သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD ေရြးေကာက္ပြဲႏုိင္တဲ့အေပၚ ၿဗိတိန္၀န္ႀကီးခ်ဳပ္ ဂုဏ္ျပဳ


မွတ္တမ္းဓါတ္ပံု- ၂၀၁၈ ေဖေဖာ္၀ါရီ တုန္းက ၿဗိတိန္ ဝန္ႀကီးခ်ဳပ္ Boris Johnson ႏွင့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ ေတြ႔ဆံုစဥ္

(Zawgyi/Unicode)

ၿဗိတိန္ ဝန္ႀကီးခ်ဳပ္ Boris Johnson က ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ႏိုဝင္ဘာ ၂၀ ရက္ မနက္ပုိင္းမွာ ဖုန္းေခၚဆိုရင္း ၂၀၂၀ ေရြးေကာက္ပဲြမွာ NLD ပါတီ အႏိုင္ရခဲ့တာအတြက္ ခ်ီးက်ဴးေျပာၾကားၿပီး ဒီ ေရြးေကာက္ပဲြက ျမန္မာႏိုင္ငံ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးအတြက္ ေနာက္ထပ္ အေရးႀကီးတဲ့ ေျခလွမ္းျဖစ္တယ္လို႔လည္း ေျပာဆိုလုိက္ပါတယ္။

အဲဒီေနာက္ သူတုိ႔ ႏွစ္ဦးဟာ ျမန္မာႏိုင္ငံ ရင္ဆုိင္ႀကဳံေတြ႔ရမယ့္ စိန္ေခၚမႈေတြကို ဆက္လက္ေဆြးေႏြးၾကၿပီး၊ ရခိုင္ျပည္နယ္က ပဋိပကၡနဲ႔ ႐ုိဟင္ဂ်ာ အၾကပ္အတည္းအေပၚ ၿဗိတိန္အေနနဲ႔ စိုးရိမ္ေနေၾကာင္းကုိ ဝန္ႀကီးခ်ဳပ္ Boris Johnson က အေလးထား ေျပာခဲ့ပါတယ္။

ျမန္မာအစိုးရကေတာ့ ႐ုိဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံ ပယ္ခ်ထားပါတယ္။

ကုိဗစ္ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရးမွာ ႏိုင္ငံေတြၾကား ဘယ္လိုပူးေပါင္း ေဆာင္ရြက္ႏိုင္မလဲ ဆိုတာကို ေဆြးေႏြးခဲ့ၾကသလို၊ လာမယ့္ႏွစ္ ၿဗိတိန္အစိုးရက တာဝန္ယူက်င္းပမယ့္ COP26 ညီလာခံနဲ႔ပတ္သက္ၿပီး ရာသီဥတုေျပာင္းလဲမႈ ေလွ်ာ့ခ်ေရး ဘယ္ေလာက္အေရးႀကီးတယ္ ဆိုတာကိုလည္း ေခါင္းေဆာင္ႏွစ္ဦးၾကား သေဘာတူခဲ့ၾကပါတယ္။

ဒါ့အျပင္ ၿဗိတိန္က ဆုံးျဖတ္ခ်က္ခ်ထားတဲ့ အင္ဒုိ-ပစိဖိတ္ေဒသ အားေကာင္းလာေစေရးနဲ႔ အာဆီယံႏုိင္ငံေတြနဲ႔လည္း နီးကပ္စြာ ဆက္ဆံသြားေရးတို႔ကို ၿဗိတိန္ဝန္ႀကီးခ်ဳပ္က ထပ္ေလာင္းအတည္ျပဳ ေျပာဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္

.............

NLD ရွေးကောက်ပွဲနိုင်တဲ့အပေါ် ဗြိတိန်ဝန်ကြီးချုပ် ဂုဏ်ပြု

(Unicode)

ဗြိတိန် ဝန်ကြီးချုပ် Boris Johnson က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာ ၂၀ ရက် မနက်ပိုင်းမှာ ဖုန်းခေါ်ဆိုရင်း ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရခဲ့တာအတွက် ချီးကျူးပြောကြားပြီး ဒီ ရွေးကောက်ပွဲက မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် နောက်ထပ် အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

အဲဒီနောက် သူတို့ နှစ်ဦးဟာ မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ဆက်လက်ဆွေးနွေးကြပြီး၊ ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ ရိုဟင်ဂျာ အကြပ်အတည်းအပေါ် ဗြိတိန်အနေနဲ့ စိုးရိမ်နေကြောင်းကို ဝန်ကြီးချုပ် Boris Johnson က အလေးထား ပြောခဲ့ပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံ ပယ်ချထားပါတယ်။

ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးမှာ နိုင်ငံတွေကြား ဘယ်လိုပူးပေါင်း ဆောင်ရွက်နိုင်မလဲ ဆိုတာကို ဆွေးနွေးခဲ့ကြသလို၊ လာမယ့်နှစ် ဗြိတိန်အစိုးရက တာဝန်ယူကျင်းပမယ့် COP26 ညီလာခံနဲ့ပတ်သက်ပြီး ရာသီဥတုပြောင်းလဲမှု လျှော့ချရေး ဘယ်လောက်အရေးကြီးတယ် ဆိုတာကိုလည်း ခေါင်းဆောင်နှစ်ဦးကြား သဘောတူခဲ့ကြပါတယ်။

ဒါ့အပြင် ဗြိတိန်က ဆုံးဖြတ်ချက်ချထားတဲ့ အင်ဒို-ပစိဖိတ်ဒေသ အားကောင်းလာစေရေးနဲ့ အာဆီယံနိုင်ငံတွေနဲ့လည်း နီးကပ်စွာ ဆက်ဆံသွားရေးတို့ကို ဗြိတိန်ဝန်ကြီးချုပ်က ထပ်လောင်းအတည်ပြု ပြောဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG