သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားဖွယ် စစ်ဗိမာန် ဂျပန်ဝန်ကြီးချုပ် ဂါရဝလက်ဆောင်ပို့


ဂျပန်ဝန်ကြီးချုပ် Yoshihide Suga. (စက်တင်ဘာ ၁၆၊ ၂၀၂၀)
ဂျပန်ဝန်ကြီးချုပ် Yoshihide Suga. (စက်တင်ဘာ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

ဒုတိယကမ္ဘာစစ်အတွင်း စစ်ရာဇဝတ်မှု ကျူးလွန်သူတွေအဖြစ် အိမ်နီးချင်းနိုင်ငံတွေက ရှုမြင်ထားတဲ့ ဂျပန်စစ်သည်တွေကို အမှတ်တရ ဂုဏ်ပြုထားရာ အငြင်းပွားဖွယ် ယာဆုခုနိ ဘုရားကျောင်းအတွက် စနေနေ့က ဂျပန်ဝန်ကြီးချုပ် Yoshihide Suga ဂါရဝပြုတဲ့ လက်ဆောင်တခု ပေးပို့လိုက်ပါတယ်။

ဝန်ကြီးချုပ် Yoshihide Suga က "masakaki" ဆိုတဲ့ သစ်ပင်တပင်ကို ဆောင်းဦးရာသီ ပွဲတော်အတွက် ဒီဘုရားကျောင်းကို ပေးပို့ လှူဒါန်းခဲ့ကြောင်း ဘုရားကျောင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ဂျပန် ထိပ်တန်းနိုင်ငံရေး ခေါင်းဆောင်တွေ ဒီဘုရားကျောင်းကို သွားရောက် ဂါရဝပြုတိုင်း အိမ်နီးချင်း တရုတ်၊ တောင်ကိုရီးယား စတဲ့နိုင်ငံတွေက ဂျပန်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်ကို အမြဲတမ်း ရှုတ်ချလေ့ရှိတာပါ။

အဲဒီ ယာဆုခုနိ ဘုရားကျောင်းမှာ စစ်အတွင်း သေဆုံးခဲ့တဲ့ ဂျပန်လူမျိုး အများစုပါတဲ့ စစ်သည် ၂ သန်းခွဲရဲ့ အမည်၊ မွေးရပ်၊ ကျဆုံးခဲ့တဲ့ နေရာတွေကို ဖော်ပြထားပြီး ၁၉ ရာစု နှောင်းပိုင်းကစလို့ ဂုဏ်ပြုထားသလို ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံတကာခုံရုံးက စစ်ရာဇဝတ်ကောင်တွေအဖြစ် သတ်မှတ်ခဲ့တဲ့ ဂျပန်စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေကိုပါ ဂုဏ်ပြုထားပါတယ်။

ဝန်ကြီးချုပ် Yoshihide Suga ဟာ ဗီယက်နမ်နဲ့ အင်ဒိုနီးရှား ၄ ရက်ကြာခရီးစဉ်ကို ဒီနေ့ တနင်္ဂနွေနေ့မှာ စတင်မှာဖြစ်ပြီး အဲဒီမတိုင်ခင် ယာဆုခုနိ ဘုရားကျောင်းကို ခုလို ဂုဏ်ပြုလက်ဆောင် ပေးပို့တာ ဖြစ်ပါတယ်။

အငြင်းပွားဖွယ် စစ်ဗိမာန် ဂျပန်ဝန်ကြီးချုပ် ဂါရဝလက်ဆောင်ပို့
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

---------------------

(Unicode)







XS
SM
MD
LG