သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲဝန်ထမ်း ၁၀၀ ကျော် ကိုဗစ်ကူးစက်


နေပြည်တော်ရှိ မဲရုံတခုတွင် ဆန္ဒမဲများရေတွက်နေသည့် ကော်မရှင်အဖွဲ့ဝင်များ။ (နိုဝင်ဘာ ၈၊ ၂၀၂၀)
နေပြည်တော်ရှိ မဲရုံတခုတွင် ဆန္ဒမဲများရေတွက်နေသည့် ကော်မရှင်အဖွဲ့ဝင်များ။ (နိုဝင်ဘာ ၈၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ်ကပ်ရောဂါ ကူးစက်ခံရသူတွေထဲ ပြည်နယ်နဲ့တိုင်း အသီးသီးက ရွေးကောက်ပွဲလုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့သူ ၁၀၀ ထက်မနည်း ပါဝင်နေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်မစုစုက သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါကာလ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး သီတင်း ၂ ပတ်ကြာ အချိန်မှာပဲ ရောဂါကူးစက်ခံရသူတွေထဲ ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်ခဲ့သူတွေလည်း အများအပြား ပါဝင်လာပါတယ်။ ရွေးကောက်ပွဲအကြိုကာလတုန်းက မဲဆွယ်စည်းရုံးမှုတွေနဲ့ လူစုလူဝေးတွေ လုပ်ခဲ့တဲ့ ပဲခူးတိုင်းမှာတော့ ကိုဗစ်ရောဂါပိုးကူးစက်သူ လူနာသစ်တွေထဲမှာ မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်း ၅ ဦးလည်း ပါဝင်လာတဲ့အကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဝင်းနိုင်က VOA ကိုပြောပါတယ်။

"မဲရုံမှူးတာဝန်ထမ်းဆောင်ရင်းတော့ ဖြစ်သွားတာပေါ့။ ဒါပေမဲ့ သူတို့ကို ကျနော်တို့က ကျန်းမာရေးပစ္စည်းတွေကို ၁၀ ဘီးကားနဲ့ဆို ၆ စီးတောင်မှ ပဲခူးမြို့မှာဝေထားတာလေ။ PPE တွေကို အကုန်ဝေပေးထားတာပဲလေ။ အဲဒီတုန်းကတော့ မဖြစ်ဘူးပေါ့ဗျာ။ နောက်တော့မှ Positive တဖြည်းဖြည်းပေါ်လာတာတော့ ကျနော်တို့လည်းပဲ လူအများကြီးနဲ့ဆက်ဆံရတာဆိုတော့ သိပ်မတတ်နိုင်တော့ဘူး။ ကျနော်ကိုယ်တိုင်တောင်မှ ရွေးကောက်ပွဲပြီးတော့ ဖျားတာ ဒီနေ့မှရုံးပြန်တက်နိုင်တယ်။ ကိုဗစ်စင်တာကနေပြီး Home Stay နေပြီး ကျန်းမာရေးကုပါဆိုပြီး ကုလိုက်တော့ ရိုးရိုးအဖျားမဟုတ်ဘူး။ ကျနော်လည်းပဲ အခုမှရုံးပြန်တက်နိုင်တာဆိုတော့ အဲဒီလိုတော့ရှိတာပေါ့နော်။"

မြန်မာနိုင်ငံမှာ ကပ်ရောဂါ တကျော့ပြန် စတင်ခဲ့ရာ နေရာလည်းဖြစ်၊ အတည်ပြုလူနာ ဒုတိယအများဆုံးလည်း ရှိနေတဲ့ ရခိုင်ပြည်နယ်မှာတော့ ရွေးကောက်ပွဲခရိုင်ဥက္ကဋ္ဌတွေအပါအဝင်၊ စုစုပေါင်း တာဝန်ထမ်းဆောင်ခဲ့သူတွေထဲက ၅ ဦးမှာ ရောဂါကူးစက်ခံခဲ့ရတယ်လို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောပါတယ်။

"မောင်တောခရိုင်ကော်မရှင် ဥက္ကဋ္ဌ တယောက်၊ ဘူးသီးတောင်ကော်မရှင် ဥက္ကဋ္ဌတယောက်၊ ဥက္ကဋ္ဌ နှစ် ယောက်ကူးတယ်။ နောက် အဖွဲ့ဝင်ထဲက ၃ ယောက်လောက်ကူးတယ်။ ရုံးအဖွဲ့ထဲကတော့ ကူးစက်ခံရသူ မရှိဘူးပေါ့နော်။"

ကရင်ပြည်နယ်မှာတော့ ရွေးကောက်ပွဲနောက်ဆက်တွဲ မဲရုံတာဝန်ထမ်းဆာင်ခဲ့သူတွေထဲမှာ ကိုဗစ်ပိုးရှိသူတွေ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမောင်မောင်နိုင်က ပြောပါတယ်။

"ကော့ကရိတ်ဘက်မှာတော့ ၂ ယောက်၊ ၃ ယောက်တော့ရှိတယ် Positive ကလေ။ ကော့ကရိတ်ဘက်မှာက ရပ်ကျေးကော်မရှင်ပေါ့နော်။ မဲရုံတွေမှာ ကြိုတင်မဲပေးခြင်းလုပ်ငန်းတွေ စနေတဲ့အချိန်မှာ ဖြစ်တာပေါ့နော်။ ဘားအံမှာတော့ မဲရုံက ဆရာမတယောက်က ရွေးကောက်ပွဲပြီးတော့မှ Positive တယောက်ရှိမှန်းသိတာပေါ့။ ရွေးကောက်ပွဲ မဲပေးတဲ့နေ့တုန်းကတော့ မသိဘူးပေါ့နော်။ ရွေးကောက်ပွဲပြီးတော့ ၃ ရက်လောက်နေတော့မှ သူက Positive ဆိုပြီး ဆရာမတယောက်ပဲတွေ့တယ်။ ကျန်တာတော့ မရှိပါဘူး။"

ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းမှာလည်း ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်ခဲ့သူတွေထဲက ကပ်ရောဂါကူးစက်ခံရသူပေါင်း ၉၀ ကျော်ရှိနေတာပါ။ ရွေးကောက်ပွဲကာလနဲ့ နောက်ဆက်တွဲ ရက်တွေမှာ လူစုလူဝေးနဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့တာကြောင့် ရောဂါကူးစက်မှုတွေ တိုးလာနိုင်ကြောင်း အစိုးရနဲ့ ကျန်းမာရေး တာဝန်ရှိသူတွေ သတိပေးနေချိန်မှာပဲ ရွေးကောက်ပွဲလုပ်ငန်းမှာ ပါဝင်သူတွေ ကူးစက်ခံနေရတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကလည်း အခုရက်သတ္တပတ်မှာ ရောဂါကူးစက်သူဦးရေနဲ့ အထူးကြပ်မတ်ကုသပေးရတဲ့လူနာ တိုးလာနေလို့ ပြည်သူတွေမပေါ့ဆဖို့ကို သတိပေးထားပါတယ်။

"လက်ရှိအနေအထားအရ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဒီအပတ်ထဲမှာရောဂါဖြစ်ပွားမှုတွေကလည်း တိုးလာတယ်။ ၁၇ ရက်နေ့ကစပြီး ရောဂါဖြစ်ပွားမှုက ၁,၆၀၀ နီးနီးတိုးလာတာ ၄ ရက်ဆက်တိုက်ဖြစ်ပါတယ်။ ပြီးရင် ၁၅၀၀ - ၁၄၀၀ လောက်ဖြစ်လာတယ်။ ဒါဟာ ပြီးခဲ့တဲ့တပတ်နဲ့နှိုင်းယှဉ်ရင် ရောဂါဖြစ်ပွားမှုက တော်တော်ကြီးကို တိုးလာတယ်ဆိုတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့အပတ်က ရောဂါဖြစ်ပွားမှုက ၁,၀၀၀ ဝန်းကျင်၊ တထောင်အောက်ဖြစ်တာနဲ့ ၁,၅၀၀ ဝန်းကျင်ဖြစ်တော့ ၃ ပုံ ၁ ပုံတိုးလာတယ်ဆိုတာ မြင်သာတဲ့ကိစ္စဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း ICU မှာ ကုသမှုခံယူနေတဲ့ လူနာဦးရေလည်း တက်လာပါတယ် ၁၃၇ ယောက်ရှိပါတယ်။ ဒါဆို အရင်ကထက်စာရင် ၃ ပုံ ၁ ပုံလောက်တက်လာတဲ့ အနေအထားကိုတွေ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ဘယ်လိုနည်းနဲ့မှ မပေါ့ဆစေချင်ပါဘူး။"

ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၁,၇၃၉ ဦးနဲ့ကူးစက်သူ အတည်ပြုလူနာ ၇၉,၂၄၆ ဦးရှိပါတယ်။ ရောဂါအတည်ပြုလူနာတွေထဲက ၆၅ ရာခိုင်နှုန်းလောက်ဟာ ရောဂါလက္ခဏာမရှိဘဲ ပိုးကူးစက်ခံရသူတွေဖြစ်လို့ ဘယ်သူမဆို ကပ်ရောဂါနဲ့ပတ်သက်တဲ့ စည်းမျဉ်းတိုင်းကိုလိုက်နာဖို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






"မောငျတောခရိုငျကောျမရှငျ ဥက်ကဋ်ဌ တယောကျ၊ ဘူးသီးတောငျကောျမရှငျ ဥက်ကဋ်ဌတယောကျ၊ ဥက်ကဋ်ဌ နှဈ ယောကျကူးတယျ။ နောကျ အဖှဲ့ဝငျထဲက ၃ ယောကျလောကျကူးတယျ။ ရုံးအဖှဲ့ထဲကတော့ ကူးစကျခံရသူ မရှိဘူးပေါ့နောျ။"






XS
SM
MD
LG