သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကိစ္စ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးချက်


နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ဧပြီ၊ ၂၄၊ ၂၀၁၉)

တရုတ်ရဲ့ ခေတ်သစ် ပိုးလမ်းမ စီမံကိန်း မူဘောင်အောက်မှာ ရေရှည်ဘဏ္ဍာရေး အစီအစဉ်၊ ရံပုံငွေ လုံလောက်မှုဖို့နဲ့ ဒေသတွင်း ဘဏ္ဍာရေးဆိုင်ရာ အန္တရာယ်တွေကို ကြိုတင်သတိပေးမယ့် စနစ်ကောင်း တရပ်ရှိဖို့ အရေးကြီးတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။

မနေ့ စနေနေ့က နိုင်ငံခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ အကြီးအကဲတွေရဲ့ OBOR - ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်း ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဆွေးနွေးခဲ့တာပါ။

တရုတ်ရဲ့ ခေတ်သစ် ပိုးလမ်းမ စီမံကိန်းကြောင့် အခြေခံ အဆောက်အအုံတွေ တိုးတက် ကောင်းမွန်ပြီး ကုန်သွယ်ရေး အပါအဝင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာမယ့်အရေးကို အသိအမှတ်ပြုပေမယ့် အခြေခံ အဆောက်အအုံ စီမံကိန်းတွေ အကောင်အထည် ဖော်တဲ့ နေရာမှာ ဘဏ္ဍာရေးဆိုင်ရာ စွန့်စားရမှု စိန်ခေါ်မှုတွေလည်း ရှိနေတာကိုလည်း သတိပြုမိပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။

စီမံကိန်းကြီးတွေကို ရေရှည် ထိန်းသိမ်းရေးက စိန်ခေါ်မှုကြီး ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အနေနဲ့တော့ အခြေခံ အဆောက်အအုံတွေ အပြင် ပြည်သူတွေကြား ဆက်သွယ်ချိတ်ဆက်မှုကလည်း ရေရှည် ဖွံ့ဖြိုးမှုကို ဖြစ်စေမယ်လို့ ပြောဆိုပြီး ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွား ကဏ္ဍ၊ ယဉ်ကျေးမှု ဖလှယ်ရေး အပြင် စီးပွားရေး လုပ်ငန်းတွေ အနေနဲ့ လူမှုရေး အရရော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာပါ တာဝန်သိတဲ့ စီးပွားရေး လုပ်ငန်းများ အဖြစ် ဖော်ဆောင်ပေးခြင်းက ပြည်သူများ အချင်းချင်းကြား ဆက်သွယ်မှု ပိုရှိလာမယ်ဆိုပြီး ဆွေးနွေးသွားပါတယ်။

ဒီစကားဝိုင်း ဆွေးနွေးပွဲ အပြီး တက်ရောက်လာတဲ့ ခေါင်းဆောင်တွေ ထုတ်တဲ့ ပူးတွဲကြေညာချက်ထဲမှာတော့ တရုတ် - မြန်မာ စီးပွားရေး စင်္ကြန် ကိစ္စလည်း ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု ခရီးစဉ် အတွင်း တရုတ်- မြန်မာ စီးပွားရေး စင်္ကြန် (၂၀၁၉-၂၀၃၀) ဆိုင်ရာ နားလည်မှုစာချွန်လွှာနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ကြား စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ၅ နှစ် ဖွံ့ဖြိုးမှု အစီအစဉ် ရေးဆွဲရေး နားလည်မှု စာချွန်လွှာတို့ကိုလည်း လက်မှတ်ထိုးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG