သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္နဲ႔မႏၲေလးက ေရြးေကာက္ပြဲတာဝန္ထမ္းခဲ့သူ ၉၀ ေက်ာ္ ကိုဗစ္ေရာဂါကူးစက္


ေရြးေကာက္ပြဲမဲထဲ့သည့္ျမင္ကြင္း (ႏိုဝင္ဘာလ ၈၊ ၂ဝ၂ဝ)

{{Zawgyi/Unicode}}

ကိုဗစ္ကပ္ေရာဂါ ကူးစက္ခံရသူေတြထဲ ရန္ကုန္တိုင္းနဲ႔ မႏၲေလးတိုင္းက ေ႐ြးေကာက္ပြဲလုပ္ငန္းေတြမွာ တာဝန္ထမ္းေဆာင္ခဲ့သူ ၉ဝ ေက်ာ္ ပါဝင္ေနၿပီး တခ်ိဳ႕ကိုေတာ့ အထူးၾကပ္မတ္ကုသေပးထားရတဲ့အေၾကာင္း ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက သတင္းေပးပို႔ထားပါတယ္။

ကိုဗစ္ေရာဂါပိုး ကူးစက္ခံရသူေတြထဲ ရန္ကုန္တိုင္းအတြင္း ေ႐ြးေကာက္ပြဲက်င္းပရာမွာ မဲ႐ုံတာဝန္က်သူတခ်ိဳ႕နဲ႔ မိသားစုဝင္ေတြလည္း ပါဝင္ေနပါတယ္။ ေ႐ြးေကာက္ပြဲခ႐ိုင္ဥကၠ႒ အပါအဝင္ ေကာ္မရွင္ဝန္ထမ္းေတြ၊ မဲ႐ုံအမႈထမ္းေတြနဲ႔ မိသားစုဝင္ေတြ အားလုံးေပါင္းအေယာက္ ၈၀ ေက်ာ္ ကူးစက္ခံခဲ့ရတာလို႔လည္း ရန္ကုန္တိုင္းေ႐ြးေကာက္ပြဲ ေကာ္မရွင္ေျပာခြင့္ရ ဦးေက်ာ္မိုးၾကည္က VOA ကိုေျပာပါတယ္။

" ေကာ္မရွင္ဝန္ထမ္းက ၈ဦး၊ ေနာက္ ဥကၠဌနဲ႔ အဖြဲ႕ဝင္ဆိုတာ တိုင္းဥကၠဌေတာ့ မပါဘူး။ ဥကၠဌဆိုတာ ၿမိဳ႕နယ္နဲ႔ ခ႐ိုင္ဥကၠဌေတြရွိတယ္။ ဥကၠဌ - အဖြဲ႕ဝင္က အေယာက္ ၃၀၊ မဲ႐ုံမႉးနဲ႔ မဲ႐ုံတာဝန္ထမ္းေဆာင္တဲ့သူေတြထဲက ၃၃ ေယာက္၊ သူတို႔နဲ႔ဆက္စပ္တဲ့ မိသားစုကေတာ့ ၁၂ ဦး။ အားလုံးေပါင္းက အခု Positive ပဲ။ ICU ထဲကို ေရာက္ေနတာေတြလည္း ရွိတယ္။ "

ေရာဂါပိုးရွိသူေတြနဲ႔ ထိေတြ႕မႈရွိခဲ့ၿပီး၊ ေရာဂါသံသယေၾကာင့္ အသြားအလာကန႔္သတ္ခံထားရသူကေတာ့ ၆၅ ဦးရွိပါတယ္။ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၈ရက္ေန႔တုန္းက မဲ႐ုံေတြဆီ မဲလာေပးသူေပါင္းက ရန္ကုန္တိုင္းမွာ ၆၁ သိန္းဝန္းက်င္ ရွိခဲ့တာပါ။

မႏၲေလးတိုင္းမွာေတာ့ တိုင္းအဆင့္ေ႐ြးေကာက္ပြဲေကာ္မရွင္ ႐ုံးဝန္ထမ္း ၇ဦး ကူးစက္ခံေနရၿပီး၊ က်န္တဲ့အဖြဲ႕ခြဲေတြမွာေတာ့ ကူးစက္သူဦးေရ မရွိခဲ့ဘူးလို႔ မႏၲေလးတိုင္းေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲဥကၠဌ ဦးရွိန္ဝင္းက VOA ကိုေျပာပါတယ္။

" က်ေနာ္တို႔႐ုံးက ၇ေယာက္ပါဗ်။ ေနာက္ အမ်ားျပည္သူ ယုံၾကည္ေလးစားသူ ၃ဦးပါဗ်။ အားလုံးေပါင္း ၁၀ ေယာက္ ဒါပါပဲ။ က်န္တာ က်ေနာ္တို႔ေကာ္မရွင္က မရွိပါဘူး။ "

ကိုဗစ္ကပ္ေရာဂါကာလ က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲနဲ႔ ေနာက္ဆက္တြဲ လူစုလူေဝးတာေတြ ရွိခဲ့တာေၾကာင့္ ေရာဂါကူးစက္ႏိုင္တဲ့ အႏၲရာယ္ကို က်န္းမာေရး ပညာရွင္ေတြ သတိေပးေနခ်ိန္မွာပဲ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္မွာ ပါဝင္သူေတြပါ ကူးစက္ခံရတဲ့ သတင္းေတြ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ ေရာဂါကူးစက္ခံရသူေတြထဲက ၆၀ ရာခိုင္ႏႈန္းေလာက္ဟာ လကၡဏာမျပပဲ ေရာဂါပိုးရွိေနခဲ့တာျဖစ္လို႔ လူစုလူေဝးမွာပါဝင္ခဲ့သူေတြအေနနဲ႔ သီးျခားေနထိုင္ဖို႔ကို က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန ေျပာခြင့္ရ၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက သတိေပးပါတယ္။

" ေရာဂါကူးစက္မႈေတြက နည္းနည္းေလးမ်ားလာတဲ့ သေဘာရွိပါတယ္။ ဒါကလည္း အားလုံးသိၾကၿပီးတဲ့အတိုင္းပါပဲ၊ အေၾကာင္းမရွိပဲနဲ႔ အက်ိဳးမျဖစ္ပါဘူး။ ေရွ႕မွာ လူစုလူေဝးေတြရွိခဲ့ေတာ့ တေယာက္နဲ႔တေယာက္ ကူးစက္မႈမ်ားၿပီးေတာ့ ဒီတပတ္ေလာက္အတြင္းမွာ ႐ုပ္လုံးေပၚလာမွာျဖစ္ပါတယ္။ ကူးစက္မႈေတြမ်ားေလေလ ေသဆုံးမႈေတြမ်ားမွာျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ ဒီအစုအဖြဲ႕မွာ ပါဝင္ခဲ့သူေတြအေနနဲ႔ကေတာ့ မိမိစိုက္ပ်ိဳးတာကိုေတာ့ မိမိရိတ္သိမ္းရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီလိုစုေပါင္းတဲ့ပြဲေတြမွာပါဝင္ခဲ့တဲ့ သူေတြအေနနဲ႔ ဘယ္သူသိသိ မသိသိ၊ မိမိကိုယ္ကိုယ္ အသိဆုံးျဖစ္ပါတယ္။ အဲေတာ့ သူတို႔ေတြအေနနဲ႔ ကိုယ့္ရဲ႕အိမ္မွာပဲ Self Quarantine ၂ပတ္ေနပါ။ မိမိဘာသာ သီးသန႔္စားေသာက္ပါ၊ ဘယ္သူနဲ႔မွ ေရာေရာေႏွာေႏွာမေနပါနဲ႔၊ ထပ္ၿပီးေတာ့လည္း လူအုပ္စုထဲ မသြားပါနဲ႔။ "

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မြန္းလြဲပိုင္း ထုတ္ျပန္ၿပီးခ်ိန္အထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၁,၆၅၀ ဦးနဲ႔ ကူးစက္သူအတည္ျပဳလူနာ ၇၃,၃၂၂ ဦးရွိပါတယ္။ ေဒသတြင္း ကပ္ေရာဂါကူးစက္မႈကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္လည္း ကိုဗစ္ေရာဂါကာကြယ္ေရးနဲ႔ ပတ္သက္ၿပီး က်န္းမာေရးအသိပညာေပးတာနဲ႔ အျပင္ထြက္တိုင္း မ်က္ႏွာနဲ႔ ႏွာေခါင္စည္း အကာအကြယ္ မျဖစ္မေန တပ္ဆင္ဖို႔ကိုလည္း သတိေပးထားပါတယ္။

......................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

ကိုဗစ်ကပ်ရောဂါ ကူးစက်ခံရသူတွေထဲ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းက ရွေးကောက်ပွဲလုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့သူ ၉၀ ကျော် ပါဝင်နေပြီး တချို့ကိုတော့ အထူးကြပ်မတ်ကုသပေးထားရတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။

ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူတွေထဲ ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲကျင်းပရာမှာ မဲရုံတာဝန်ကျသူတချို့နဲ့ မိသားစုဝင်တွေလည်း ပါဝင်နေပါတယ်။ ရွေးကောက်ပွဲခရိုင်ဥက္ကဋ္ဌ အပါအဝင် ကော်မရှင်ဝန်ထမ်းတွေ၊ မဲရုံအမှုထမ်းတွေနဲ့ မိသားစုဝင်တွေ အားလုံးပေါင်းအယောက် ၈၀ ကျော် ကူးစက်ခံခဲ့ရတာလို့လည်း ရန်ကုန်တိုင်းရွေးကောက်ပွဲ ကော်မရှင်ပြောခွင့်ရ ဦးကျော်မိုးကြည်က VOA ကိုပြောပါတယ်။

" ကော်မရှင်ဝန်ထမ်းက ၈ဦး၊ နောက် ဥက္ကဌနဲ့ အဖွဲ့ဝင်ဆိုတာ တိုင်းဥက္ကဌတော့ မပါဘူး။ ဥက္ကဌဆိုတာ မြို့နယ်နဲ့ ခရိုင်ဥက္ကဌတွေရှိတယ်။ ဥက္ကဌ - အဖွဲ့ဝင်က အယောက် ၃၀၊ မဲရုံမှူးနဲ့ မဲရုံတာဝန်ထမ်းဆောင်တဲ့သူတွေထဲက ၃၃ ယောက်၊ သူတို့နဲ့ဆက်စပ်တဲ့ မိသားစုကတော့ ၁၂ ဦး။ အားလုံးပေါင်းက အခု Positive ပဲ။ ICU ထဲကို ရောက်နေတာတွေလည်း ရှိတယ်။ "

ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့မှုရှိခဲ့ပြီး၊ ရောဂါသံသယကြောင့် အသွားအလာကန့်သတ်ခံထားရသူကတော့ ၆၅ ဦးရှိပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ရက်နေ့တုန်းက မဲရုံတွေဆီ မဲလာပေးသူပေါင်းက ရန်ကုန်တိုင်းမှာ ၆၁ သိန်းဝန်းကျင် ရှိခဲ့တာပါ။

မန္တလေးတိုင်းမှာတော့ တိုင်းအဆင့်ရွေးကောက်ပွဲကော်မရှင် ရုံးဝန်ထမ်း ၇ဦး ကူးစက်ခံနေရပြီး၊ ကျန်တဲ့အဖွဲ့ခွဲတွေမှာတော့ ကူးစက်သူဦးရေ မရှိခဲ့ဘူးလို့ မန္တလေးတိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးရှိန်ဝင်းက VOA ကိုပြောပါတယ်။

" ကျနော်တို့ရုံးက ၇ယောက်ပါဗျ။ နောက် အများပြည်သူ ယုံကြည်လေးစားသူ ၃ဦးပါဗျ။ အားလုံးပေါင်း ၁၀ ယောက် ဒါပါပဲ။ ကျန်တာ ကျနော်တို့ကော်မရှင်က မရှိပါဘူး။ "

ကိုဗစ်ကပ်ရောဂါကာလ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ နောက်ဆက်တွဲ လူစုလူဝေးတာတွေ ရှိခဲ့တာကြောင့် ရောဂါကူးစက်နိုင်တဲ့ အန္တရာယ်ကို ကျန်းမာရေး ပညာရှင်တွေ သတိပေးနေချိန်မှာပဲ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ပါဝင်သူတွေပါ ကူးစက်ခံရတဲ့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ရောဂါကူးစက်ခံရသူတွေထဲက ၆၀ ရာခိုင်နှုန်းလောက်ဟာ လက္ခဏာမပြပဲ ရောဂါပိုးရှိနေခဲ့တာဖြစ်လို့ လူစုလူဝေးမှာပါဝင်ခဲ့သူတွေအနေနဲ့ သီးခြားနေထိုင်ဖို့ကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သတိပေးပါတယ်။

" ရောဂါကူးစက်မှုတွေက နည်းနည်းလေးများလာတဲ့ သဘောရှိပါတယ်။ ဒါကလည်း အားလုံးသိကြပြီးတဲ့အတိုင်းပါပဲ၊ အကြောင်းမရှိပဲနဲ့ အကျိုးမဖြစ်ပါဘူး။ ရှေ့မှာ လူစုလူဝေးတွေရှိခဲ့တော့ တယောက်နဲ့တယောက် ကူးစက်မှုများပြီးတော့ ဒီတပတ်လောက်အတွင်းမှာ ရုပ်လုံးပေါ်လာမှာဖြစ်ပါတယ်။ ကူးစက်မှုတွေများလေလေ သေဆုံးမှုတွေများမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအစုအဖွဲ့မှာ ပါဝင်ခဲ့သူတွေအနေနဲ့ကတော့ မိမိစိုက်ပျိုးတာကိုတော့ မိမိရိတ်သိမ်းရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုစုပေါင်းတဲ့ပွဲတွေမှာပါဝင်ခဲ့တဲ့ သူတွေအနေနဲ့ ဘယ်သူသိသိ မသိသိ၊ မိမိကိုယ်ကိုယ် အသိဆုံးဖြစ်ပါတယ်။ အဲတော့ သူတို့တွေအနေနဲ့ ကိုယ့်ရဲ့အိမ်မှာပဲ Self Quarantine ၂ပတ်နေပါ။ မိမိဘာသာ သီးသန့်စားသောက်ပါ၊ ဘယ်သူနဲ့မှ ရောရောနှောနှောမနေပါနဲ့၊ ထပ်ပြီးတော့လည်း လူအုပ်စုထဲ မသွားပါနဲ့။ "

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၁,၆၅၀ ဦးနဲ့ ကူးစက်သူအတည်ပြုလူနာ ၇၃,၃၂၂ ဦးရှိပါတယ်။ ဒေသတွင်း ကပ်ရောဂါကူးစက်မှုကို လျှော့ချနိုင်ဖို့အတွက်လည်း ကိုဗစ်ရောဂါကာကွယ်ရေးနဲ့ ပတ်သက်ပြီး ကျန်းမာရေးအသိပညာပေးတာနဲ့ အပြင်ထွက်တိုင်း မျက်နှာနဲ့ နှာခေါင်စည်း အကာအကွယ် မဖြစ်မနေ တပ်ဆင်ဖို့ကိုလည်း သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG