သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ေရာဂါကူးစက္သူ ၇၅,၀၀၀ နီးပါးရွိၿပီ


ကိုဗစ္ေရာဂါပိုး စစ္ေဆးေနသည့္ျမင္ကြင္း (ေအာက္တိုဘာ ၁၃၊၂ဝ၂ဝ)

{{Zawgyi/Unicode}}

ျမန္မာႏုိင္ငံမွာ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရသူဦးေရ ၇၅,၀၀၀ နီးပါးရွိသြားၿပီဆိုတာ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီထုတ္ျပန္ခ်က္မွာ ေတြ႔ရပါတယ္။ ဒီေန႔မွာ ေနာက္ထပ္ ဓာတ္ခဲြအတည္ျပဳလူနာ ၁,၅၆၀ ထပ္မံေတြ႔ရွိတာေၾကာင့္ ေရာဂါကူးစက္ခံရသူ စုစုေပါင္း ၇၄,၈၈၂ ေယာက္ ရွိသြားၿပီျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ဗုိင္းရပ္စ္ေၾကာင့္ ေနာက္ထပ္ ေသဆုံးသူ ၂၆ ေယာက္ ရွိတဲ့အတြက္ ေသဆုံးသူ စုစုေပါင္းဟာလည္း ၁,၆၇၆ ေယာက္ရွိသြားၿပီျဖစ္တယ္လို႔ ေျပာပါတယ္။ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓာတ္ခဲြနမူနာ ၁၇,၉၅၄ ခုကို စစ္ေဆးခဲ့ၿပီး၊ အခုဆုိရင္ ဓာတ္ခဲြနမူနာေပါင္း ၉၆၉,၀၀၀ ေက်ာ္ စမ္းသပ္ စစ္ေဆးခဲ့ၿပီျဖစ္ပါတယ္။ ဒီေန႔မွာ ေဆး႐ုံကဆင္းခြင့္ရသူ ၈၆၉ ေယာက္ရွိတာေၾကာင့္ ေရာဂါသက္သာေပ်ာက္ကင္းလာသူဦးေရဟာလည္း ၅၅,၆၃၃ ေယာက္ ရွိသြားၿပီျဖစ္တယ္လို႔ ေျပာပါတယ္။

မေန႔ကေတာ့ ျပည္ပက ျပန္လာသူ ၁၀ ေယာက္အပါအ၀င္ စုစုေပါင္း ဓာတ္ခဲြအတည္ျပဳလူနာ ၁,၅၉၂ ေယာက္ရွိခဲ့ပါတယ္။ အဲဒီထဲမွာ ရန္ကုန္တုိင္းက ၉၃၅ ေယာက္ နဲ႔အမ်ားဆုံးျဖစ္ၿပီး ပဲခူးတုိင္းက ၂၀၇ ေယာက္ နဲ႔ ဒုတိယ ၊ မႏၱေလးတုိင္းက ၁၇၅ ေယာက္နဲ႔ တတိယအမ်ားဆုံးျဖစ္သလို ဧရာ၀တီတုိင္းက ၁၃၁ ေယာက္ ပါ၀င္ခဲ့ပါတယ္။

.......................

ျမန္မာ COVID-19 ေရာဂါကူးစက္သူ ၇၅,၀၀၀ နီးပါးရွိၿပီ
please wait

No media source currently available

0:00 0:01:08 0:00
တိုက္႐ိုက္ လင့္ခ္


{{Unicode}}

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၇၅,၀၀၀ နီးပါးရှိသွားပြီဆိုတာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ ဒီနေ့မှာ နောက်ထပ် ဓာတ်ခွဲအတည်ပြုလူနာ ၁,၅၆၀ ထပ်မံတွေ့ရှိတာကြောင့် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၇၄,၈၈၂ ယောက် ရှိသွားပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်ကြောင့် နောက်ထပ် သေဆုံးသူ ၂၆ ယောက် ရှိတဲ့အတွက် သေဆုံးသူ စုစုပေါင်းဟာလည်း ၁,၆၇၆ ယောက်ရှိသွားပြီဖြစ်တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၇,၉၅၄ ခုကို စစ်ဆေးခဲ့ပြီး၊ အခုဆိုရင် ဓာတ်ခွဲနမူနာပေါင်း ၉၆၉,၀၀၀ ကျော် စမ်းသပ် စစ်ဆေးခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့မှာ ဆေးရုံကဆင်းခွင့်ရသူ ၈၆၉ ယောက်ရှိတာကြောင့် ရောဂါသက်သာပျောက်ကင်းလာသူဦးရေဟာလည်း ၅၅,၆၃၃ ယောက် ရှိသွားပြီဖြစ်တယ်လို့ ပြောပါတယ်။

မနေ့ကတော့ ပြည်ပက ပြန်လာသူ ၁၀ ယောက်အပါအဝင် စုစုပေါင်း ဓာတ်ခွဲအတည်ပြုလူနာ ၁,၅၉၂ ယောက်ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ရန်ကုန်တိုင်းက ၉၃၅ ယောက် နဲ့အများဆုံးဖြစ်ပြီး ပဲခူးတိုင်းက ၂၀၇ ယောက် နဲ့ ဒုတိယ ၊ မန္တလေးတိုင်းက ၁၇၅ ယောက်နဲ့ တတိယအများဆုံးဖြစ်သလို ဧရာဝတီတိုင်းက ၁၃၁ ယောက် ပါဝင်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG