သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝှမ်း ကိုဗစ်ကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၂၃၀ မှာ မြန်မာ အဆင့် ၇၃ မှာ ရှိနေ


(Zawgyi/Unicode)

ကမ္ဘာပေါ်က ကိုဗစ်ကူးစက်မှု အများ-အနည်းအလိုက် အခြေပြ ဇယားကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ပုံမှန် ထုတ်ပြန်နေရာမှာ နိုဝင်ဘာ(၁၉)ရက် စာရင်းအရ နိုင်ငံပေါင်း (၂၃၀)မှာ မြန်မာနိုင်ငံက အဆင့် (၇၃)မှာရှိတယ်လို့ မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သောကြာနေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

WHO စစ်တမ်းအရ အောက်တိုဘာလထဲ ရက်အတော်များများကိုကြည့်ရင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကိုဗစ်ကူးစက်မှု အဆင့် (၇၅)/ (၇၆) မှာ ရှိခဲ့ရာက အခုလို အဆင့်(၇၃)ထိ အနည်းငယ် မြင့်တက်လာတဲ့အတွက် မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှု တိုးလာနေတဲ့ သဘောဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံဟာ နိုဝင်ဘာ(၅)ရက်နေ့မှာ အဆင့် (၇၇) ၊ နိုဝင်ဘာ (၉)ရက်နေ့မှာ အဆင့် (၇၈) နဲ့ ကူးစက်မှု ကျဆင်းခဲ့ပြီးနောက် နိုဝင်ဘာ(၁၁)ရက်မှာ အဆင့် (၇၅) ၊ နိုဝင်ဘာ (၁၃)မှာ အဆင့် (၇၃) ထိ ပြန်တက်ခဲ့ပြန်ပါတယ်။ အဲဒီနောက် ကြားရက်တွေမှာ အဆင့် (၇၆)နဲ့ ငြိမ်နေရာက အခုနောက်ဆုံး အဆင့် (၇၃)ထိ ပြန်တက်လာတာ ဖြစ်ပါတယ်။

မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေကို ကြည့်ရင် WHO ရဲ့ နောက်ဆုံး စာရင်းအရ အိန္ဒိယက ကမ္ဘာပေါ်မှာ ဒုတိယ ကူးစက်မှု အများဆုံးဖြစ်ပြီး ၊ ဘင်္ဂလားဒေ့ရှ်က အဆင့် (၂၄ ) ၊ တရုတ်က(၆၃) ၊ ထိုင်းက(၁၅၃) နဲ့ လာအိုက အဆင့်(၂၀၉) မှာ ရှိပါတယ်။ ဒါကြောင့် အိမ်နီးချင်းတွေကြားမှာ မြန်မာက ကူးစက်မှု စတုတ္ထ အများဆုံးလိုက်နေပါတယ်။

ဒေသတွင်း နိုင်ငံတွေရဲ့ ကိုဗစ်ကူးစက်မှုကို ကြည့်ရင် အင်ဒိုနီးရှားက အဆင့်(၂၁) ၊ ဖိလစ်ပိုင်က(၂၆) ၊ပါကစ္စတန်က (၂၈) ၊ စင်္ကာပူ(၈၃) ၊ မလေးရှား(၈၅) ၊ ဗီယက်နမ်(၁၇၀) နဲ့ ကမ္ဘောဒီယား(၁၈၉) အစဉ်လိုက်ဖြစ်ပြီး မြောက်ကိုရီးယားကတော့ အဆင့် (၂၃၀)နဲ့ ကူးစက် သေဆုံးမှု လုံးဝမရှိတဲ့နိုင်ငံအဖြစ် WHO စာရင်းမှာ ဖေါ်ပြထားပါတယ်။

တကမ္ဘာလုံး အတိုင်းအတာအရတော့ အမေရိကန် ၊ အိန္ဒိယ ၊ ဘရာဇီး၊ ပြင်သစ်၊ ရုရှား (၅)နိုင်ငံက ကိုဗစ်ကူးစက်မှု အများဆုံး ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ မနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ သောကြာနေ့ တရက်ထဲ COVID-19 ကူးစက်သူ ၁,၅၃၂ ဦး ထပ်တိုးပြီး ၊ သေဆုံးသူက ၁၉ဦး ထပ်တိုးလာတာကြောင့် အခုအချိန်ထိဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ် ကူးစက်ခဲ့သူပေါင်း ၇၆,၄၁၄ ဦးနဲ့ သေဆုံးခဲ့ရသူ စုစုပေါင်း ၁,၆၉၅ ဦး ရှိသ ွားပြီလို့ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


................

(Unicode)








XS
SM
MD
LG