သုံးရလွယ်ကူစေသည့် Link များ

ခေတ်သစ်ပိုးလမ်းမနဲ့ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍ - အပိုင်း (၂)


ခေတ်သစ် ပိုးလမ်းမ စီမံကိန်းမှာ မင်္ဂလာမြန်မာ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာ ဖုန်းဝင်း စကား ပြောကြားနေစဉ်။

တရုတ်နိုင်ငံက ဦးဆောင် တည်ဆောက်မယ့် One Belt, One Road လို့ခေါ်တဲ့ ခေတ်သစ် ပိုးလမ်းမစီမံကိန်းကြီးမှာ ပါဝင်ဖို့ မြန်မာနိုင်ငံက မူအားဖြင့် သဘောတူထားပြီး ဖြစ်ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး၊ နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေး၊ စီးပွားရေးပိုးလမ်းမ ရပ်ဝန်းတစ်ခုနှင့် (၂၁) ရာစု ရေကြောင်းဆိုင်ရာ ပိုးလမ်းမ ရပ်ဝန်းတစ်ခု စတင်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး၊ ငလျင်အလွန် ပုဂံရှိသမိုင်းဝင် အဆောက် အအုံများ ပြုပြင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး စတဲ့ နားလည်မှု စာချွန်လွှာ (၅) ခုကိုလည်း လက်မှတ်ရေးထိုးပြီး ဖြစ်ပါတယ်။ ဒီစီမံကိန်းမှာ ပါဝင်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွက် ရရှိလာမယ့် ကောင်းကျိုး ဆိုးကျိုးတွေအကြောင်း စည်းဝေးပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ မင်္ဂလာမြန်မာ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းကို ဆက်သွယ်မေးမြန်းပြီး အပိုင်း (၂) အဖြစ်နဲ့ အခုသီသတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

XS
SM
MD
LG