သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟီရိုရှီးမားမြို့ အနုမြူဗုံးတိုက်ခိုက်ခံရမှု ၇၅ နှစ်ပြည့် အထိမ်းအမှတ်ကျင်းပ


ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ အနုမြူဗုံးတိုက်ခိုက်ခံရမှု ၇၅ နှစ်ပြည့် အထိမ်းအမှတ်ကျင်းပတဲ့ မြင်ကွင်း။ (သြဂုတ် ၀၆၊ ၂၀၂၀)
ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ အနုမြူဗုံးတိုက်ခိုက်ခံရမှု ၇၅ နှစ်ပြည့် အထိမ်းအမှတ်ကျင်းပတဲ့ မြင်ကွင်း။ (သြဂုတ် ၀၆၊ ၂၀၂၀)

[Zawgyi/Unicode]

ဒီနေ့ သြဂုတ်လ ၆ ရက်နေ့ဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို အမေရိကန်က အနုမြူဗုံးနဲ့ တိုက်ခိုက်ခဲ့တဲ့ ၇၅ နှစ် ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်နေ့ဖြစ်ပြီး အဲဒီ အနုမြူဗုံးဒဏ်အတွင်း အသက်မသေဘဲ ကျန်ရစ်ခဲ့တဲ့သူတွေဟာ ဟီရိုရှီးမားမြို့မှာက ငြိမ်းချမ်းရေးအထိမ်းအမှတ်ပန်းခြံမှာ ဒီနေ့စုဝေးခဲ့ကြပါတယ်။

ဒီအခမ်းအနားကို တက်ရောက်လာကြသူ အနည်းငယ်ဟာ အနုမြူဗုံးကျခဲ့တဲ့ မနက် ၈ နာရီ ၁၅ မိနစ်မှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ်နဲ့ ငြိမ်သက်ဂုဏ်ပြုခဲ့ကြပါတယ်။ အမေရိကန်စစ်လေယာဉ် Enola Gay ကနေ ချခဲ့တဲ့ အနုမြူဗုံးဟာ ကမ္ဘာပေါ်မှာ ပထမဆုံး အသုံးပြုတဲ့ အနုမြူဗုံးဖြစ်ပြီး ဒီဗုံးကြောင့် လူ ၁၄၀,၀၀၀ သေဆုံးခဲ့သလို ဟီရိုရှီးမားတမြို့လုံးနီးပါးလည်း ပျက်စီးခဲ့တာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် အခုနှစ် သမိုင်းဝင်နှစ်ပတ်လည် အခမ်းအနားကိုတော့ အရင်နှစ်တွေလို မဟုတ်ဘဲ Hibakusha လို့ခေါ်တဲ့ ဒီဗုံးကြဲ တိုက်ခိုက်မှုအတွင်း အသက်မသေဘဲ ကျန်ရစ်ခဲ့တဲ့သူတွေ၊ သူတို့ရဲ့မိသားစုဝင်တွေနဲ့ တခြား ဧည့်သည်တော်ကိုယ်စားလှယ် အနည်းငယ်ပဲ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ အနုမြူဗုံးတိုက်ခိုက်ခံရမှု ၇၅ နှစ်ပြည့် အထိမ်းအမှတ်ကျင်းပတဲ့ မြင်ကွင်း။ (သြဂုတ် ၀၆၊ ၂၀၂၀)
ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ အနုမြူဗုံးတိုက်ခိုက်ခံရမှု ၇၅ နှစ်ပြည့် အထိမ်းအမှတ်ကျင်းပတဲ့ မြင်ကွင်း။ (သြဂုတ် ၀၆၊ ၂၀၂၀)

ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ နှစ်စဉ်ပြောနေကျမိန့်ခွန်းထဲမှာ ဂျပန်နိုင်ငံအနေနဲ့ နျူကလီးယားကင်းစင်တဲ့ ကမ္ဘာကြီးဖြစ်လာဖို့အတွက် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ကမ္ဘာ့ နျူကလီးယား အင်အားကြီးနိုင်ငံတွေကြားမှာ သဘောတူညီချက်ရဖို့အတွက် အခြေခံ ဘုံသဘောတူညီမှုရအောင် ပေါင်းကူးပေးသွားမယ်လို့ ပြောလိုက်ပါတယ်။

ဒါပေမဲ့ ဂျပန်နိုင်ငံအနေနဲ့ ၂၀၁၇ ခုနှစ်က လက်မှတ်ထိုးထားတဲ့ နျူကလီးယား လက်နက်ဖျက်သိမ်းရေး ကုလသမဂ္ဂသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီး သဘောတူအတည်ပြုဖို့ ဟီရိုရှီးမားမြို့တော်ဝန် Kazumi Matsui က တောင်းဆိုလိုက်ပါတယ်။

ဂျပန်နိုင်ငံက ဒီသဘောတူညီချက်ကို လက်မှတ်မထိုးသေးတဲ့အပေါ်မှာ အနုမြူဗုံးဒဏ်ကနေ အသက်မသေ ကျန်ရစ်သူတွေက စိတ်ပျက်နေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG