သုံးရလွယ်ကူစေသည့် Link များ

ပိုးလမ်းမစီမံကိန်းက ဘာအကျိုးအမြတ်တွေ ရနိုင်မလဲ


ဘေဂျင်းမြို့မှာ ကျင်းပတဲ့ ခေတ်သစ် ပိုးလမ်းမ စီမံကိန်း စည်းဝေးပွဲကို တက်နေသည့် စီးပွားရေး ပညာရှင် ဦးခင်မောင်ညို။

One Belt, One Road လို့ခေါ်တဲ့ တရုတ်နိုင်ငံက ဦးဆောင် တည်ဆောက်နေတဲ့ ခေတ်သစ် ပိုးလမ်းမစီမံကိန်းကြီးမှာ ပါဝင်ခြင်းအားဖြင့် မြန်မာနိုင်ငံအနေနဲ့ တခြား နိုင်ငံတကာ အစိုးရတွေနဲ့ ငွေကြေး အဖွဲ့အစည်းတွေက မရနိုင်တဲ့ အကူအညီ၊ အထောက်ပံ့တွေ ရရှိနိုင်တယ်လို့ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ မေလ ၁၄ ရက်ကနေ ၁၅ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပတဲ့ ခေတ်သစ်ပိုးလမ်းမ စည်းဝေးပွဲကို မြန်မာအစိုးရ နိုင်ငံတကာရေးရာနဲ့ မဟာဗျူဟာဌာရဲ့ ကိုယ်စားလှယ် တဦးအဖြစ် တက်ရောက်ခဲ့တဲ့ စီးပွားရေး ပညာရှင် ဦးခင်မောင်ညိုက ပြောပါတယ်။ ခေတ်သစ် ပိုးလမ်းမစီမံကိန်း စည်းဝေးပွဲ အတွေ့အကြုံတွေအကြောင်း ဦးခင်မောင်ညိုကို ဆက်သွယ် မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG