သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂ်ပန္၀န္ႀကီးခ်ဳပ္ အင္ဒို-ပစိဖိတ္ကန္တပ္မွဴးႀကီးနဲ႔ ေတြ႔ဆံု


အင္ဒို-ပစိဖိတ္ေဒသဆိုင္ရာ အေမရိကန္ စစ္ဌာနခ်ဳပ္ တပ္မႉးႀကီး Phil Davidson နဲ႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Yoshihide Suga

(Zawgyi/Unicode)

ဂ်ပန္ဝန္ႀကီးခ်ဳပ္ Yoshihide Suga က အင္ဒို-ပစိဖိတ္ေဒသဆိုင္ရာ အေမရိကန္ စစ္ဌာနခ်ဳပ္ တပ္မႉးႀကီး Phil Davidson နဲ႔ တိုက်ိဳ ၿမိဳ႕မွာ ေတြ႕ဆုံၿပီးတဲ့ေနာက္ သူ႔ရဲ့ ေဒသတြင္း နိုင္ငံရပ္ျခား ခရီးစဥ္ကို ၾကာသပေတးေန႔မွာ အဆုံးသတ္လိုက္ပါတယ္။

အဲဒီေတြ႕ဆုံပြဲမွာ ဝန္ႀကီးခ်ဳပ္ Suga နဲ႔တပ္မႉးႀကီး Davidson တို႔ႏွစ္ဦးစလုံးက ေဒသတြင္း ၿငိမ္းခ်မ္းမႈနဲ႔လုံျခဳံမႈ ထိန္းသိမ္းေရးမွာလက္တြဲ ေဖာ္ေတြ အျဖစ္ ပူးေပါင္း ေဆာင္ရြက္နိုင္မႈအေပၚ အျပန္အလွန္ ခ်ီးက်ဴးစကား ေျပာခဲ့ၾကပါတယ္။

အေမရိကန္တို႔ရဲ့ အင္ဒို-ပစိဖိတ္ စစ္ဌာနခ်ဳပ္ဟာ ပထဝီ ဧရိယာအရ ကမၻာတစ္ဝွမ္းက အေမရိကန္ စစ္ဌာနခ်ဳပ္ ၆ ခုထဲ အႀကီးဆုံး ျဖစ္ပါတယ္။ အဲဒီ စစ္ဌာနခ်ဳပ္က ေဒသတြင္း လုံျခဳံေရးနဲ႔ အေမရိကန္ အက်ိဳးစီးပြားေတြကို ကာကြယ္ဖို႔ အေမရိကန္ တပ္ေပါင္းစုံကို ကြပ္ကဲ ႀကီးၾကပ္သလို ေဒသတြင္းက မဟာမိတ္ေတြနဲ႔လည္း ညႇိႏွိုင္းေဆာင္ရြက္မႈေတြ လုပ္ေဆာင္ပါတယ္။

ဝန္ႀကီးခ်ဳပ္ Suga က ေဒသတြင္း ဗီယက္နမ္နဲ႔ အင္ဒိုနီးရွားနိုင္ငံေတြက ေခါင္းေဆာင္ေတြနဲ႔ ဒီသီတင္းပတ္အထဲ သြားေရာက္ေတြ႕ဆုံ ေဆြးေႏြး အၿပီးမွာ အခုလို အေမရိကန္တပ္မႉးႀကီးနဲ႔ ေတြ႕ဆုံခဲ့တာ ျဖစ္ပါတယ္။ေဆြးေႏြးပြဲေတြမွာ တ႐ုတ္နိုင္ငံရဲ့ ေဒသတြင္ စစ္အင္အား တိုးခ်ဲ႕မႈကိုတန္ျပန္ေရးေဒသတြင္း ကာကြယ္ေရးဆိုင္ရာပူးေပါင္းေဆာင္ရြက္ ေရးကို အဓိက ေဆြးေႏြးခဲ့တာပါ။

ဗီယက္နမ္နဲ႔ အင္ဒိုနီးရွား ၂ နိုင္ငံစလုံးကို ဂ်ပန္ ကာကြယ္ေရး ပစၥည္းေတြနဲ႔ နည္းပညာ လႊဲေျပာင္းေပးဖို႔ သေဘာတူညီခ်က္ေတြကို ဝန္ႀကီးခ်ဳပ္ Suga က ရယူခဲ့တာ ျဖစ္ပါတယ္။

ဒီ ခရီးစဥ္ဟာ ၿပီးခဲ့တဲ့လက က်န္းမာေရးေၾကာင့္ အနားယူသြားတဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း Shinzo Abe ေနရာမွာ လႊဲေျပာင္း တာဝန္ယူၿပီးခဲ့တဲ့ ေနာက္ပိုင္း ဂ်ပန္ ဝန္ႀကီးခ်ဳပ္သစ္ Yoshihide Suga ရဲ့ ပထမဆုံး နိုင္ငံျခားရပ္ျခား ခရီးစဥ္ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

(Unicode)

ဂျပန်ဝန်ကြီးချုပ် Yoshihide Suga က အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် စစ်ဌာနချုပ် တပ်မှူးကြီး Phil Davidson နဲ့ တိုကျို မြို့မှာ တွေ့ဆုံပြီးတဲ့နောက် သူ့ရဲ့ ဒေသတွင်း နိုင်ငံရပ်ခြား ခရီးစဉ်ကို ကြာသပတေးနေ့မှာ အဆုံးသတ်လိုက်ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ဝန်ကြီးချုပ် Suga နဲ့တပ်မှူးကြီး Davidson တို့နှစ်ဦးစလုံးက ဒေသတွင်း ငြိမ်းချမ်းမှုနဲ့လုံခြုံမှု ထိန်းသိမ်းရေးမှာလက်တွဲ ဖော်တွေ အဖြစ် ပူးပေါင်း ဆောင်ရွက်နိုင်မှုအပေါ် အပြန်အလှန် ချီးကျူးစကား ပြောခဲ့ကြပါတယ်။

အမေရိကန်တို့ရဲ့ အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်ဟာ ပထဝီ ဧရိယာအရ ကမ္ဘာတစ်ဝှမ်းက အမေရိကန် စစ်ဌာနချုပ် ၆ ခုထဲ အကြီးဆုံး ဖြစ်ပါတယ်။ အဲဒီ စစ်ဌာနချုပ်က ဒေသတွင်း လုံခြုံရေးနဲ့ အမေရိကန် အကျိုးစီးပွားတွေကို ကာကွယ်ဖို့ အမေရိကန် တပ်ပေါင်းစုံကို ကွပ်ကဲ ကြီးကြပ်သလို ဒေသတွင်းက မဟာမိတ်တွေနဲ့လည်း ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ပါတယ်။

ဝန်ကြီးချုပ် Suga က ဒေသတွင်း ဗီယက်နမ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဒီသီတင်းပတ်အထဲ သွားရောက်တွေ့ဆုံ ဆွေးနွေး အပြီးမှာ အခုလို အမေရိကန်တပ်မှူးကြီးနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲတွေမှာ တရုတ်နိုင်ငံရဲ့ ဒေသတွင် စစ်အင်အား တိုးချဲ့မှုကိုတန်ပြန်ရေးဒေသတွင်း ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးကို အဓိက ဆွေးနွေးခဲ့တာပါ။

ဗီယက်နမ်နဲ့ အင်ဒိုနီးရှား ၂ နိုင်ငံစလုံးကို ဂျပန် ကာကွယ်ရေး ပစ္စည်းတွေနဲ့ နည်းပညာ လွှဲပြောင်းပေးဖို့ သဘောတူညီချက်တွေကို ဝန်ကြီးချုပ် Suga က ရယူခဲ့တာ ဖြစ်ပါတယ်။

ဒီ ခရီးစဉ်ဟာ ပြီးခဲ့တဲ့လက ကျန်းမာရေးကြောင့် အနားယူသွားတဲ့ ဝန်ကြီးချုပ်ဟောင်း Shinzo Abe နေရာမှာ လွှဲပြောင်း တာဝန်ယူပြီးခဲ့တဲ့ နောက်ပိုင်း ဂျပန် ဝန်ကြီးချုပ်သစ် Yoshihide Suga ရဲ့ ပထမဆုံး နိုင်ငံခြားရပ်ခြား ခရီးစဉ် ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG