ပြီးခဲ့တဲ့လအတွင်း တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ကျင်းပတဲ့ One Belt, One Road လို့ခေါ်တဲ့ ခေတ်သစ် ပိုးလမ်းမစီမံကိန်း ညီလာခံကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သလို မြန်မာနိုင်ငံက တခြား NGO အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ တတ်သိ ပညာရှင်တချို့လည်း တက်ရောက်ခဲ့ကြတာပါ။ ဒီညီလာခံကို ကိုယ်တိုင် တက်ရောက် စကားပြောကြားခွင့် ရခဲ့တဲ့ မင်္ဂလာမြန်မာ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာ ဖုန်းဝင်းကို ဆက်သွယ်မေးမြန်းပြီး သူ့အတွေ့အကြုံတွေကို မေးမြန်းထားတဲ့ အပိုင်း (၁) ကို အခုသီသတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။