သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစု တရုတ်ပိုးလမ်းမမှာ မြန်မာဘယ်လိုလျှောက်မလဲ


မေ ၁၆၊ ၂၀၁၇ - တရုတ်နိုင်ငံက ခေတ်သစ်ပိုးလမ်းမကြီး ဖောက်လုပ်ပြီး၊ ကုန်သွယ်မှု လမ်းကြောင်းတွေ ချဲ့ထွင်ဖို့ ကြိုးပမ်းနေပါတယ်။ စီးပွားရေးနဲ့ ကုန်သွယ်မှု အဆက်အဆံတွေ ပိုများလာမယ့် ၂၁ ရာစု ပိုးလမ်းမလို့ တင်စားခေါ်နေကြတဲ့ One Belt, One Road ခါးပတ်လမ်းကနေ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အပေါ် သက်ရောက်မှုတွေ ဘယ်လို ရှိလာနိုင်သလဲ၊ တရုတ်နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ခါးသည်းမှုတွေ ကြုံခဲ့ရဖူးတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ ဆက်ဆံမှုတွေ တိုးမြှင့်လာတာနဲ့အမျှ ဒွန်တွဲပါလာနိုင်တဲ့ ပြဿနာတွေကို ဘယ်လိုကြိုတင် ဟန့်တားနိုင်မလဲ ဆိုတာကို ဗွီအိုအေ အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦး က ဆွေးနွေး တင်ဆက်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG