သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပိုးလမ်းမကို တန်ပြန်မယ့် အိန္ဒိယနဲ့ ဂျပန်ရဲ့ စီမံကိန်း

Belt and Road Forum မှာတွေ့ရတဲ့ တရုတ်သမ္မတ Xi Jinping ရုပ်ပုံ
Belt and Road Forum မှာတွေ့ရတဲ့ တရုတ်သမ္မတ Xi Jinping ရုပ်ပုံ

တရုတ်နိုင်ငံက ကမကထပြု အဆိုတင်သွင်းထားတဲ့ One Belt One Road ခေါ် ခါးပတ်လမ်းမကြီးစီမံကိန်းနဲ့ ယှဉ်ပြိုင်ပြီး အိန္ဒိယနဲ့ဂျပန်တို့က တန်ပြန်-မဟာဗျူဟာမြောက် စီမံကိန်းတခုလုပ်ဖို့ စီစဉ်နေပါတယ်။

အထူးသဖြင့် အာရှ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတွေအတွင်း ရင်းနှီးမြုပ်နှံမှုနဲ့ ကုန်သွယ်ရေး တိုးမြှင့်လုပ်ဆောင်ဖို့အတွက် အရေးပါတဲ့ အခြေခံအဆောက်အုံတွေတည်ဆောက်ဖို့ ဒီ တန်ပြန်-မဟာဗျူဟာမြောက်စီမံကိန်းကိုလုပ်ဖို့ စီစဉ်တာဖြစ်ပါတယ်။

မေလ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့အထေိ အာမန်ဒါဘက် မှာ ကျင်းပမယ့် အာဖရိက ဖွံ့ဖြိုးရေးဘဏ် (AfDB) ရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ အဲဒီအစီအစဉ် အကြမ်းပျင်းကို တင်ပြသွားဖို့ရှိပါတယ်။ ဂျပန်နဲ့ အိန္ဒိယ တို့ရဲ့ အစုစပ် စီးပွားရေးလုပ်ငန်းအတွက် လမ်းပြမြေပုံတခု ပြင်ဆင်လုပ်ဆောင်ဖို့ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်နဲ့ စက်မှုလုပ်ငန်း ဝန်ကြီးဌာနရဲ့ ဌာနခွဲတခုဖြစ်တဲ့ ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့အစည်း (JETRO) က လုပ်ငန်းတာဝန်ခံအဖွဲ့တခု ဖွဲ့စည်းထားပြီလို့လည်း သတင်းတွေထွက်ပေါ် နေပါတယ်။

မေလ ၁၄ ကနေ ၁၆ ရက်နေ့အထိ ရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Belt and Road Forum ခါးပတ်လမ်းမကြီး ညီလာခံကို စီမံကိန်းမှာပါဝင်တဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ အစိုးရတာဝန်ရှိသူ ၂၉ တို့ တက်ရောက်ခဲ့ကြပါတယ်။ တစ်နှစ်ကို ဒေါ်လာ ၁၅၀ ဘီလယံ ကုန်ကျမယ့် ဒီ ခါးပတ်လမ်းမကြီးစီမံကိန်းထဲကို နိုင်ငံပေါင်း ၆၈ နိုင်ငံက ပါဝင်လာနေပြီးလို့ တရုတ်နိုင်ငံက ပြောပါတယ်။

ဒါပေမယ့် အိန္ဒိယနိုင်ငံကတော့ သူတို့ရဲ့ အချုပ်အခြာအာဏာကို ပေးဆပ်ရမှာကို မလိုအလားတဲ့အတွက် ညီလာခံကိုမတက်ရောက်ခဲ့ပါဘူး။ ဒီခါးပတ်လမ်းကြီးစီမံကိန်းရဲ့ အဓိက အချက်တွေထဲကတခုဖြစ်တဲ့ Kashmir ဒေသနဲ့ ပါကစ္စစတန်နိုင်ငံ ကိုဖြတ်ကျော်ဖောက်လုပ်မယ့် အချက်ကို အိန္ဒိယနိုင်ငံက မနှစ်မြို့တာဖြစ်ပါတယ်။

တရုတ်ပိုးလမ်းမကို တန်ပြန်မယ့် အိန္ဒိယနဲ့ ဂျပန်ရဲ့ စီမံကိန်း
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG