သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ ကုသေပ်ာက္ကင္းခဲ႕သူ ထိုင္ဝမ္မွာ COVID ျပန္ျဖစ္


ေအာက္တိုဘာ ၁၆ ရက္ေန႔က ရန္ကုန္ကြာရ္ငတင္းစင္တာတခုတြင္ COVID စစ္ေနစဥ္

(Zawgyi/Unicode)

ျမန္မာႏုိင္ငံကေန COVID -19 ကုသမႈ ခံယူၿပီး ထိုင္၀မ္ကို ျပန္လာတဲ႔ အမ်ိဳးသား တဦး COVID19 ထပ္မံ ျဖစ္ပြားတာ ေတြ႔ရေၾကာင္း ထိုင္၀မ္ရဲ႕ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရးဌာန CECC က ႏို၀င္ဘာလ ၁၇ ရက္ေန႔မွာ ေၾကညာပါတယ္။

အသက္ ၃၀ ေက်ာ္ ထိုင္၀မ္ အမ်ိဳးသားဟာ ျမန္မာႏိုင္ငံမွာ မတ္လက အလုပ္သြားလုပ္ၿပီး စက္တင္လာလ ၆ ရက္ေန႔မွာေတာ့ ဖ်ားနာ ေနမေကာင္း ျဖစ္ခဲ႔ၿပီးေနာက္ ျမန္မာႏုိင္ငံမွာ COVID-19 ကုသမႈ ခံယူခဲ႔တယ္လုိ႔လည္း ေၾကညာခ်က္က ေဖာ္ျပပါတယ္။

စက္တင္ဘာ လလယ္ပိုင္းေလာက္မွာ သက္သာသြားၿပီးေနာက္ ႏို၀င္ဘာလ ၈ ရက္ေန႔မွာ ထိုင္၀မ္ကို ျပန္လာခဲ႔တာပါ။ ေလဆိပ္အေရာက္မွာေတာ့ သူ ျမန္မာျပည္မွာ COVID -19 ကုသမႈ ခံယူခဲ႔ေၾကာင္း အသိေပးတာေၾကာင့္ ေဆးစစ္ခဲ႔တာမွာ COVID 19 ျဖစ္ပြားမႈ မရွိေၾကာင္းေတြ႔ခဲ႔ပါတယ္။

ဒါေပမယ့္ ႏို၀င္ဘာလ ၁၃ ရက္ေန႔မွာေတာ့ က်န္းမာေရး ပိုဆိုးလာတာေၾကာင့္ COVID-19 ျပန္စစ္ခဲ႔ၿပီး ႏို၀င္ဘာလ ၁၇ ရက္ေန႔မွာေတာ့ COVID-19 ျဖစ္ေနတာကို ဓာတ္ခြဲ အတည္ျပဳခ်က္ ရခဲ႔တယ္လုိ႔လည္း ထုိင္၀မ္ အစိုးရရဲ႕ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရးဌာန CECC က ေၾကညာခဲ႔ပါတယ္။

ျမန္မာႏုိင္ငံမွာလည္း COVID-19 အတည္ျပဳ လူနာက အဂၤါေန႔မွာ အနည္းငယ္ တိုးလာပါတယ္။ အဂၤါေန႔ ေနာက္ဆံုး ထုတ္ စာရင္း အရ COVID-19 ကူးစက္ခံ အတည္ျပဳ လူနာ ၁,၅၆၉ ေယာက္ရွိၿပီး ၂၄ နာရီအတြင္း ေသဆုံးသူ ၂၆ ေယာက္ရွိပါတယ္။ COVID-19 အတည္ျပဳ လူနာ စုစုေပါင္း ၇၁,၇၃၀ ေက်ာ္ ရွိၿပီး ေသဆံုးသူ စုစုေပါင္း ၁၆၂၅ ဦးရွိပါတယ္။ ေဆးရံုဆင္းသူ ၅၄,၂၇၄ ဦးရွိၿပီး COVID ေရာဂါ ဆက္လက္ ကုသမႈ ခံယူေနရသူ ၁၀,၀၀၀ ေက်ာ္ ရွိပါတယ္။ တႏုိင္ငံလံုး အတိုင္းအတာနဲ႔ COVID 19 စစ္ေဆးၿပီးသူေပါင္းက ၉ သိန္းေက်ာ္ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

မြန်မာနိုင်ငံမှာ ကုသပျောက်ကင်းခဲ့သူ ထိုင်ဝမ်မှာ COVID ပြန်ဖြစ်

(Unicode)

မြန်မာနိုင်ငံကနေ COVID -19 ကုသမှု ခံယူပြီး ထိုင်ဝမ်ကို ပြန်လာတဲ့ အမျိုးသား တဦး COVID19 ထပ်မံ ဖြစ်ပွားတာ တွေ့ရကြောင်း ထိုင်ဝမ်ရဲ့ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန CECC က နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ကြေညာပါတယ်။

အသက် ၃၀ ကျော် ထိုင်ဝမ် အမျိုးသားဟာ မြန်မာနိုင်ငံမှာ မတ်လက အလုပ်သွားလုပ်ပြီး စက်တင်လာလ ၆ ရက်နေ့မှာတော့ ဖျားနာ နေမကောင်း ဖြစ်ခဲ့ပြီးနောက် မြန်မာနိုင်ငံမှာ COVID-19 ကုသမှု ခံယူခဲ့တယ်လို့လည်း ကြေညာချက်က ဖော်ပြပါတယ်။

စက်တင်ဘာ လလယ်ပိုင်းလောက်မှာ သက်သာသွားပြီးနောက် နိုဝင်ဘာလ ၈ ရက်နေ့မှာ ထိုင်ဝမ်ကို ပြန်လာခဲ့တာပါ။ လေဆိပ်အရောက်မှာတော့ သူ မြန်မာပြည်မှာ COVID -19 ကုသမှု ခံယူခဲ့ကြောင်း အသိပေးတာကြောင့် ဆေးစစ်ခဲ့တာမှာ COVID 19 ဖြစ်ပွားမှု မရှိကြောင်းတွေ့ခဲ့ပါတယ်။

ဒါပေမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့မှာတော့ ကျန်းမာရေး ပိုဆိုးလာတာကြောင့် COVID-19 ပြန်စစ်ခဲ့ပြီး နိုဝင်ဘာလ ၁၇ ရက်နေ့မှာတော့ COVID-19 ဖြစ်နေတာကို ဓာတ်ခွဲ အတည်ပြုချက် ရခဲ့တယ်လို့လည်း ထိုင်ဝမ် အစိုးရရဲ့ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန CECC က ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလည်း COVID-19 အတည်ပြု လူနာက အင်္ဂါနေ့မှာ အနည်းငယ် တိုးလာပါတယ်။ အင်္ဂါနေ့ နောက်ဆုံး ထုတ် စာရင်း အရ COVID-19 ကူးစက်ခံ အတည်ပြု လူနာ ၁,၅၆၉ ယောက်ရှိပြီး ၂၄ နာရီအတွင်း သေဆုံးသူ ၂၆ ယောက်ရှိပါတယ်။ COVID-19 အတည်ပြု လူနာ စုစုပေါင်း ၇၁,၇၃၀ ကျော် ရှိပြီး သေဆုံးသူ စုစုပေါင်း ၁၆၂၅ ဦးရှိပါတယ်။ ဆေးရုံဆင်းသူ ၅၄,၂၇၄ ဦးရှိပြီး COVID ရောဂါ ဆက်လက် ကုသမှု ခံယူနေရသူ ၁၀,၀၀၀ ကျော် ရှိပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ COVID 19 စစ်ဆေးပြီးသူပေါင်းက ၉ သိန်းကျော် ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG