သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တောင်အာရှ တရုတ်ရင်းနှီးမြှုပ်နှံမှု ကြီးထွား


တရုတ်- မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း။ ဓာတ်ပုံ - ရိုက်တာ။
တရုတ်- မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း။ ဓာတ်ပုံ - ရိုက်တာ။

၁၉၈၀ ခုနှစ်တွေ အတွင်း အရှေ့တောင်အာရှ ဒေသအတွင်း ဂျပန်နိုင်ငံက အကြီးမားဆုံး ရင်းနှီးမြုပ်နံှမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဲဒီနေရာကို တရုတ်နိုင်ငံက အစားထိုး ဝင်ရောက်လာခဲ့ပါတယ်။

၂၀၁၅ ခုနှစ်အတွင်း တရုတ်ကုမ္ပဏီတွေက အရှေ့တောင်အာရှဒေသမှာ တိုက်ရိုက် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု အဖြစ် အမေရိကန် ဒေါ်လာ ၁၄ ဘီလီယံခွဲကျော် ရင်းနှီး မြုပ်နှံခဲ့တာကြောင့် ဒါဟာ အရင် ၂၀၁၄ ခုနှစ်ကထက်စာရင် ၂ ဆတိုးလာတာဖြစ်သလို လွန်ခဲ့တဲ့ ဆယ်စုနှစ် ကထက် အဆပေါင်း မြောက်များစွာ တိုးလာခဲ့တာပါ။ တရုတ် ကုမ္ပဏီတွေဟာ ကုန်ထုတ်လုပ်မှု၊ မိုင်းတွင်းလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ ဘဏ္ဍာငွေကြေး စတဲ့ ကဏ္ဍအသီးသီးမှာ ရင်းနှီးမြှုပ်နှံ ကြတာလည်း ဖြစ်ပါတယ်။

ဒေါ်လာ ကုဋေပေါင်းများစွာ စုဆောင်း ထားနိုင်တဲ့ အတွက်လည်း တရုတ်နိုင်ငံဟာ နိုင်ငံခြားမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပိုင်ဆိုင်မှုတွေ အများအပြား ရှိလာနေတာကြောင့် ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ် အသွင်ပြောင်းလာနေပါပြီ။ အရှေ့တောင် အာရှဒေသ ဘက်ကို တရုတ်နိုင်ငံက အာရုံ စိုက်လာနေတာဟာ ကုန်ထုတ်လုပ်မှု အတွက် အကုန်အကျ သက်သာတဲ့ အတွက်ကြောင့် ဖြစ်တဲ့အပြင် အာရှနဲ့ ဥရောပတိုက် အကြား ကုန်သွယ်ရေး လမ်းကြောင်း ဖောက်လုပ်နေတဲ့ သမ္မတ ရှီကျင့်ပင်ရဲ့ခေတ်သစ် ပိုးလမ်းမ စီမံကိန်းကြောင့်လည်း ဖြစ်ပါတယ်။

အဲဒီ ခေတ်သစ် ပိုးလမ်းမ စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၇၉ ဘီလီယံ ထည့်ဝင်ဖို့ တရုတ်ဗဟိုဘဏ်ကို သမ္မတ ရှီကျင့်ပင်က တိုက်တွန်းလိုက်ပြီး ပြည်ပက နောက်ထပ် ဒေါ်လာ ၄၃ ဘီလီယံ ရင်းနှီးမြုပ်နှံကြဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီ ခေတ်သစ် ပိုးလမ်းမ စီမံကိန်းကြောင့် အရှေ့တောင်အာရှ အပါအဝင် စီမံကိန်းထဲမှာ ပါတဲ့ နိုင်ငံပေါင်း ၆၂ နိုင်ငံထဲကို လာမယ့် ၅ နှစ်အတွင်း ပြည်ပ ရင်းနှီးမြုပ်နှံမှု ဒေါ်လာ ၅၀၂ ဘီလီယံအထိ ရောက်လာနိုင်တယ်လို့လည်း Credit Suisse Group က ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG