သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေဘးအစိုးရေထာက္ပံ့ေၾကး အျငင္းပြားစရာေတြရွိေန


စက္ရုံအလုပ္သမမ်ား

{{Zawgyi/Unicode}}

ကုိဗစ္ကပ္ေရာဂါကာလ စားဝတ္ေနေရး အခက္ႀကံဳေနရတဲ့ အေျခခံလူတန္းစားေတြကို အစုိးရက ေထာက္ပံ့ရာမွာ အျငင္းပြားစရာ ေပၚေနရတဲ့အေပၚ ကၽြမ္းက်င္သူေတြရဲ႕ သုံးသပ္ခ်က္ကုိ အိမ့္သႏၲာထြန္း က ရန္ကုန္ၿမိဳ႕ကေန စုစည္းေပးပို႔ထားပါတယ္။

ကပ္ေရာဂါကာလမွာ စားဝတ္ေနေရး အခက္အခဲႀကဳံေနၾကရတဲ့ အေျခခံလူတန္းစားေတြအတြက္ အစိုးရက ရိကၡာနဲ႔ ေငြေၾကး အကူအညီ ေထာက္ပံ့တာ ၄ ႀကိမ္ ရွိလာေပမဲ့ ရသင့္ရထုိက္သူေတြ မရဘူးဆုိၿပီး ေ၀ဖန္သံေတြလည္း အႀကိမ္တိုင္းလုိလုိ ၾကားေနရပါတယ္။ အခုေနာက္ဆုံး စတုတၳအႀကိမ္ေထာက္ပံ့ေၾကး ေပးရာမွာေတာ့ ကပ္ေရာဂါေၾကာင့္ အိမ္ျပင္မထြက္ရ အမိန္႔ထုတ္ထားတဲ့ ၿမိဳ႕နယ္ေတြက အေျခခံလူတန္းစား အိမ္ေထာင္စု ၁ စုကုိ က်ပ္ ၄၀၀၀၀ အိမ္ျပင္မထြက္ရ အမိန္႔ထုတ္ျပန္မထားတဲ့ ၿမိဳ႕နယ္ေတြမွာ ၁ အိမ္ေထာင္ က်ပ္၂၀၀၀၀ ႏႈန္း သတ္မွတ္ထားတာပါ။ ဒါေပမဲ့လည္း ဒီလုိေထာက္ပံ့ရာမွာ ရသင့္တဲ့သူေတြ မပါ၀င္ဘူးဆုိၿပီး သက္ဆုိင္ရာ ေဒသခံအာဏာပုိင္ေတြကုိ ကန္႔ကြက္ဆႏၵျပတာ တုိင္ၾကားတာေတြလည္း ေပၚေပါက္ေနပါတယ္။
ရန္ကုန္တုိင္း ေ႐ႊေပါကၠံ ၂၂ ရပ္ကြက္မွာေနတဲ့ မျမတ္သူဇာကေတာ့ လက္လုပ္လက္စားတဦး ျဖစ္ေပမယ့္ အစုိးရကေထာက္ပံ့တဲ့ ၄ ႀကိမ္ စလုံးမရခဲ့ဘူးလို႔ ေျပာပါတယ္။

“ညီမတို႔က စက္ခ်ဳပ္တယ္၊ လက္လုပ္လက္စားသမားပဲ၊ ဝန္ထမ္းလည္းမဟုတ္ဘူး။ ပိုက္ဆံခ်မ္းသာတဲ့သူလည္းမဟုတ္ဘူး။ ခု က်မတို႔ ၂၂ ရက္ကြက္မွာ ဘာျဖစ္ေနလဲဆိုေတာ့ အိမ္ေျခတစ္ေထာင္ေက်ာ္ပဲရွိတာ မရွိတဲ့သူက ၇၀၀ ၈၀၀ ေလာက္ရွိတယ္။ အဲ့ဒီမွာ ၄၀၀ ေက်ာ္ပဲရတယ္။ က်န္တဲ့ ကြၽန္မတို႔က မရဘူး။ ၿပီးေတာ့ စာရင္းေကာက္တယ္ဆိုတာကလည္း ကြၽန္မတို႔ အိမ္မွာေတာက္ေလ်ာက္ရွိတယ္။ ကြၽန္မတို႔ လမ္းထဲကို စာရင္းလာမေကာက္ဘူး။ သူတို႔နီးစပ္ရာ နီးစပ္ရာပဲ ေကာက္သြားတဲ့ခါက်ေတာ့ ကြၽန္မတို႔က မရဘူး။”

ကပ္ေရာဂါကာလ စား၀တ္ေနေရး အၾကပ္အတည္း ႀကံဳေနရသူေတြကုိ အစုိးရက စိစစ္ၿပီး အေထာက္အပံ့ေတြ ေပးေနတယ္ ဆုိေပမဲ့ အားနည္းခ်က္ေတြ ရွိေနတာကုိလည္း တာ၀န္ရွိသူေတြက အသိအမွတ္ျပဳလက္ခံထားၾကပါတယ္။ စီးပြားေရးပညာရွင္ ေဒါက္တာေဇာ္ဦးကေတာ့ အခက္အခဲႀကံဳေနရတဲ့သူေတြ ျမန္ျမန္ဆန္ဆန္ အကူအညီရေအာင္ သတ္မွတ္ခ်က္ေတြကုိ ေလွ်ာ့ေပါ့ဖုိ႔နဲ႔ အစုိးရက ပုိမုိအကုန္အက်ခံသုံးစဲြဖုိ႔ အႀကံျပဳပါတယ္။

“အခုအခ်ိန္က လူေတြက မသမာတဲ့နည္းေတြနဲ႔လုပ္ႀကံၿပီး အစိုးရေငြ ကို ျဖဳန္းၾကမယ္ဆိုတဲ့ စိုးရိမ္မႈနဲ႔ေပါ့၊ ဒါကတစ္ဖက္ေပါ့ေႏွာ္။ ေနာက္တစ္ဖက္က ကြၽန္ေတာ္တို႔ အစိုးရ က လိုအပ္ေနတဲ့ ျပည္သူေတြကို အခ်ိန္မီမေထာက္ပံ့ႏိုင္ရင္ အဲ့ဒီလူေတြဟာ ပိုၿပီးေတာ့ ဒုကၡေရာက္ႏိုင္ တယ္ဆိုတဲ့ တစ္ခ်က္ေပါ့ေႏွာ္၊ အဲ့ဒီ စိုးရိမ္မႈ ႏွစ္ခုၾကားမွာ လြန္ဆြဲေနရတဲ့ ကာလေပါ့။ အဲ့ေတာ့ ကြၽန္ေတာ္အျမင္အရ ေျပာမယ္ဆိုရင္ေတာ့ မသမာမႈေတြကို စိုးရိမ္ေနမယ့္အစားေပါ့ လိုတဲ့သူ ရသင့္ တဲ့သူေတြအားလုံးဟာ အျမန္ဆုံးနည္းနဲ႔ ျမန္ျမန္ဆန္ဆန္လာၿပီးေတာ့ ထုတ္ယူႏိုင္ေအာင္ စည္းမ်ဥ္း စည္းကမ္းနည္းနည္နဲ႔ ထုတ္ယူႏိုင္တဲ့နည္းကို ပိုၿပီးေတာ့ လုပ္သင့္တယ္လို႔ ထင္တယ္။ အဲ့ဒါေၾကာင့္ အစိုးရက စည္းမ်ဥ္းစည္းကမ္းေတြ သတ္မွတ္ကတည္းက ေဘာင္ေလးကို နည္းနည္း က်ယ္က်ယ္ ထားၿပီး သတ္မွတ္သင့္တယ္။ ဒီအတြက္ကိုလည္း သိပ္ၿပီးေတာ့ မႏွေမ်ာသင့္ဘူး၊ ဘာလို႔လည္းဆိုေတာ့ ဒီအခ်ိန္က တကယ္ကို လိုအပ္ေနတဲ့ အခ်ိန္ျဖစ္ေနတယ္ေပါ့၊ မသမာမႈေတြက်ဴးလြန္မယ္ဆိုတဲ့ ကိစၥက ေတာ့ ေနာက္တစ္ဆင့္အေနနဲ႔ပဲ ေျဖရွင္းသင့္တယ္လို႔ထင္တယ္။ ဒီလို မသမာမႈေတြလုပ္ခဲ့ရင္ေတာ့ အစိုးရကို တိုင္စာပို႔ႏိုင္ပါတယ္၊ အႀကံေပးႏိုင္ပါတယ္ဆိုတာမ်ိဳး၊ အဲ့ဒီအေပၚမွာပဲ အစိုးရက အေရးယူ ေဆာင္႐ြက္တာမ်ိဳးလုပ္မယ္ဆိုရင္ေတာ့ ေပးတဲ့ကိစၥက ေႏွာင့္ေႏွးမႈမျဖစ္ဘူးေပါ့။”

ကပ္ေရာဂါကာလမွာ အေျခခံလူတန္းစားေတြကိုေပးတဲ့ ေထာက္ပံ့ေၾကးေတြ မရတာမ်ိဳးရွိရင္ တိုင္ၾကားႏိုင္ေအာင္ ေဆာင္႐ြက္ေပးထားၿပီးျဖစ္သလို က်န္ခဲ့တဲ့ သူေတြကိုလည္း ထပ္ၿပီးပံ့ပိုးေပးမွာျဖစ္တယ္လို႔ ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ကပ္ေရာဂါအေျခအေနနဲ႔ ပတ္သက္လုိ႔ ျပည္သူလူထုကုိ မေန႔တုန္းကေျပာၾကားတဲ့ မိန္႔ခြန္းမွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

“ဒီေထာက္ပံ့ေၾကးေတြေပးတာဟာ ခုဆိုရင္ စတုတၳအႀကိမ္ရွိပါၿပီ။ ပထမ ဒုတိယ တတိယ အားလုံး ေခ်ာေခ်ာေမြ႕ေမြ႕ျဖစ္ခဲ့ပါတယ္။ အခု စတုတၳအႀကိမ္မွာ တစ္ခ်ိဳ႕ေနရာေတြမွာ လူစုလူေဝးလုပ္ၿပီးေတာ့ နည္းနည္း ဆူပူတာေတြျဖစ္လာတယ္ဆိုၿပီးေတာ့ ကြၽန္မတို႔ ေတြ႕ရပါတယ္။ ဒါေတြက မလိုအပ္ပါဘူး။ ဘာျဖစ္လို႔လည္းဆိုေတာ့ ကြၽန္မတို႔က ဘယ္သူ႔ကိုမွ ခ်န္ခဲ့ဖို႔ မရွိပါဘူး။ ဘယ္သူ႔ကိုလည္း ခ်န္ခဲ့မွာ မဟုတ္ပါဘူး။ အေၾကာင္းေၾကာင္းမို႔လို႔ က်န္ခဲ့တယ္ဆိုလို႔ရွိရင္ တိုင္ၾကားႏိုင္တဲ့ ဌာနေတြ ကြၽန္မတို႔ စၿပီးေတာ့ ဖြင့္ပါၿပီ၊ အဲ့ေတာ့ တိုင္ၾကားႏိုင္ပါတယ္။ တိုင္ၾကားၿပီးေတာ့ က်န္ခဲ့တယ္ဆိုလို႔ရွိရင္ ကိုယ့္မိသားစု က်န္ခဲ့တယ္၊ တစ္ေယာက္တည္းသမားမို႔လို႔ ကိုယ္ရပိုင္ခြင့္ကို မရဘူးဆိုလို႔ရွိရင္လည္း တိုင္လို႔ရပါတယ္။ အဲ့ေတာ့ ေအးေအးေဆးေဆးနဲ႔ ဒီတိုင္စာဌာနမွာတိုင္ၾကပါ။ အေျခအေနဘယ္လိုျဖစ္ တာလည္းဆိုတာေျပာၾကပါ။ ကြၽန္မတို႔ ရည္႐ြယ္ခ်က္နဲ႔ ဘယ္သူ႔ကိုမွထားခဲ့မွာလည္း မဟုတ္ပါဘူး။ အကယ္၍ က်န္ခဲ့လို႔ရွိရင္လည္း ျပန္ၿပီးေတာ့ ပံ့ပိုးေပးမွာျဖစ္ပါတယ္။”

ေထာက္ပံ့ေၾကးမရၾကသူေတြရွိရင္ တိုင္ၾကားႏိုင္ဖို႔အတြက္ တိုင္းနဲ႔ ျပည္နယ္၊ ၿမိဳ႕နယ္အလိုက္ တိုင္ၾကားစာေျဖရွင္းေရးဌာနေတြ ဖြင့္ေပးထားၿပီးျဖစ္သလို တိုင္ၾကားႏိုင္တဲ့ ဖုန္းနံပါတ္ေတြကိုလည္း ျပည္ေထာင္စု အစိုးရ႐ုံးဝန္ႀကီးဌာန Facebook စာမ်က္ႏွာကေန ေၾကညာေပးထားပါတယ္။

ပထမအႀကိမ္ ဧၿပီလနဲ႔ ဇြန္လမွာ အိမ္ေထာင္စုေပါင္း ၅.၄ သန္းအတြက္ က်ပ္ ၇၂ ဘီလီယံ၊ ဒုတိယအႀကိမ္ ဇူလိုင္နဲ႔ ၾသဂုတ္လအတြက္ အိမ္ေထာင္စု ၅.၄ သန္းအတြက္ တစ္အိမ္ေထာင္ က်ပ္၂ ေသာင္းႏႈန္းနဲ႔ ၂၁၈ ဘီလီယံေက်ာ္၊ တတိယအႀကိမ္ စက္တင္ဘာလအတြက္ အိမ္ေထာင္စုေပါင္း ၅.၇ သန္းခန္႔အတြက္ ၁၁၃ ဘီလီယံေက်ာ္ ေထာက္ပံ့ခဲ့ၿပီး စတုတၳအႀကိမ္မွာ အိမ္ေထာင္စုေပါင္း ၆ သန္းေက်ာ္အတြက္ က်ပ္ေငြ ဘီလီယံ ၁၆၀ ေက်ာ္ သုံးစြဲဖို႔ ရည္႐ြယ္ထားတယ္လို႔ တာဝန္ရွိသူေတြ သတင္းထုတ္ျပန္ထားပါတယ္။

ကပ္ေရာဂါကာလမွာ ပုံမွန္ဝင္ေငြမရွိတာေၾကာင့္ စားဝတ္ေနေရး အခက္ႀကဳံေနၾကတဲ့ ပ်ံက်ေဈးသည္၊ အငွားယာဥ္ေမာင္း၊ က်ပန္းလုပ္သား၊ ေရလုပ္သား၊ အလုပ္ၾကမ္းသမား၊ ၿခံလုပ္သား၊ ပုဂၢလိက လုပ္ငန္းေတြမွာလုပ္ကိုင္ေနတဲ့ ေန႔စား ဒါမွမဟုတ္ ယာယီဝန္ထမ္း၊ အျခားပုံမွန္ ဝင္ေငြမရွိတဲ့ အလုပ္သမားေတြနဲ႔ အလုပ္လက္မဲ့ ျဖစ္ေနသူေတြကို အေျခခံလူတန္းစားေတြအျဖစ္ သတ္မွတ္ၿပီး အစိုးရက ေထာက္ပံ့ေနတာပါ။ တခ်ိန္တည္းမွာပဲ ကပ္ေရာဂါနဲ႔ ႀကဳံရခ်ိန္မွာ လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ အိုးအိမ္စြန႔္ခြာေျပးေနၾကရသူေတြ၊ အသက္ ၂ ႏွစ္ေအာက္ ကေလးငယ္ေတြ၊ ကိုယ္ဝန္ေဆာင္မိခင္ေတြႏွင့္ သက္ႀကီး႐ြယ္အိုေတြကိုလည္း အစိုးရနဲ႔ ႏိုင္ငံတကာ အသိုင္းအဝန္းက ေထာက္ပံ့ကူညီတာေတြလည္း ရွိပါတယ္ရွင္။

....................................

{{Unicode}}

ကိုဗစ်ကပ်ရောဂါကာလ စားဝတ်နေရေး အခက်ကြုံနေရတဲ့ အခြေခံလူတန်းစားတွေကို အစိုးရက ထောက်ပံ့ရာမှာ အငြင်းပွားစရာ ပေါ်နေရတဲ့အပေါ် ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်ကို အိမ့်သန္တာထွန်း က ရန်ကုန်မြို့ကနေ စုစည်းပေးပို့ထားပါတယ်။

ကပ်ရောဂါကာလမှာ စားဝတ်နေရေး အခက်အခဲကြုံနေကြရတဲ့ အခြေခံလူတန်းစားတွေအတွက် အစိုးရက ရိက္ခာနဲ့ ငွေကြေး အကူအညီ ထောက်ပံ့တာ ၄ ကြိမ် ရှိလာပေမဲ့ ရသင့်ရထိုက်သူတွေ မရဘူးဆိုပြီး ဝေဖန်သံတွေလည်း အကြိမ်တိုင်းလိုလို ကြားနေရပါတယ်။ အခုနောက်ဆုံး စတုတ္ထအကြိမ်ထောက်ပံ့ကြေး ပေးရာမှာတော့ ကပ်ရောဂါကြောင့် အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားတဲ့ မြို့နယ်တွေက အခြေခံလူတန်းစား အိမ်ထောင်စု ၁ စုကို ကျပ် ၄၀၀၀၀ အိမ်ပြင်မထွက်ရ အမိန့်ထုတ်ပြန်မထားတဲ့ မြို့နယ်တွေမှာ ၁ အိမ်ထောင် ကျပ်၂၀၀၀၀ နှုန်း သတ်မှတ်ထားတာပါ။ ဒါပေမဲ့လည်း ဒီလိုထောက်ပံ့ရာမှာ ရသင့်တဲ့သူတွေ မပါဝင်ဘူးဆိုပြီး သက်ဆိုင်ရာ ဒေသခံအာဏာပိုင်တွေကို ကန့်ကွက်ဆန္ဒပြတာ တိုင်ကြားတာတွေလည်း ပေါ်ပေါက်နေပါတယ်။
ရန်ကုန်တိုင်း ရွှေပေါက္ကံ ၂၂ ရပ်ကွက်မှာနေတဲ့ မမြတ်သူဇာကတော့ လက်လုပ်လက်စားတဦး ဖြစ်ပေမယ့် အစိုးရကထောက်ပံ့တဲ့ ၄ ကြိမ် စလုံးမရခဲ့ဘူးလို့ ပြောပါတယ်။

“ညီမတို့က စက်ချုပ်တယ်၊ လက်လုပ်လက်စားသမားပဲ၊ ဝန်ထမ်းလည်းမဟုတ်ဘူး။ ပိုက်ဆံချမ်းသာတဲ့သူလည်းမဟုတ်ဘူး။ ခု ကျမတို့ ၂၂ ရက်ကွက်မှာ ဘာဖြစ်နေလဲဆိုတော့ အိမ်ခြေတစ်ထောင်ကျော်ပဲရှိတာ မရှိတဲ့သူက ၇၀၀ ၈၀၀ လောက်ရှိတယ်။ အဲ့ဒီမှာ ၄၀၀ ကျော်ပဲရတယ်။ ကျန်တဲ့ ကျွန်မတို့က မရဘူး။ ပြီးတော့ စာရင်းကောက်တယ်ဆိုတာကလည်း ကျွန်မတို့ အိမ်မှာတောက်လျောက်ရှိတယ်။ ကျွန်မတို့ လမ်းထဲကို စာရင်းလာမကောက်ဘူး။ သူတို့နီးစပ်ရာ နီးစပ်ရာပဲ ကောက်သွားတဲ့ခါကျတော့ ကျွန်မတို့က မရဘူး။”

ကပ်ရောဂါကာလ စားဝတ်နေရေး အကြပ်အတည်း ကြုံနေရသူတွေကို အစိုးရက စိစစ်ပြီး အထောက်အပံ့တွေ ပေးနေတယ် ဆိုပေမဲ့ အားနည်းချက်တွေ ရှိနေတာကိုလည်း တာဝန်ရှိသူတွေက အသိအမှတ်ပြုလက်ခံထားကြပါတယ်။ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးကတော့ အခက်အခဲကြုံနေရတဲ့သူတွေ မြန်မြန်ဆန်ဆန် အကူအညီရအောင် သတ်မှတ်ချက်တွေကို လျှော့ပေါ့ဖို့နဲ့ အစိုးရက ပိုမိုအကုန်အကျခံသုံးစွဲဖို့ အကြံပြုပါတယ်။

“အခုအချိန်က လူတွေက မသမာတဲ့နည်းတွေနဲ့လုပ်ကြံပြီး အစိုးရငွေ ကို ဖြုန်းကြမယ်ဆိုတဲ့ စိုးရိမ်မှုနဲ့ပေါ့၊ ဒါကတစ်ဖက်ပေါ့နှော်။ နောက်တစ်ဖက်က ကျွန်တော်တို့ အစိုးရ က လိုအပ်နေတဲ့ ပြည်သူတွေကို အချိန်မီမထောက်ပံ့နိုင်ရင် အဲ့ဒီလူတွေဟာ ပိုပြီးတော့ ဒုက္ခရောက်နိုင် တယ်ဆိုတဲ့ တစ်ချက်ပေါ့နှော်၊ အဲ့ဒီ စိုးရိမ်မှု နှစ်ခုကြားမှာ လွန်ဆွဲနေရတဲ့ ကာလပေါ့။ အဲ့တော့ ကျွန်တော်အမြင်အရ ပြောမယ်ဆိုရင်တော့ မသမာမှုတွေကို စိုးရိမ်နေမယ့်အစားပေါ့ လိုတဲ့သူ ရသင့် တဲ့သူတွေအားလုံးဟာ အမြန်ဆုံးနည်းနဲ့ မြန်မြန်ဆန်ဆန်လာပြီးတော့ ထုတ်ယူနိုင်အောင် စည်းမျဉ်း စည်းကမ်းနည်းနည်နဲ့ ထုတ်ယူနိုင်တဲ့နည်းကို ပိုပြီးတော့ လုပ်သင့်တယ်လို့ ထင်တယ်။ အဲ့ဒါကြောင့် အစိုးရက စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ကတည်းက ဘောင်လေးကို နည်းနည်း ကျယ်ကျယ် ထားပြီး သတ်မှတ်သင့်တယ်။ ဒီအတွက်ကိုလည်း သိပ်ပြီးတော့ မနှမျောသင့်ဘူး၊ ဘာလို့လည်းဆိုတော့ ဒီအချိန်က တကယ်ကို လိုအပ်နေတဲ့ အချိန်ဖြစ်နေတယ်ပေါ့၊ မသမာမှုတွေကျူးလွန်မယ်ဆိုတဲ့ ကိစ္စက တော့ နောက်တစ်ဆင့်အနေနဲ့ပဲ ဖြေရှင်းသင့်တယ်လို့ထင်တယ်။ ဒီလို မသမာမှုတွေလုပ်ခဲ့ရင်တော့ အစိုးရကို တိုင်စာပို့နိုင်ပါတယ်၊ အကြံပေးနိုင်ပါတယ်ဆိုတာမျိုး၊ အဲ့ဒီအပေါ်မှာပဲ အစိုးရက အရေးယူ ဆောင်ရွက်တာမျိုးလုပ်မယ်ဆိုရင်တော့ ပေးတဲ့ကိစ္စက နှောင့်နှေးမှုမဖြစ်ဘူးပေါ့။”

ကပ်ရောဂါကာလမှာ အခြေခံလူတန်းစားတွေကိုပေးတဲ့ ထောက်ပံ့ကြေးတွေ မရတာမျိုးရှိရင် တိုင်ကြားနိုင်အောင် ဆောင်ရွက်ပေးထားပြီးဖြစ်သလို ကျန်ခဲ့တဲ့ သူတွေကိုလည်း ထပ်ပြီးပံ့ပိုးပေးမှာဖြစ်တယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကပ်ရောဂါအခြေအနေနဲ့ ပတ်သက်လို့ ပြည်သူလူထုကို မနေ့တုန်းကပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ဒီထောက်ပံ့ကြေးတွေပေးတာဟာ ခုဆိုရင် စတုတ္ထအကြိမ်ရှိပါပြီ။ ပထမ ဒုတိယ တတိယ အားလုံး ချောချောမွေ့မွေ့ဖြစ်ခဲ့ပါတယ်။ အခု စတုတ္ထအကြိမ်မှာ တစ်ချို့နေရာတွေမှာ လူစုလူဝေးလုပ်ပြီးတော့ နည်းနည်း ဆူပူတာတွေဖြစ်လာတယ်ဆိုပြီးတော့ ကျွန်မတို့ တွေ့ရပါတယ်။ ဒါတွေက မလိုအပ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မတို့က ဘယ်သူ့ကိုမှ ချန်ခဲ့ဖို့ မရှိပါဘူး။ ဘယ်သူ့ကိုလည်း ချန်ခဲ့မှာ မဟုတ်ပါဘူး။ အကြောင်းကြောင်းမို့လို့ ကျန်ခဲ့တယ်ဆိုလို့ရှိရင် တိုင်ကြားနိုင်တဲ့ ဌာနတွေ ကျွန်မတို့ စပြီးတော့ ဖွင့်ပါပြီ၊ အဲ့တော့ တိုင်ကြားနိုင်ပါတယ်။ တိုင်ကြားပြီးတော့ ကျန်ခဲ့တယ်ဆိုလို့ရှိရင် ကိုယ့်မိသားစု ကျန်ခဲ့တယ်၊ တစ်ယောက်တည်းသမားမို့လို့ ကိုယ်ရပိုင်ခွင့်ကို မရဘူးဆိုလို့ရှိရင်လည်း တိုင်လို့ရပါတယ်။ အဲ့တော့ အေးအေးဆေးဆေးနဲ့ ဒီတိုင်စာဌာနမှာတိုင်ကြပါ။ အခြေအနေဘယ်လိုဖြစ် တာလည်းဆိုတာပြောကြပါ။ ကျွန်မတို့ ရည်ရွယ်ချက်နဲ့ ဘယ်သူ့ကိုမှထားခဲ့မှာလည်း မဟုတ်ပါဘူး။ အကယ်၍ ကျန်ခဲ့လို့ရှိရင်လည်း ပြန်ပြီးတော့ ပံ့ပိုးပေးမှာဖြစ်ပါတယ်။”

ထောက်ပံ့ကြေးမရကြသူတွေရှိရင် တိုင်ကြားနိုင်ဖို့အတွက် တိုင်းနဲ့ ပြည်နယ်၊ မြို့နယ်အလိုက် တိုင်ကြားစာဖြေရှင်းရေးဌာနတွေ ဖွင့်ပေးထားပြီးဖြစ်သလို တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်တွေကိုလည်း ပြည်ထောင်စု အစိုးရရုံးဝန်ကြီးဌာန Facebook စာမျက်နှာကနေ ကြေညာပေးထားပါတယ်။

ပထမအကြိမ် ဧပြီလနဲ့ ဇွန်လမှာ အိမ်ထောင်စုပေါင်း ၅.၄ သန်းအတွက် ကျပ် ၇၂ ဘီလီယံ၊ ဒုတိယအကြိမ် ဇူလိုင်နဲ့ သြဂုတ်လအတွက် အိမ်ထောင်စု ၅.၄ သန်းအတွက် တစ်အိမ်ထောင် ကျပ်၂ သောင်းနှုန်းနဲ့ ၂၁၈ ဘီလီယံကျော်၊ တတိယအကြိမ် စက်တင်ဘာလအတွက် အိမ်ထောင်စုပေါင်း ၅.၇ သန်းခန့်အတွက် ၁၁၃ ဘီလီယံကျော် ထောက်ပံ့ခဲ့ပြီး စတုတ္ထအကြိမ်မှာ အိမ်ထောင်စုပေါင်း ၆ သန်းကျော်အတွက် ကျပ်ငွေ ဘီလီယံ ၁၆၀ ကျော် သုံးစွဲဖို့ ရည်ရွယ်ထားတယ်လို့ တာဝန်ရှိသူတွေ သတင်းထုတ်ပြန်ထားပါတယ်။

ကပ်ရောဂါကာလမှာ ပုံမှန်ဝင်ငွေမရှိတာကြောင့် စားဝတ်နေရေး အခက်ကြုံနေကြတဲ့ ပျံကျဈေးသည်၊ အငှားယာဉ်မောင်း၊ ကျပန်းလုပ်သား၊ ရေလုပ်သား၊ အလုပ်ကြမ်းသမား၊ ခြံလုပ်သား၊ ပုဂ္ဂလိက လုပ်ငန်းတွေမှာလုပ်ကိုင်နေတဲ့ နေ့စား ဒါမှမဟုတ် ယာယီဝန်ထမ်း၊ အခြားပုံမှန် ဝင်ငွေမရှိတဲ့ အလုပ်သမားတွေနဲ့ အလုပ်လက်မဲ့ ဖြစ်နေသူတွေကို အခြေခံလူတန်းစားတွေအဖြစ် သတ်မှတ်ပြီး အစိုးရက ထောက်ပံ့နေတာပါ။ တချိန်တည်းမှာပဲ ကပ်ရောဂါနဲ့ ကြုံရချိန်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာပြေးနေကြရသူတွေ၊ အသက် ၂ နှစ်အောက် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနှင့် သက်ကြီးရွယ်အိုတွေကိုလည်း အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက ထောက်ပံ့ကူညီတာတွေလည်း ရှိပါတယ်ရှင်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG