သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂ်ပန္မွာ ကိုဗစ္ကူးသူေတြထဲ ျမန္မာေတြလည္း ပါလာ


ဂ်ပန္ႏိုင္ငံ တိုဂ်ိဳၿမိဳ႕မွာ ေတြ႔ရတဲ့ ျမင္ကြင္း။ (ႏိုဝင္ဘာ ၁၉၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တိုးေနတဲ့ ဂ်ပန္ႏိုင္ငံမွာ ျမန္မာႏိုင္ငံသားတခ်ိဳ႕လည္း ေရာဂါကူးစက္ခံရတဲ့အထဲ ပါဝင္လာတဲ့အေၾကာင္း ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက တင္ဆက္ေပးမွာပါ။

ေန႔စဥ္ကပ္ေရာဂါကူးစက္ခံရသူ ၂,၀၀၀ ဝန္းက်င္ရွိေနတဲ့ ဂ်ပန္ႏိုင္ငံမွာ ျမန္မာအမ်ားစုေနထိုင္တဲ့ တိုက်ိဳၿမိဳ႕ေတာ္က ရပ္ကြက္တခ်ိဳ႕မွာလည္း ေရာဂါကူးစက္မႈေတြ ႀကဳံေနရတာပါ။ ေရာဂါကူးစက္မႈေတြ တိုးလာရာက လူအမ်ားနဲ႔ ထိေတြ႕ဆက္ဆံရတဲ့ လုပ္ငန္းေတြမွာ အလုပ္လုပ္ေနၾကတဲ့ ျမန္မာႏိုင္ငံသားတခ်ိဳ႕ပါ ေရာဂါကူးစက္ခံၾကရတာလို႔လည္း ျပည္ေထာင္စု ျမန္မာႏိုင္ငံသားမ်ားအသင္း (ဂ်ပန္) က အလုပ္အမႈေဆာင္အဖြဲ႕ဝင္ ဦးသန္းေဆြက VOA ကို ေျပာပါတယ္။

"တိုက်ိဳၿမိဳ႕ေပၚမွာ ကူးစက္တဲ့ႏႈန္းက အရမ္းမ်ားလာတဲ့အခါက်ေတာ့ ဒီမွာရွိေနတဲ့ ျမန္မာရယ္၊ ႏိုင္ငံျခားသားရယ္လို႔ေတာ့ မဟုတ္ပါဘူး။ အကုန္လုံးကူးခံရတဲ့ လူဦးေရမ်ားတဲ့အထဲမွာ ျမန္မာေတြလည္း ပါလာတာပါ။ အရင္တုန္းကဆိုရင္ေတာ့ ဒီလိုျဖစ္တဲ့ထဲမွာ ျမန္မာႏိုင္ငံသားေတြပါတယ္ဆိုတဲ့အသံ မၾကားရေပမဲ့ အခုက်ေတာ့ ျမန္မာေတြ အမ်ားဆုံးေနထိုင္တဲ့ ၿမိဳ႕ထဲမွာတင္ ေတြ႕တဲ့ျမန္မာေတြေတာ္ေတာ္မ်ားလာတယ္။ ေနာက္တခုက ျမန္မာေတြနဲ႔ ပတ္သက္တဲ့ ဆက္စပ္ေနတဲ့ စားေသာက္ဆိုင္ေတြ၊ အေရာင္းဆိုင္ေတြ၊ အဲဒီမွာလည္း ျမန္မာေတြ ဝင္ထြက္သြားလာတာ ရွိေနေတာ့ ျမန္မာေတြၾကားထဲမွာ ျဖစ္တယ္ဆိုတဲ့အသံ ၾကားရတာေပါ့ေလ။ အားလုံးကေတာ့ ေဆးစစ္လိုက္လို႔ ကိုယ့္မွာ Positive ျဖစ္တယ္ဆိုရင္ေတာ့ ဂ်ပန္ႏိုင္ငံက ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းအတိုင္းေပါ့ေလ... ကိုယ့္ဘာသာ အိမ္မွာပဲ Quarantine ေနရတယ္။ လိုအပ္တယ္ဆိုရင္ ေဆး႐ုံက လာေခၚတယ္ေပါ့ေလ။ ဒီလိုမ်ိဳး စနစ္တက်ကုသမႈကေတာ့ ဂ်ပန္မွာ ရွိေနပါတယ္။"

ေရာဂါကူးစက္ခံရသူ ၁၃၀,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၂,၀၀၀ ဝန္းက်င္ရွိေနတဲ့ ဂ်ပန္ႏိုင္ငံမွာ ကပ္ေရာဂါျဖစ္ပြားမႈ တိုးလာတဲ့အေပၚ ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ စားေသာက္ဆိုင္လုပ္ငန္းတခ်ိဳ႕ကိုလည္း အလုပ္ခ်ိန္ကန႔္သတ္လိုက္ၿပီး လူႀကိဳက္မ်ားတဲ့ ေဒသတြင္း ခရီးစဥ္ေတြကိုလည္း ယာယီဖ်က္သိမ္းထားပါတယ္။ ဂ်ပန္ေရာက္ ျမန္မာႏိုင္ငံသား အခ်င္းခ်င္းၾကားမွာေတာ့ ကပ္ေရာဂါကူးစက္မႈကို ကာကြယ္ႏိုင္ဖို႔အတြက္ လူမႈကြန္ရက္ေတြကေနတဆင့္ သတိေပးတာမ်ိဳးေတြ ေဆာင္႐ြက္ေနတယ္လို႔ ဦးသန္းေဆြက ေျပာပါတယ္။

"ဒီေန႔ကစၿပီးေတာ့ တိုက်ိဳဧရိယာမွာ ရွိတဲ့ စီးပြားေရးလုပ္ငန္းေတြေပါ့။ ဆိုင္ေတြဘာေတြဆိုရင္ အရင္တုန္းကဆိုရင္ ၂၄ နာရီေပါ့ အကန႔္အသတ္မရွိ ႀကိဳက္တဲ့အခ်ိန္အထိ ဖြင့္လို႔ရေပမဲ့ ဒီေန႔ကစၿပီးေတာ့ ည ၈နာရီအထိပဲ ဆိုင္ေတြဖြင့္ရေတာ့မယ္။ အဲဒီေနာက္ပိုင္း ဆိုင္ေတြပိတ္ဖို႔ကို တိုက်ိဳအစိုးရကေနၿပီးေတာ့ ေမတၱာရပ္ခံထားတာရွိသလို၊ က်ေနာ္တို႔ျမန္မာေတြအားလုံး လုပ္ကိုင္ေနတဲ့ လုပ္ငန္းေတြမွာလည္း အကုန္လံုး ဥပေဒေတြက... ဒီစည္းကမ္းေတြက အက်ိဳးသက္ေရာက္မႈ ရွိလာတာေပါ့ေလ။ က်ေနာ္တို႔ျမန္မာေတြကိုယ္တိုင္ကလည္း အားလုံးပူးေပါင္းကူညီၿပီးေတာ့ လူမ်ားတဲ့ေနရာကို မသြားဘဲ တတ္ႏိုင္သမွ် ကိုယ့္အိမ္မွာပဲ ေနၾကတယ္ေပါ့ေလ။ ကိုယ့္အခ်င္းခ်င္းၾကားထဲမာေတာ့ တေနရာရာမွာ သတင္းအခ်က္အလက္ၾကားတယ္ဆိုရင္ ျမန္မာေတြစုထားတဲ့ Facebook စာမ်က္ႏွာကေနၿပီးေတာ့ သတင္းေတြျပန္မွ်တဲ့အခါက်ေတာ့ အားလုံးထိန္းထိန္းသိမ္းသိမ္းေနၾကတာ မ်ားပါတယ္။"

ေရာဂါကူးစက္ခံရသူ အမ်ားစုရွိေနတဲ့ တိုက်ိဳၿမိဳ႕မွာေတာ့ လူစုလူေဝးေလွ်ာ့ခ်ႏိုင္ဖို႔ အျပင္ထြက္သြားလာစားေသာက္တာကို ၅ ဦးထက္မပိုေစဖို႔ တိုက္တြန္းထားေပမဲ့ ေန႔စဥ္သြားလာေရးအတြက္ အဓိကအသုံးျပဳေနရတဲ့ ရထားေပၚေတြမွာေတာ့ စီးနင္းလိုက္ပါသူ အမ်ားအျပားရွိေနတာပါ။ ရထားေပၚမွာ မ်က္ႏွာနဲ႔ႏွာေခါင္စည္း Mask တပ္ဖို႔ကို ေၾကညာေပးေနၿပီး၊ ကပ္ေရာဂါကာလျဖစ္ေပမယ့္ လုပ္ငန္းေတြကေတာ့ ပုံမွန္လည္ပတ္ေနတယ္လို႔ တိုက်ိဳၿမိဳ႕မွာေနထိုင္တဲ့ ျမန္မာလုပ္သား ကိုသစ္လြင္ေအာင္က VOA ကိုေျပာပါတယ္။

"အလုပ္အကိုင္ကေတာ့ က်ေနာ္တို႔ ၈ လပိုင္းတုန္းက အရမ္းျပန္ခ်င္ေနတဲ့အခ်ိန္ အဆင္မေျပတဲ့ အခ်ိန္ထက္စာရင္ေတာ့ ေတာ္ေတာ္ေလးတိုးတက္မႈ ရွိပါတယ္။ အလုပ္ရွာရတာလည္း ျမန္ဆန္တယ္၊ အလုပ္ေတြကလည္း ပုံမွန္အတိုင္းပဲ။ ဒါေပမဲ့ တခုေတာ့ရွိတာေပါ့၊ အရင္က လူ ၁၀ ေယာက္လုပ္တဲ့ဆိုင္က အခုခ်ိန္မွာဆိုရင္ ၆ ေယာက္- ၇ ေယာက္ ေလာက္ပဲရွိတယ္။ ၇ လပိုင္း၊ ၈ လပိုင္းတုန္းကေတာ့ အရမ္းဒုကၡေရာက္တာေပါ့။ စက္႐ုံေတြကိုတ႐ုံလုံး ပိတ္ထားလိုက္တာကို။ အခုေနာက္ပိုင္းက်ေတာ့ စက္႐ုံေတြက အရင္ေလာက္ႀကီးမလည္ဘူးဆိုရင္ေတာင္မွ ျမန္မာျပည္ထက္စာရင္ အရမ္းႀကီးမၾကပ္ထားဘူး၊ ျမန္မာျပည္မွာက်ေတာ့ ပိတ္ဆိုပိတ္ပဲ။ ဒီမွာက သင့္တင့္မွ်တစြာ ဖြင့္ထားေပးတာဆိုေတာ့ အရင္ပထမလႈိင္းထက္စာရင္ အလုပ္အကိုင္က အဆင္ေျပတယ္ေျပာရမွာေပါ့။"

ၿပီးခဲ့တဲ့ ဧၿပီလလယ္ေလာက္မွာ ကိုဗစ္ေရာဂါနဲ႔ ပတ္သက္လို႔ အစိုးရက အေရးေပၚေၾကညာခ်က္ထုတ္ျပန္ခဲ့တဲ့ေနာက္ ဂ်ပန္ႏိုင္ငံတြင္းကစီးပြားေရး လုပ္ငန္းတခ်ိဳ႕အေရာင္းအဝယ္က်သြားသလို၊ ရပ္ဆိုင္းလိုက္ရတဲ့ အေျခအေနထိေရာက္သြားခဲ့တဲ့ လုပ္ငန္းေတြလည္း ရွိခဲ့ပါတယ္။ အဲဒီလုပ္ငန္းေတြမွာ အခ်ိန္ပိုင္းဝင္ေရာက္ လုပ္ကိုင္ေနတဲ့ ျမန္မာလုပ္သားအမ်ားစုဟာလည္း အလုပ္လက္မဲ့ျဖစ္ကုန္တဲ့အထိ ျဖစ္သြားၿပီး၊ ျမန္မာျပည္ျပန္လာသူ တခ်ိဳ႕လည္းရွိခဲ့ပါတယ္။ ဂ်ပန္လူဝင္မႈႀကီးၾကပ္ေရးဌာနက ထုတ္ျပန္ထားတဲ့ ကိန္းဂဏန္းအရဆို ကိုဗစ္ကာလအတြင္း ဂ်ပန္ႏိုင္ငံတြင္းမွာေနထိုင္တဲ့ ျမန္မာႏိုင္ငံသားဦးေရဟာ ၃၀,၀၀၀ နီးပါးရွိေပမဲ့ ေနရပ္ျပန္သြားသူကေတာ့ ေလးပုံပုံ သုံးပုံေလာက္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဂျပန်မှာ ကိုဗစ်ကူးသူတွေထဲ မြန်မာတွေလည်း ပါလာ

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးနေတဲ့ ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံသားတချို့လည်း ရောဂါကူးစက်ခံရတဲ့အထဲ ပါဝင်လာတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

နေ့စဉ်ကပ်ရောဂါကူးစက်ခံရသူ ၂,၀၀၀ ဝန်းကျင်ရှိနေတဲ့ ဂျပန်နိုင်ငံမှာ မြန်မာအများစုနေထိုင်တဲ့ တိုကျိုမြို့တော်က ရပ်ကွက်တချို့မှာလည်း ရောဂါကူးစက်မှုတွေ ကြုံနေရတာပါ။ ရောဂါကူးစက်မှုတွေ တိုးလာရာက လူအများနဲ့ ထိတွေ့ဆက်ဆံရတဲ့ လုပ်ငန်းတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတချို့ပါ ရောဂါကူးစက်ခံကြရတာလို့လည်း ပြည်ထောင်စု မြန်မာနိုင်ငံသားများအသင်း (ဂျပန်) က အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းဆွေက VOA ကို ပြောပါတယ်။

"တိုကျိုမြို့ပေါ်မှာ ကူးစက်တဲ့နှုန်းက အရမ်းများလာတဲ့အခါကျတော့ ဒီမှာရှိနေတဲ့ မြန်မာရယ်၊ နိုင်ငံခြားသားရယ်လို့တော့ မဟုတ်ပါဘူး။ အကုန်လုံးကူးခံရတဲ့ လူဦးရေများတဲ့အထဲမှာ မြန်မာတွေလည်း ပါလာတာပါ။ အရင်တုန်းကဆိုရင်တော့ ဒီလိုဖြစ်တဲ့ထဲမှာ မြန်မာနိုင်ငံသားတွေပါတယ်ဆိုတဲ့အသံ မကြားရပေမဲ့ အခုကျတော့ မြန်မာတွေ အများဆုံးနေထိုင်တဲ့ မြို့ထဲမှာတင် တွေ့တဲ့မြန်မာတွေတော်တော်များလာတယ်။ နောက်တခုက မြန်မာတွေနဲ့ ပတ်သက်တဲ့ ဆက်စပ်နေတဲ့ စားသောက်ဆိုင်တွေ၊ အရောင်းဆိုင်တွေ၊ အဲဒီမှာလည်း မြန်မာတွေ ဝင်ထွက်သွားလာတာ ရှိနေတော့ မြန်မာတွေကြားထဲမှာ ဖြစ်တယ်ဆိုတဲ့အသံ ကြားရတာပေါ့လေ။ အားလုံးကတော့ ဆေးစစ်လိုက်လို့ ကိုယ့်မှာ Positive ဖြစ်တယ်ဆိုရင်တော့ ဂျပန်နိုင်ငံက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းပေါ့လေ... ကိုယ့်ဘာသာ အိမ်မှာပဲ Quarantine နေရတယ်။ လိုအပ်တယ်ဆိုရင် ဆေးရုံက လာခေါ်တယ်ပေါ့လေ။ ဒီလိုမျိုး စနစ်တကျကုသမှုကတော့ ဂျပန်မှာ ရှိနေပါတယ်။"

ရောဂါကူးစက်ခံရသူ ၁၃၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂,၀၀၀ ဝန်းကျင်ရှိနေတဲ့ ဂျပန်နိုင်ငံမှာ ကပ်ရောဂါဖြစ်ပွားမှု တိုးလာတဲ့အပေါ် ထိန်းချုပ်နိုင်ဖို့အတွက် စားသောက်ဆိုင်လုပ်ငန်းတချို့ကိုလည်း အလုပ်ချိန်ကန့်သတ်လိုက်ပြီး လူကြိုက်များတဲ့ ဒေသတွင်း ခရီးစဉ်တွေကိုလည်း ယာယီဖျက်သိမ်းထားပါတယ်။ ဂျပန်ရောက် မြန်မာနိုင်ငံသား အချင်းချင်းကြားမှာတော့ ကပ်ရောဂါကူးစက်မှုကို ကာကွယ်နိုင်ဖို့အတွက် လူမှုကွန်ရက်တွေကနေတဆင့် သတိပေးတာမျိုးတွေ ဆောင်ရွက်နေတယ်လို့ ဦးသန်းဆွေက ပြောပါတယ်။

"ဒီနေ့ကစပြီးတော့ တိုကျိုဧရိယာမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေပေါ့။ ဆိုင်တွေဘာတွေဆိုရင် အရင်တုန်းကဆိုရင် ၂၄ နာရီပေါ့ အကန့်အသတ်မရှိ ကြိုက်တဲ့အချိန်အထိ ဖွင့်လို့ရပေမဲ့ ဒီနေ့ကစပြီးတော့ ည ၈နာရီအထိပဲ ဆိုင်တွေဖွင့်ရတော့မယ်။ အဲဒီနောက်ပိုင်း ဆိုင်တွေပိတ်ဖို့ကို တိုကျိုအစိုးရကနေပြီးတော့ မေတ္တာရပ်ခံထားတာရှိသလို၊ ကျနော်တို့မြန်မာတွေအားလုံး လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေမှာလည်း အကုန်လုံး ဥပဒေတွေက... ဒီစည်းကမ်းတွေက အကျိုးသက်ရောက်မှု ရှိလာတာပေါ့လေ။ ကျနော်တို့မြန်မာတွေကိုယ်တိုင်ကလည်း အားလုံးပူးပေါင်းကူညီပြီးတော့ လူများတဲ့နေရာကို မသွားဘဲ တတ်နိုင်သမျှ ကိုယ့်အိမ်မှာပဲ နေကြတယ်ပေါ့လေ။ ကိုယ့်အချင်းချင်းကြားထဲမာတော့ တနေရာရာမှာ သတင်းအချက်အလက်ကြားတယ်ဆိုရင် မြန်မာတွေစုထားတဲ့ Facebook စာမျက်နှာကနေပြီးတော့ သတင်းတွေပြန်မျှတဲ့အခါကျတော့ အားလုံးထိန်းထိန်းသိမ်းသိမ်းနေကြတာ များပါတယ်။"

ရောဂါကူးစက်ခံရသူ အများစုရှိနေတဲ့ တိုကျိုမြို့မှာတော့ လူစုလူဝေးလျှော့ချနိုင်ဖို့ အပြင်ထွက်သွားလာစားသောက်တာကို ၅ ဦးထက်မပိုစေဖို့ တိုက်တွန်းထားပေမဲ့ နေ့စဉ်သွားလာရေးအတွက် အဓိကအသုံးပြုနေရတဲ့ ရထားပေါ်တွေမှာတော့ စီးနင်းလိုက်ပါသူ အများအပြားရှိနေတာပါ။ ရထားပေါ်မှာ မျက်နှာနဲ့နှာခေါင်စည်း Mask တပ်ဖို့ကို ကြေညာပေးနေပြီး၊ ကပ်ရောဂါကာလဖြစ်ပေမယ့် လုပ်ငန်းတွေကတော့ ပုံမှန်လည်ပတ်နေတယ်လို့ တိုကျိုမြို့မှာနေထိုင်တဲ့ မြန်မာလုပ်သား ကိုသစ်လွင်အောင်က VOA ကိုပြောပါတယ်။

"အလုပ်အကိုင်ကတော့ ကျနော်တို့ ၈ လပိုင်းတုန်းက အရမ်းပြန်ချင်နေတဲ့အချိန် အဆင်မပြေတဲ့ အချိန်ထက်စာရင်တော့ တော်တော်လေးတိုးတက်မှု ရှိပါတယ်။ အလုပ်ရှာရတာလည်း မြန်ဆန်တယ်၊ အလုပ်တွေကလည်း ပုံမှန်အတိုင်းပဲ။ ဒါပေမဲ့ တခုတော့ရှိတာပေါ့၊ အရင်က လူ ၁၀ ယောက်လုပ်တဲ့ဆိုင်က အခုချိန်မှာဆိုရင် ၆ ယောက်- ၇ ယောက် လောက်ပဲရှိတယ်။ ၇ လပိုင်း၊ ၈ လပိုင်းတုန်းကတော့ အရမ်းဒုက္ခရောက်တာပေါ့။ စက်ရုံတွေကိုတရုံလုံး ပိတ်ထားလိုက်တာကို။ အခုနောက်ပိုင်းကျတော့ စက်ရုံတွေက အရင်လောက်ကြီးမလည်ဘူးဆိုရင်တောင်မှ မြန်မာပြည်ထက်စာရင် အရမ်းကြီးမကြပ်ထားဘူး၊ မြန်မာပြည်မှာကျတော့ ပိတ်ဆိုပိတ်ပဲ။ ဒီမှာက သင့်တင့်မျှတစွာ ဖွင့်ထားပေးတာဆိုတော့ အရင်ပထမလှိုင်းထက်စာရင် အလုပ်အကိုင်က အဆင်ပြေတယ်ပြောရမှာပေါ့။"

ပြီးခဲ့တဲ့ ဧပြီလလယ်လောက်မှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်လို့ အစိုးရက အရေးပေါ်ကြေညာချက်ထုတ်ပြန်ခဲ့တဲ့နောက် ဂျပန်နိုင်ငံတွင်းကစီးပွားရေး လုပ်ငန်းတချို့အရောင်းအဝယ်ကျသွားသလို၊ ရပ်ဆိုင်းလိုက်ရတဲ့ အခြေအနေထိရောက်သွားခဲ့တဲ့ လုပ်ငန်းတွေလည်း ရှိခဲ့ပါတယ်။ အဲဒီလုပ်ငန်းတွေမှာ အချိန်ပိုင်းဝင်ရောက် လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားအများစုဟာလည်း အလုပ်လက်မဲ့ဖြစ်ကုန်တဲ့အထိ ဖြစ်သွားပြီး၊ မြန်မာပြည်ပြန်လာသူ တချို့လည်းရှိခဲ့ပါတယ်။ ဂျပန်လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းအရဆို ကိုဗစ်ကာလအတွင်း ဂျပန်နိုင်ငံတွင်းမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားဦးရေဟာ ၃၀,၀၀၀ နီးပါးရှိပေမဲ့ နေရပ်ပြန်သွားသူကတော့ လေးပုံပုံ သုံးပုံလောက်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG