သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စီမံကိန်းအတွက် ကြွေးမြီပြဿနာ အိန္ဒိယ သတိပေး


ဘေကျင်းမြို့မှာကျင်းပတဲ့ Belt and Road Forum – ခါးပတ်လမ်းမကြီး ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ အိန္ဒိယနိုင်ငံက ကိုယ်စားလှယ် မပို့ဆောင်ခဲ့တဲ့အပြင် တရုတ်နိုင်ငံက ကမကထပြု လုပ်ဆောင်တဲ့ ဒီကမ္ဘာလုံးဆိုင်ရာသဘောတူညီချက်မှာ ပါဝင်တဲ့နိုင်ငံတွေအနေနဲ့ စီမံခန့်ခွဲဖို့ခက်ခဲတဲ့ ကြွေးမြီ ပြဿနာ ဝန်ထုတ်ဝန်ပိုး ကိစ္စရပ်နဲ့ကြုံရနိုင်တဲ့အကြောင်းကိုပါ သတိပေးလိုက်ပါတယ်။

တရုတ်သမ္မတ ရှီကျင်းပင်ဟာ ကမ္ဘာတဝှမ်းကုန်သွယ်ရေးလမ်းကြောင်းတွေကိုဖွင့်ပေးမယ့် သူ့ရဲ့ ခါးပတ်လမ်းမကြီးစီမံကိန်းအတွက် တိုက်တွန်းလုပ်ဆောင်ချက်တရပ်အဖြစ် တနင်္ဂနွေနေ့က ဒါဇင်နဲ့ချီတဲ့ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အဆင့်မြှင့်အစိုးရတာဝန်ရှိသူတွေကို ဧည့်ခံကြိုဆိုခဲ့ပြီး၊ ဒါဟာ ဒီနှစ်အတွင်း တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး သံတမန် ဆက်ဆံရေး ဆိုင်ရာ ခင်းကျင်းပြသမှုတခုဖြစ်ပါတယ်။

ထိပ်သီးဆွေးနွေးပွဲကိုတက်ရောက်ဖို့ အိန္ဒိယနိုင်ငံ ပညာရှင်အဖွဲ့တွေ ဘေကျင်းမြို့ကို သွားရောက်နေကြပေမယ့် အိန္ဒိယအစိုးရတာဝန်ရှိသူတွေတော့ သွားရောက်ခြင်းမရှိဘူးလို့ အိန္ဒိယတာဝန်ရှိသူတွေဘက်က ပြောကြောင်း Reuters သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်မလားလို့ အိန္ဒိယနိုင်ငံခြားရေးဌာနပြောခွင့်ရ Gopal Baglay ကို မေးမြန်းတဲ့အခါမှာ- သူတို့ရဲ့ အချုပ်အခြာအာဏာကို ပေးဆပ်ရမယ့် ဒီစီမံကိန်းကို အိန္ဒိယအနေနဲ့ လက်မခံနိုင်ဘူးလို့ပြောဆိုခဲ့ပါတယ်။

ဒီခါးပတ်လမ်းကြီးစီမံကိန်းရဲ့ အဓိက အချက်တွေထဲကတခုဖြစ်တဲ့ Kashmir ဒေသနဲ့ Pakistan နိုင်ငံ ကိုဖြတ်ကျော်ဖောက်လုပ်မယ့်အချက်ကို အိန္ဒိယနိုင်ငံက မနှစ်မြို့တာဖြစ်ပါတယ်။ ဒီနျူကလီးယား လက်နက်ပြိုင်ဘက် ၂ နိုင်ငံအကြား စစ်ပွဲသုံးကြိမ်ဖြစ်ခဲ့ရာမှာ ၂ ကြိမ်ဟာ Kashmir ဒေသ နယ်မြေပိုင်ဆိုင်မှုပြသနာကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။ ဒီခါးပတ်လမ်းမကြီးကြောင့် ပါဝင်တဲ့နိုင်ငံတွေ ကြွေးမြီပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ လည်း အိန္ဒိယနိုင်ငံခြားရေးဌာနပြောခွင့်ရ Gopal Baglay က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG