သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၾသစေၾတးလ် ဂ်ပန္ ကာကြယ္ေရးပူးေပါင္းေဆာင္ရြက္မႈ အရွိန္ျမွင္႔ 


ၾသစေတးလ် ၀န္ႀကီးခ်ဳပ္ Morrison ႏွင့္ ဂ်ပန္၀န္ႀကီးခ်ပ္ Suga

(Zawgyi/Unicode)

ၾသစေၾတးလ်နဲ႔ ဂ်ပန္ၾကား ကာကြယ္ေရး သေဘာတူညီခ်က္ ရၿပီးေနာက္ ႏွစ္ႏုိင္ငံ ဆက္ဆံေရးက သိသိသာသာ ေျပာင္းလဲ တိုးတက္လာေၾကာင္း ၾသစေၾတးလ် ၀န္ႀကီးခ်ဳပ္ Scott Morrison က အဂၤါေန႔မွာ ေျပာဆိုလုိက္ပါတယ္။ အေမရိကန္မွာ ေခါင္းေဆာင္ပိုင္း အေျပာင္းအလဲ၊ ေနာက္ ေဒသတြင္းမွာ တရုတ္က ၾသဇာခ်ဲ႕လာခ်ိန္မွာ အေမရိကန္ရဲ႕ မဟာမိတ္ ႏွစ္ႏုိင္ငံ ျဖစ္တဲ႔ ဂ်ပန္နဲ႔ ၾသစေၾတးလ်ၾကား အျပန္အလွန္ လည္ပတ္ခြင့္ သေဘာတူညီခ်က္ -Reciprocal Access Agreement (RAA) ကာကြယ္ေရးဆိုင္ရာ သေဘာတူညီခ်က္ေၾကာင္႔ကာကြယ္ေရး ပူးေပါင္းေဆာင္ရြက္မႈ ပိုၿပီး ခိုင္မာအားေကာင္းလာေစတာပါ။ ဒီသေဘာတူညီခ်က္ေၾကာင့္ ႏွစ္ႏုိင္ငံ တပ္ဖြဲ႔ေတြ အျပန္အလွန္ ၀င္ေရာက္ခြင့္ရၿပီး ေလ႔က်င့္မႈနဲ႔ ပူးတြဲ စစ္ဆင္ေရးေတြ လုပ္ေဆာင္ႏုိင္မွာ ျဖစ္ပါတယ္။

ေဒသတြင္း ပူးေပါင္းေဆာင္ရြက္မႈ မ်ိဳးစံု တိုးခ်ဲ႔ဖို႔ ေမွ်ာ္မွန္းထားေၾကာင္း၊ ေနာက္ အေမရိကန္၊ အိႏၵိယတို႔နဲ႔ အတူ လုပ္ခဲ႔တဲ႔ Malabar စစ္ေရး ေလ႔က်င့္မႈ လုပ္ခဲ႔ေၾကာင္း၊ အလားတူ ပူးေပါင္းေဆာင္ရြက္မႈေတြ ထပ္လုပ္ႏုိင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ၾသစေတးလ် ၀န္ႀကီးခ်ဳပ္ Morrison ေျပာခဲ႔တာပါ။

၁၉၆၀ မွာ အေမရိကန္ ဂ်ပန္ လံုၿခံဳေရး သေဘာတူညီခ်က္ အရ အေမရိကန္ တပ္ဖြဲ႔ေတြ ဂ်ပန္ေျမမွာ ၀င္ေရာက္ခြင့္ ျပဳခဲ႔ၿပီးေနာက္ပိုင္း ႏုိင္ငံျခား တပ္ဖြဲ႔ေတြကို ဂ်ပန္ေျမမွာ လက္ခံမယ့္ ပထမဆံုး သေဘာတူညီခ်က္ပါ။ ဒီသေဘာတူညီခ်က္ အတြက္ ၾသစေတးလ်နဲ႔ ဂ်ပန္တို႔ ၆ ႏွစ္ၾကာ ညွိႏိႈင္းခဲ႔ၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

သြစတြေးလျ ဂျပန် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်

(Unicode)
သြစတြေးလျနဲ့ ဂျပန်ကြား ကာကွယ်ရေး သဘောတူညီချက် ရပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးက သိသိသာသာ ပြောင်းလဲ တိုးတက်လာကြောင်း သြစတြေးလျ ဝန်ကြီးချုပ် Scott Morrison က အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။ အမေရိကန်မှာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ၊ နောက် ဒေသတွင်းမှာ တရုတ်က သြဇာချဲ့လာချိန်မှာ အမေရိကန်ရဲ့ မဟာမိတ် နှစ်နိုင်ငံ ဖြစ်တဲ့ ဂျပန်နဲ့ သြစတြေးလျကြား အပြန်အလှန် လည်ပတ်ခွင့် သဘောတူညီချက် -Reciprocal Access Agreement (RAA) ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ကြောင့်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုပြီး ခိုင်မာအားကောင်းလာစေတာပါ။ ဒီသဘောတူညီချက်ကြောင့် နှစ်နိုင်ငံ တပ်ဖွဲ့တွေ အပြန်အလှန် ဝင်ရောက်ခွင့်ရပြီး လေ့ကျင့်မှုနဲ့ ပူးတွဲ စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မျိုးစုံ တိုးချဲ့ဖို့ မျှော်မှန်းထားကြောင်း၊ နောက် အမေရိကန်၊ အိန္ဒိယတို့နဲ့ အတူ လုပ်ခဲ့တဲ့ Malabar စစ်ရေး လေ့ကျင့်မှု လုပ်ခဲ့ကြောင်း၊ အလားတူ ပူးပေါင်းဆောင်ရွက်မှုတွေ ထပ်လုပ်နိုင်ဖို့ မျှော်လင့်ကြောင်း သြစတေးလျ ဝန်ကြီးချုပ် Morrison ပြောခဲ့တာပါ။

၁၉၆၀ မှာ အမေရိကန် ဂျပန် လုံခြုံရေး သဘောတူညီချက် အရ အမေရိကန် တပ်ဖွဲ့တွေ ဂျပန်မြေမှာ ဝင်ရောက်ခွင့် ပြုခဲ့ပြီးနောက်ပိုင်း နိုင်ငံခြား တပ်ဖွဲ့တွေကို ဂျပန်မြေမှာ လက်ခံမယ့် ပထမဆုံး သဘောတူညီချက်ပါ။ ဒီသဘောတူညီချက် အတွက် သြစတေးလျနဲ့ ဂျပန်တို့ ၆ နှစ်ကြာ ညှိနှိုင်းခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG