႔ လူသားခ်င္းစာနာမူအကူအညီေတြအတြက္ ၁၆၅ သန္း ပါဝင္ပါတယ္။

တရုတ္ႏုိင္ငံနဲ႔ နီးစပ္မူရွိတဲ့ ဒီ အာဆီယံတြင္းႏိုင္ငံေတြမွာ လူသားအရင္းအျမစ္နဲ႔ လမ္းပန္းဆက္သြယ္ေရးအေဆာက္အအံုေတြတိုးျမွင့္ဖို႔၊ အျပင္ စြမ္းအင္နဲ႔ ေရေၾကာင္းလံုၿခံဳေရးအတြက္ပါ တိုးျမင့္ေဆာင္ရြက္သြားဖို႔ရွိတယ္လို႔ ဒီ အေမရိကန္-မဲေခါင္ မိတ္ဖက္ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္

တိုက္႐ိုက္ လင့္ခ္


................

(Unicode)

အမေရိကန်အနေနဲ့ မြန်မာအပါအဝင် မဲခေါင်ဒေသနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မူ မြှင့်တင်ရေးကို စတင်နေပြီး၊ အကူအညီတွေ တိုးပေးဖို့ အမေရိကန်ဘက်ကကြေညာလိုက်ပါတယ်။

မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေပါဝင်တဲ့ မဲခေါင်နိုင်ငံများမိတ်ဖက်အဖွဲ့အတွက် ကိုယ်ပိုင်ရပ်တည်နိုင်ရေး၊ စီးပွားရေးအရလွတ်လပ်ဖို့၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးဖြစ်ဖို့နဲ့ စဉ်ဆက်မပြတ်တိုးတက်မူတွေရဖို့ အမေရိကန်လွှတ်တော်နဲ့ပေါင်းပြီး ကူညီပေးသွားမယ်လို့ အမေရိကန်အစိုးရက ဆိုပါတယ်။

၂၀၀၉ ခုနှစ်ကနေ စတင်လာခဲ့တဲ့ အမေရိကန်ရဲ့ ဒီမဲခေါင်ဒေသ ပူးပေါင်းဆောင်ရွက်မူမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ USAID လို့ခေါ်တဲ့ အမေရိကန်ရဲ့နိုင်ငံတကာဖွံ့ဖြိုးရေးအကူအညီအဖွဲ့တို့ကနေ၊ ဒေါ်လာ ၃.၅ဘီလီယံ ကို ဒီနှစ်ထဲအထိ ထောက်ပံ့ပေးခဲ့ပါတယ်။

ဒီအကူအညီတွေထဲမှာ ကျန်းမာရေးအတွက် ၁.၂ ဘီလီယံ၊ စီးပွားရေးဖွံ့ဖြိုးဖို့ ဒေါ်လာသန်း ၇၃၄ သန်း၊ ငြိမ်းချမ်းရေနဲ့ လုံခြုံရေးအတွက် ၆၁၆ သန်း၊ လူ့အခွင့်အရေးနဲ့ အုပ်ချုပ်ရေးအတွက် ၅၂၇ သန်း၊ ပညာရေးနဲ့ လူမူဝန်ဆောင်မူတွေအတွက် ၁၇၅ သန်းနဲ့ လူသားချင်းစာနာမူအကူအညီတွေအတွက် ၁၆၅ သန်း ပါဝင်ပါတယ်။

တရုတ်နိုင်ငံနဲ့ နီးစပ်မူရှိတဲ့ ဒီ အာဆီယံတွင်းနိုင်ငံတွေမှာ လူသားအရင်းအမြစ်နဲ့ လမ်းပန်းဆက်သွယ်ရေးအဆောက်အအုံတွေတိုးမြှင့်ဖို့၊ အပြင် စွမ်းအင်နဲ့ ရေကြောင်းလုံခြုံရေးအတွက်ပါ တိုးမြင့်ဆောင်ရွက်သွားဖို့ရှိတယ်လို့ ဒီ အမေရိကန်-မဲခေါင် မိတ်ဖက် ကြေညာချက်မှာ ဖော်ပြထားပါတယ်

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG