[Zawgyi/Unicode]
ကိုးရီးယားကၽြန္းဆြယ္မွာ ၁၉၁၀ နဲ႔ ၁၉၄၅ ခုႏွစ္ၾကား က်ဴးေက်ာ္သိမ္းပိုက္ခဲ့တဲ့ ဂ်ပန္တို႔ရဲ ႔ အတင္းအၾကပ္ လုပ္အားခိုင္းေစခံခဲ့ရသူ ေတာင္ကိုရီးယားလူမ်ိဳး ေလး ဦးကို ေလ်ာ္ေၾကးေပးႏုိင္ေရး ဂ်ပန္ကုမၸဏီရဲ ႔ပိုင္ဆုိင္မႈေတြကို ထိန္းခ်ဳပ္ထားဖို႔ ေတာင္ကိုရီးယားအျမင့္ဆုံးတရား႐ုံးရဲ ႔ဆုံးျဖတ္ခ်က္ကို အယူခံ၀င္မယ္လို႔ ဂ်ပန္ႏုိင္ငံ Nippon Steel ကုမၸဏီကေျပာပါတယ္။
ဒုတိယကမၻာစစ္အတြင္း ဂ်ပန္စက္႐ုံေတြမွာ အလုပ္ခိုင္းခံခဲ့ရတဲ့ ေတာင္ကိုရီးယားလူမ်ိဳး ေလးဦးကို ေဒၚလာ ၃၈,၀၀၀ ေလ်ာ္ေၾကးေပးဖို႔ ေတာင္ကိုရီးယားတရား႐ုံးက ၂၀၁၈ ခုႏွစ္မွာ ဆုံးျဖတ္ထားတာျဖစ္ပါတယ္။ ခုတရားရုံးဆုံးျဖတ္ခ်က္မွာ ဂ်ပန္ Nippon Steel & Sumitomo Metal န႔ဲ ေတာင္ကိုရီးယား စတီးထုတ္လုပ္ေရး POSCO ကုမၸဏီပူးတြဲပိုင္ အစုရွယ္ယာေပါင္း ၈၀,၀၀၀ ေက်ာ္ကုိ ထိန္းခ်ဳပ္ထားဖို႔ အမိန္႔ခ်မွတ္ထားတာျဖစ္ပါတယ္။ အဲဒီဆုံးျဖတ္ခ်က္အေပၚ ဂ်ပန္ႏုိင္ငံက စိတ္ဆုိးေဒါသထြက္ေနၿပီး အတင္းအၾကပ္အလုပ္ခုိင္းေစခံခဲ့ရတဲ့ အဲဒီအလုပ္သမားေတြကို ေလ်ာ္ေၾကးေပးဖို႔ ၁၉၆၄ ခုႏွစ္ ႏွစ္နုိင္ငံ သေဘာတူညီမႈစာခ်ဳပ္နဲ႔ ေျဖရွင္းခဲ့ၿပီးၿပီလို႔ ေျပာပါတယ္။
ႏွစ္ႏုိင္ငံဆက္ဆံေရးေျပလည္ေစခဲ့တဲ့ အဲဒီစာခ်ဳပ္ပါသေဘာတူညီခ်က္ထဲမွာေတာ့ ဂ်ပန္ဘက္က စစ္ေလ်ာ္ေၾကးေငြအျဖစ္ ေဒၚလာ သန္း ၈၀၀ တန္ဖိုးရွိတဲ့ စီးပြါးေရးအကူအညီေတြနဲ႔ ေခ်းေငြေတြကို ေတာင္ကိုရီးယားကို ေပးအပ္ဖို႔ သေဘာတူညီခဲ့ၾကတာပါ။
တရား႐ုံးဆုံးျဖတ္ခ်က္ေၾကာင့္ ဂ်ပန္၀န္ႀကီးခ်ဳပ္ရွင္ဇိုအာေဘးက ေတာင္ကိုရီးယားႏုိင္ငံကို ကုန္သြယ္ေရးဦးစားေပးႏုိင္ငံစာရင္းက ပယ္ဖ်က္လိုက္သလို ေတာင္ကိုရီးယားကလည္း အလားတူ တံု႔ျပန္ေဆာင္ရြက္ခဲ့ပါတယ္။ ဂ်ပန္ရဲ ႔ ၃၅ နွစ္ၾကာ က်ဴးေက်ာ္သိမ္းပိုက္မႈေတြမွာ ေတာင္ကိုရီးယားအမ်ိဳးသမီးေတြကို လိ္င္ကၽြန္အျဖစ္ အတင္းအၾကပ္ခိုင္းေစခဲ့တဲ့ လုပ္ရပ္ အပါအ၀င္ အျခားရက္စက္ၾကမ္းၾကဳတ္မႈ ေပါင္းစုံေၾကာင့္ ဂ်ပန္အေပၚ ေတာင္ကိုရီးယားႏုိင္သားေတြ မေက်မနပ္ျဖစ္ေနတာလည္း ျဖစ္ပါတယ္။
[Unicode Version]
ကုမ္ပဏီပိုင်ဆိုင်မှု ထိန်းချုပ်ထားမှု Nippon Steel အယူခံဝင်မည်
ကိုးရီးယားကျွန်းဆွယ်မှာ ၁၉၁၀ နဲ့ ၁၉၄၅ ခုနှစ်ကြား ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ ဂျပန်တို့ရဲ့ အတင်းအကြပ် လုပ်အားခိုင်းစေခံခဲ့ရသူ တောင်ကိုရီးယားလူမျိုး လေး ဦးကို လျော်ကြေးပေးနိုင်ရေး ဂျပန်ကုမ္ပဏီရဲ့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားဖို့ တောင်ကိုရီးယားအမြင့်ဆုံးတရားရုံးရဲ့ဆုံးဖြတ်ချက်ကို အယူခံဝင်မယ်လို့ ဂျပန်နိုင်ငံ Nippon Steel ကုမ္ပဏီကပြောပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စက်ရုံတွေမှာ အလုပ်ခိုင်းခံခဲ့ရတဲ့ တောင်ကိုရီးယားလူမျိုး လေးဦးကို ဒေါ်လာ ၃၈,၀၀၀ လျော်ကြေးပေးဖို့ တောင်ကိုရီးယားတရားရုံးက ၂၀၁၈ ခုနှစ်မှာ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ ခုတရားရုံးဆုံးဖြတ်ချက်မှာ ဂျပန် Nippon Steel & Sumitomo Metal နဲ့တောင်ကိုရီးယား စတီးထုတ်လုပ်ရေး POSCO ကုမ္ပဏီပူးတွဲပိုင် အစုရှယ်ယာပေါင်း ၈၀,၀၀၀ ကျော်ကို ထိန်းချုပ်ထားဖို့ အမိန့်ချမှတ်ထားတာဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်အပေါ် ဂျပန်နိုင်ငံက စိတ်ဆိုးဒေါသထွက်နေပြီး အတင်းအကြပ်အလုပ်ခိုင်းစေခံခဲ့ရတဲ့ အဲဒီအလုပ်သမားတွေကို လျော်ကြေးပေးဖို့ ၁၉၆၄ ခုနှစ် နှစ်နိုင်ငံ သဘောတူညီမှုစာချုပ်နဲ့ ဖြေရှင်းခဲ့ပြီးပြီလို့ ပြောပါတယ်။
နှစ်နိုင်ငံဆက်ဆံရေးပြေလည်စေခဲ့တဲ့ အဲဒီစာချုပ်ပါသဘောတူညီချက်ထဲမှာတော့ ဂျပန်ဘက်က စစ်လျော်ကြေးငွေအဖြစ် ဒေါ်လာ သန်း ၈၀၀ တန်ဖိုးရှိတဲ့ စီးပွါးရေးအကူအညီတွေနဲ့ ချေးငွေတွေကို တောင်ကိုရီးယားကို ပေးအပ်ဖို့ သဘောတူညီခဲ့ကြတာပါ။
တရားရုံးဆုံးဖြတ်ချက်ကြောင့် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက တောင်ကိုရီးယားနိုင်ငံကို ကုန်သွယ်ရေးဦးစားပေးနိုင်ငံစာရင်းက ပယ်ဖျက်လိုက်သလို တောင်ကိုရီးယားကလည်း အလားတူ တုံ့ပြန်ဆောင်ရွက်ခဲ့ပါတယ်။ ဂျပန်ရဲ့ ၃၅ နှစ်ကြာ ကျူးကျော်သိမ်းပိုက်မှုတွေမှာ တောင်ကိုရီးယားအမျိုးသမီးတွေကို လိင်ကျွန်အဖြစ် အတင်းအကြပ်ခိုင်းစေခဲ့တဲ့ လုပ်ရပ် အပါအဝင် အခြားရက်စက်ကြမ်းကြုတ်မှု ပေါင်းစုံကြောင့် ဂျပန်အပေါ် တောင်ကိုရီးယားနိုင်သားတွေ မကျေမနပ်ဖြစ်နေတာလည်း ဖြစ်ပါတယ်။