သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၇၁၇၃၀ဦး၊ သေဆုံး ၁၆၂၅ ဦး


ကျန်းမာရေးဝန်ထမ်းတဦး (နိုဝင်ဘာ ၅၊၂ဝ၂ဝ)
ကျန်းမာရေးဝန်ထမ်းတဦး (နိုဝင်ဘာ ၅၊၂ဝ၂ဝ)

{{zawgyi/unicode}}

မြန်မာနိုင်ငံမှာ ဒီကနေ့ COVID-19 အတည်ပြုလူနာအရေအတွက် ၁,၅၆၉ ယောက်ရှိကြောင်း အတည်ပြုလိုက်တဲ့အတွက် ရောဂါကူးစက်သူ စုစုပေါင်း ၇၁,၇၃၀ ယောက်ရှိပြီဖြစ်ပါတယ်။ ၂၄ နာရီအတွင်း သေဆုံးသူ ၂၆ ယောက်ရှိတဲ့အတွက် အခုထိသေဆုံးသူပေါင်း ၁,၆၂၅ ယောက်ရှိပါတယ်။ ဒီနေ့အတွက် ဓါတ်ခွဲနမူနာပေါင်း ၁၈,၃၄၃ ခုကိုစစ်ဆေးခဲ့တာပါ။
အတည်ပြုလူနာတွေထဲ ဆေးရုံကဆင်းခွင့်ရသူကတော့ ၅၄,၂၇၄ ယောက်ရှိပါတယ်။ဒီကနေ့သေဆုံးသူ ၂၆ ယောက်မှာ ၂၂ ယောက်ကရောဂါအခံရှိတဲ့ သူတွေဖြစ်တယ်လို့လည်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့နိုင်ငံအများအပြားမှာလည်း ရောဂါကူးစက်ဖြစ်ပွါးမှုနဲ့ သေဆုံးမှုနှုန်းက ဆက်ပြီးမြင့်တက်နေတာပါ။ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ကထုတ်ပြန်တဲ့ COVID -19 ရောဂါဖြစ်ပွါးမှု အများဆုံး နိုင်ငံ ၉၀ စာရင်းမှာ မြန်မာနိုင်ငံက အဆင့် ၇၆ မှာ ရှိပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ အမေရိကန်က COVID-19 ဖြစ်ပွါးမှုနှုန်း အများဆုံးဖြစ်ပြီး အိန္ဒိယက ဒုတိယနဲ့ ဘရာဇီးက တတိယအများဆုံးဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ ကို အင်ဒိုနီးရှားက ရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်ပြီး WHO ရဲ့ COVID-19 ရောဂါဖြစ်ပွါးမှု အများဆုံး နိုင်ငံ ၉၀ စာရင်းမှာတော့ အဆင့် ၂၁ မှာရှိပါတယ်။

..........................

{{Unicode}}



XS
SM
MD
LG