သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂ်ပန္၀န္ႀကီးခ်ဳပ္သစ္ကို ပထမဦးဆံုး သြားေရာက္ေတြ႔ဆံုမည့္ ႏိုင္ငံေခါင္းေဆာင္ ၾသစေၾတးလ်၀န္ႀကီးခ်ဳပ္


ၾသစေတးလ်ဝန္ႀကီးခ်ဳပ္ Scott Morrison

(Zawgyi/Unicode)

ၾသစေတးလ်ဝန္ႀကီးခ်ဳပ္ Scott Morrison ေနာက္သီတင္းပတ္တြင္း ဂ်ပန္နိုင္ငံ Tokyo ၿမိဳ႕ကိုသြားေရာက္ၿပီး ဂ်ပန္ ဝန္ႀကီး ခ်ဳပ္ Yoshihide Suga နဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔ရွိပါတယ္။ တ႐ုတ္နိုင္ငံနဲ႔ ဆက္ဆံေရး တင္းမာေနခ်ိန္မွာ ဂ်ပန္နိုင္ငံကို အခုလို သြားေရာက္မွာ ျဖစ္ပါတယ္။

ဂ်ပန္ခရီးစဥ္နဲ႔ ပတ္သက္ၿပီး ဝန္ႀကီးခ်ဳပ္ Suga ရာထူးရယူၿပီးေနာက္ ပထမဆုံး ျပည္ပ ေခါင္းေဆာင္တစ္ဦးအျဖစ္ တရားဝင္ လည္ပတ္နိုင္မွာ ျဖစ္လို႔ ဂုဏ္ယူဝမ္းေျမာက္ရပါတယ္လို႔ ဝန္ႀကီးခ်ဳပ္ Scott Morrison ကေျပာပါတယ္။

အခုေနာက္ပိုင္းႏွစ္ေတြအတြင္း ဂ်ပန္နဲ႔ ၾသစေတးလ် ႏွစ္နိုင္ငံၾကား ဆက္ဆံေရး တစထက္တစ ပိုၿပီး ခိုင္မာအားေကာင္းလာတယ္ လို႔လည္း Morrisonကေျပာပါတယ္။

ကုန္သြယ္ေရး၊ လုံျခဳံေရးနဲ႔ ကာကြယ္ေရး ကိစၥရပ္ေတြကို ရည္ညႊန္းေျပာၾကားရင္း ေဒသတြင္း ကိစၥရပ္အေတာ္မ်ားမ်ားမွာ ဂ်ပန္နိုင္ငံ က အေရးပါတဲ့ လက္တြဲေဖာ္နိုင္ငံ ျဖစ္တယ္လို႔လည္း သူကေျပာပါတယ္။

ဂ်ပန္မီဒီယာေတြကေတာ့ ေဒသတြင္း တ႐ုတ္ရဲ့ စစ္ေရးအရ ႀကီးထြားလာေနတာကို တုန္႔ျပန္ဖို႔ ႏွစ္နိုင္ငံ ကာကြယ္ေရးစာခ်ဳပ္တရပ္ လက္မွတ္ေရးထိုးဖို႔ ျပင္ဆင္ထားတယ္လို႔ ေျပာေနၾကပါတယ္။

ေလာေလာဆယ္ အခ်ိိန္မွာ ၾသစေတးလ်နဲ႔ တ႐ုတ္ ႏွစ္နိုင္ငံအၾကား ဆက္ဆံေရး တင္းမာေနပါတယ္။ ၿပီးခဲ့တဲ့ လေတြက စတင္ၿပီး တ႐ုတ္နိုင္ငံက ၾသစေတးလ် ထြက္ကုန္ေတြအေပၚမွာသြင္းကုန္ခြန္ေတြ ပိုမိုတိုးျမႇင့္ေကာက္ခံတာေန တာပါ။

အခုခရီးစဥ္က ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါစျဖစ္ၿပီးေနာက္ပိုင္း ဝန္ႀကီးခ်ဳပ္ Scott Morrison အတြက္ ပထမဆုံး ျပည္ပခရီးစဥ္ျဖစ္ပါတယ္။

ဂ်ပန္က ျပန္လာတဲ့အခါ သီးျခားေစာင့္ၾကည္ quarantine ၁၄ ရက္ဝင္သြားမယ္လို႔ ဝန္ႀကီးခ်ဳပ္ Morrison ကေျပာပါတယ္။ သီးျခားခြဲေနတဲ့အခ်ိန္အတြင္း ဗီြဒီယိုကေနတဆင့္ ပါလီမန္ကို တက္ေရာက္သြားမွာ ျဖစ္ၿပီး ဒါဟာ ၾသစေတးလ် ထိပ္တန္း ေခါင္းေဆာင္တေယာက္အတြက္ ပထမဆုံး ဗီြဒီယိုကေန ပါလီမန္တက္ေရာက္မွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.......

ဂျပန်ဝန်ကြီးချုပ်သစ်ကို ပထမဦးဆုံး သွားရောက်တွေ့ဆုံမည့် နိုင်ငံခေါင်းဆောင် သြစတြေးလျဝန်ကြီးချုပ်

(Unicode)

သြစတေးလျဝန်ကြီးချုပ် Scott Morrison နောက်သီတင်းပတ်တွင်း ဂျပန်နိုင်ငံ Tokyo မြို့ကိုသွားရောက်ပြီး ဂျပန် ဝန်ကြီး ချုပ် Yoshihide Suga နဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး တင်းမာနေချိန်မှာ ဂျပန်နိုင်ငံကို အခုလို သွားရောက်မှာ ဖြစ်ပါတယ်။

ဂျပန်ခရီးစဉ်နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် Suga ရာထူးရယူပြီးနောက် ပထမဆုံး ပြည်ပ ခေါင်းဆောင်တစ်ဦးအဖြစ် တရားဝင် လည်ပတ်နိုင်မှာ ဖြစ်လို့ ဂုဏ်ယူဝမ်းမြောက်ရပါတယ်လို့ ဝန်ကြီးချုပ် Scott Morrison ကပြောပါတယ်။

အခုနောက်ပိုင်းနှစ်တွေအတွင်း ဂျပန်နဲ့ သြစတေးလျ နှစ်နိုင်ငံကြား ဆက်ဆံရေး တစထက်တစ ပိုပြီး ခိုင်မာအားကောင်းလာတယ် လို့လည်း Morrisonကပြောပါတယ်။

ကုန်သွယ်ရေး၊ လုံခြုံရေးနဲ့ ကာကွယ်ရေး ကိစ္စရပ်တွေကို ရည်ညွှန်းပြောကြားရင်း ဒေသတွင်း ကိစ္စရပ်အတော်များများမှာ ဂျပန်နိုင်ငံ က အရေးပါတဲ့ လက်တွဲဖော်နိုင်ငံ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ဂျပန်မီဒီယာတွေကတော့ ဒေသတွင်း တရုတ်ရဲ့ စစ်ရေးအရ ကြီးထွားလာနေတာကို တုန့်ပြန်ဖို့ နှစ်နိုင်ငံ ကာကွယ်ရေးစာချုပ်တရပ် လက်မှတ်ရေးထိုးဖို့ ပြင်ဆင်ထားတယ်လို့ ပြောနေကြပါတယ်။

လောလောဆယ် အချိန်မှာ သြစတေးလျနဲ့ တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာနေပါတယ်။ ပြီးခဲ့တဲ့ လတွေက စတင်ပြီး တရုတ်နိုင်ငံက သြစတေးလျ ထွက်ကုန်တွေအပေါ်မှာသွင်းကုန်ခွန်တွေ ပိုမိုတိုးမြှင့်ကောက်ခံတာနေ တာပါ။

အခုခရီးစဉ်က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါစဖြစ်ပြီးနောက်ပိုင်း ဝန်ကြီးချုပ် Scott Morrison အတွက် ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပါတယ်။

ဂျပန်က ပြန်လာတဲ့အခါ သီးခြားစောင့်ကြည် quarantine ၁၄ ရက်ဝင်သွားမယ်လို့ ဝန်ကြီးချုပ် Morrison ကပြောပါတယ်။ သီးခြားခွဲနေတဲ့အချိန်အတွင်း ဗွီဒီယိုကနေတဆင့် ပါလီမန်ကို တက်ရောက်သွားမှာ ဖြစ်ပြီး ဒါဟာ သြစတေးလျ ထိပ်တန်း ခေါင်းဆောင်တယောက်အတွက် ပထမဆုံး ဗွီဒီယိုကနေ ပါလီမန်တက်ရောက်မှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG