သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္-ဘဂၤလားေဒ႔ရွ္ ဆက္စပ္လမ္း ျမန္မာကိုျဖတ္ ေဖာက္လုပ္ေရး တရားဝင္ ညႇိႏႈိင္းၾကၿပီ


BRI ေခၚ တ႐ုတ္ရဲ႕ ပိုးခါးပတ္လမ္း စီမံကိန္းျပေျမပုံ။ (ဇန္နဝါရီ ၁၈၊ ၂၀၁၆)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံကို ျဖတ္သန္းၿပီး တ႐ုတ္နဲ႔ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံၾကား တိုက္႐ိုက္ သြားလာေျပးဆြဲႏိုင္မယ့္ ကားလမ္း၊ ရထားလမ္းေတြ ေဖာက္လုပ္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားေၾကာင္း ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဌာန ဒုဝန္ႀကီး Shahriar Alam က ေျပာတယ္လို႔ တ႐ုတ္အစိုးရပိုင္ ဆင္ဟြာသတင္းက ေရးပါတယ္။

ဘဂၤလားေဒ့ရွ္-တ႐ုတ္ ႏွစ္ႏိုင္ငံၾကား ဖြံ႔ၿဖဳိးမႈ အေတြ႔အႀကဳံဖလွယ္ေရး အြန္လိုင္း ေဆြးေႏြးပဲြတခုမွာ ဒုဝန္ႀကီး Shahriar Alam က ျမန္မာႏုိင္ငံကုိ ျဖတ္သြားမယ့္ ကားလမ္း၊ ရထားလမ္းကိစၥကို ဒါကာၿမဳိ႕ေတာ္မွာရွိတဲ့ တ႐ုတ္သံ႐ုံးနဲ႔ တရားဝင္ ခ်ဥ္းကပ္ ေဆြးေႏြးထားေၾကာင္း ေျပာဆိုခဲ့တာပါ။

ဒီလမ္းေၾကာင္းေတြဟာ BRI ေခၚ တ႐ုတ္ရဲ႕ ပိုးခါးပတ္လမ္း စီမံကိန္းနဲ႔ ဆက္စပ္ေနသလို ဒီလမ္းေတြ အေကာင္အထည္ေပၚလာရင္ အျခား အာဆီယံႏိုင္ငံေတြနဲ႔ ဆက္သြယ္ေရး ပိုလြယ္ကူလာမယ္လို႔လည္း Alam က ေျပာပါတယ္။ တခ်ိန္တည္းမွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံဟာ တ႐ုတ္ရဲ႕ အေႂကြးေထာင္ေခ်ာက္ထဲ က်ေနၿပီဆိုတဲ့ သုံးသပ္ခ်က္ေတြကို ဒုဝန္ႀကီး Alam က ျငင္းဆိုလိုက္ၿပီး တကမၻာလုံးကို ဆပ္ရမယ့္ ဘဂၤလားေဒ့ရွ္အေႂကြးေတြနဲ႔ ႏႈိင္းစာရင္ တ႐ုတ္အေႂကြးက ပမာဏေသးငယ္တယ္လို႔ တုံ႔ျပန္ခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး Li Jiming ကေတာ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာ တ႐ုတ္ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ အရင္ကထက္ ပုိလုပ္သြားဖို႔ ေမွ်ာ္လင့္ထားၿပီး အထူးသျဖင့္ 5G ဆက္သြယ္ေရးစနစ္၊ ျမန္ႏႈန္းျမင့္ ရထားေျပးဆဲြမႈ၊ ေလယာဥ္တည္ေဆာက္ေရးနဲ႔ ပင္လယ္သမုဒၵရာ အရင္းျမစ္ေတြကို သုံးၿပီး စီးပြားရွာတဲ့ Blue Economy လို က႑ေတြမွာ ႏွစ္ႏိုင္ငံ ပူးေပါင္းလုပ္သြားဖို႔ လုိလားေၾကာင္း ေျပာပါတယ္။

ႏွစ္ႏိုင္ငံၾကား စီးပြားကုန္သြယ္မႈေတြ အလွ်င္အျမန္ တိုးလာတာက ဘဂၤလားေဒ့ရွ္ရဲ႕ စီးပြားေရးဖြံ႔ၿဖဳိးမႈအတြက္ အေတာ္ကို ေကာင္းက်ဳိးျဖစ္လာေစတယ္လို႔ ေခတ္ၿပဳိင္ႏိုင္ငံဆက္ဆံေရး တ႐ုတ္သုေတသနအဖြဲ႔ လက္ေထာက္ဒါ႐ိုက္တာ Wang Shida ကလည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

တရုတ်-ဘင်္ဂလားဒေ့ရှ် ဆက်စပ်လမ်း မြန်မာကိုဖြတ် ဖောက်လုပ်ရေး တရားဝင် ညှိနှိုင်းကြပြီ

မြန်မာနိုင်ငံကို ဖြတ်သန်းပြီး တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား တိုက်ရိုက် သွားလာပြေးဆွဲနိုင်မယ့် ကားလမ်း၊ ရထားလမ်းတွေ ဖောက်လုပ်နိုင်ဖို့ မျှော်လင့်ထားကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန ဒုဝန်ကြီး Shahriar Alam က ပြောတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းက ရေးပါတယ်။

ဘင်္ဂလားဒေ့ရှ်-တရုတ် နှစ်နိုင်ငံကြား ဖွံ့ဖြိုးမှု အတွေ့အကြုံဖလှယ်ရေး အွန်လိုင်း ဆွေးနွေးပွဲတခုမှာ ဒုဝန်ကြီး Shahriar Alam က မြန်မာနိုင်ငံကို ဖြတ်သွားမယ့် ကားလမ်း၊ ရထားလမ်းကိစ္စကို ဒါကာမြို့တော်မှာရှိတဲ့ တရုတ်သံရုံးနဲ့ တရားဝင် ချဉ်းကပ် ဆွေးနွေးထားကြောင်း ပြောဆိုခဲ့တာပါ။

ဒီလမ်းကြောင်းတွေဟာ BRI ခေါ် တရုတ်ရဲ့ ပိုးခါးပတ်လမ်း စီမံကိန်းနဲ့ ဆက်စပ်နေသလို ဒီလမ်းတွေ အကောင်အထည်ပေါ်လာရင် အခြား အာဆီယံနိုင်ငံတွေနဲ့ ဆက်သွယ်ရေး ပိုလွယ်ကူလာမယ်လို့လည်း Alam က ပြောပါတယ်။ တချိန်တည်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ တရုတ်ရဲ့ အကြွေးထောင်ချောက်ထဲ ကျနေပြီဆိုတဲ့ သုံးသပ်ချက်တွေကို ဒုဝန်ကြီး Alam က ငြင်းဆိုလိုက်ပြီး တကမ္ဘာလုံးကို ဆပ်ရမယ့် ဘင်္ဂလားဒေ့ရှ်အကြွေးတွေနဲ့ နှိုင်းစာရင် တရုတ်အကြွေးက ပမာဏသေးငယ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Li Jiming ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အရင်ကထက် ပိုလုပ်သွားဖို့ မျှော်လင့်ထားပြီး အထူးသဖြင့် 5G ဆက်သွယ်ရေးစနစ်၊ မြန်နှုန်းမြင့် ရထားပြေးဆွဲမှု၊ လေယာဉ်တည်ဆောက်ရေးနဲ့ ပင်လယ်သမုဒ္ဒရာ အရင်းမြစ်တွေကို သုံးပြီး စီးပွားရှာတဲ့ Blue Economy လို ကဏ္ဍတွေမှာ နှစ်နိုင်ငံ ပူးပေါင်းလုပ်သွားဖို့ လိုလားကြောင်း ပြောပါတယ်။

နှစ်နိုင်ငံကြား စီးပွားကုန်သွယ်မှုတွေ အလျှင်အမြန် တိုးလာတာက ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အတော်ကို ကောင်းကျိုးဖြစ်လာစေတယ်လို့ ခေတ်ပြိုင်နိုင်ငံဆက်ဆံရေး တရုတ်သုတေသနအဖွဲ့ လက်ထောက်ဒါရိုက်တာ Wang Shida ကလည်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG