သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD ရဲ႕ၿငိမ္းခ်မ္းေရး ကမ္းလွမ္းမႈ တိုင္းရင္းပါတီတခ်ိဳ႕ အျပဳသေဘာနဲ႔ တုံ႔ျပန္


NLD ပါတီ႐ံုးခ်ဳပ္ေရွ႕တြင္ ေအာင္ပြဲခံေနသည့္ ေထာက္ခံသူမ်ား။ (၉ ႏိုဝင္ဘာ ၂၀၂၀)

(Zawgyi/Unicode)

NLD ပါတီအေနနဲ႔ ေခတ္အဆက္ဆက္ ျဖစ္ပြားေနတဲ့ လက္နက္ကိုင္ ပဋိပကၡကို ႏိုင္ငံေရးနည္းနဲ႔ အေျဖရွာဖို႔ ဆုံးျဖတ္ထားေၾကာင္း အဖြဲ႕ခ်ဳပ္က ထုတ္ျပန္လိုက္သလို ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ အားလုံးပါဝင္ၾကဖို႔ တိုင္းရင္းသားပါတီ တခုခ်င္းဆီကို စာေပးပို႔ထားၿပီး ဒီအေပၚမွာ အျပဳသေဘာေဆာင္တဲ့ သေဘာထားေတြနဲ႔ တုံ႔ျပန္လိုက္တဲ့ တိုင္းရင္းသားပါတီတခ်ိဳ႕ရဲ႕ သေဘာထားကို ေျပာျပမွာပါ။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီရဲ႕ ႏိုဝင္ဘာ ၁၁ ရက္ေန႔စြဲတပ္ထားတဲ့ ျပည္ေထာင္စု အေရးကိစၥနဲ႔စပ္လ်ဥ္းၿပီး ကမ္းလွမ္းလိုက္တဲ့စာကို မေန႔က ရေၾကာင္းနဲ႔ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စု ေပၚထြန္းလာဖို႔ လိုလားေၾကာင္း ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ KSPP က ဒီေန႔ ႏိုဝင္ဘာ ၁၈ ရက္မွာ တုံ႔ျပန္တဲ့ သေဘာထား ထုတ္ျပန္လိုက္တာပါ။

ဒါေၾကာင့္ ဒီကမ္းလွမ္းမႈအေပၚမွာ အေကာင္းျမင္တဲ့ဘက္ကရွိၿပီးပူးေပါင္းေဆာင္႐ြက္မႈကေန ၿငိမ္းခ်မ္းေရးအတြက္ အလားအလာေကာင္းေတြ ရွိလာႏိုင္ေၾကာင္း KSPP ဥကၠ႒ ေဒါက္တာတူးဂ်ာက ဗြီအိုေအကို ေျပာပါတယ္။

“ ျဖစ္ေစခ်င္တာကေတာ့ ဘာလဲဆိုရင္ က်ေနာ္တို႔က အခု ၿငိမ္းခ်မ္းေရးက အမ်ားႀကီး အေရးႀကီးေနတယ္၊ ၿငိမ္းခ်မ္းေရး အျမန္ရရွိၿပီဆိုရင္ ဖက္ဒရယ္ ဒီမိုကေရစီႏိုင္ငံ အျမန္ေပၚထြန္းလာဖို႔ လိုအပ္တယ္၊ အဲဒါကို က်ေနာ္တို႔က အခုလို လမ္းစေပၚလာတာကေန စၿပီးေတာ့မွ ဖက္ဒရယ္ ဒီမိုကေရစီႏိုင္ငံ ေပၚထြန္းလာေအာင္ေရွ႕လုပ္ေဆာင္သြားစရာရွိတာေတြ လုပ္ေဆာင္သြားခ်င္တယ္လို႔၊ လုပ္ေဆာင္သြားဖို႔ လိုလားတယ္ဆိုတာကို ျပတာပါ။ အဲဒါက က်ေနာ္တို႔ရဲ႕ သေဘာထား ျဖစ္တယ္ဗ်။”

NLD ဘက္က ျပည္ေထာင္စုအေရးအတြက္ တိုင္းရင္းသားေတြနဲ႔ အတူေဆာင္႐ြက္မယ္ဆိုတဲ့ ကမ္းလွမ္းခ်က္ကို ႀကိဳဆိုေၾကာင္း ဒါေပမဲ့ ဒီသေဘာထားဟာ လက္ေတြ႕ ညႇိႏႈိင္းေဆာင္႐ြက္ရတဲ့အခ်ိန္မွာ ကိုက္ညီရဲ႕လားဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ေၾကာင္း ရခိုင္အမ်ိဳးသားပါတီ ဘက္က တုံ႔ျပန္လိုက္တာပါ။ ပါတီဒုဥကၠ႒ ေဒၚေအးႏုစိန္က ဗြီအိုေအကို အခုလိုေျပာပါတယ္။

“ က်မတို႔ လႈိက္လႈိက္လွဲလွဲ ႀကိဳဆိုပါတယ္လို႔၊ အေရွ႕ပိုင္းမွာဆိုရင္ တိုင္းရင္းသားေတြနဲ႔ ေဆြးေႏြးမယ္၊ ညႇိႏႈိင္းမယ့္အစီအစဥ္ မရွိဘူး၊ ဒီလို ျပတ္ျပတ္သားသား ေျပာခဲ့တာေတြလည္း က်မတို႔က ၾကားၿပီးသားဆိုေတာ့ အခုက်ေတာ့ အားလုံးကို လက္တြဲေဆာင္႐ြက္ ၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္တယ္ ဆိုတဲ့ စာကေလး ထုတ္တယ္ ဆိုကတည္းက ျပည္ေထာင္စုအေရးမွာ မဂၤလာရွိတဲ့ကိစၥ ေကာင္းတဲ့ ႏိုင္ငံေရး အလားအလာျဖစ္တယ္၊ အဲဒီေတာ့ အေျပာနဲ႔ အလုပ္နဲ႔လည္း ညီဖို႔လိုတယ္။ ေနာက္တကယ္ ညႇိႏႈိင္းၾကတဲ့အခါမွာေရာ ညႇိႏႈိင္းတဲ့ ေဘာင္ေတြေပါ့ေလ လုပ္ငန္းစဥ္ေတြကိုေတာ့ က်မတို႔ ေစာင့္ၾကည့္ရမယ့္ အေနအထားေတြေတာ့ ရွိပါတယ္။ ဒါေပမဲ့ က်မတို႔ ဒီစာအေပၚမွာေတာ့ ႀကိဳဆိုပါတယ္လို႔။”

ဒီမိုကေရစီနဲ႔ ဖက္ဒရယ္ ဘာကို အရင္ဦးစားေပးမလဲဆိုတဲ့ ကိစၥေတြကလည္း ေနာင္ေဆြးေႏြးမႈေတြကေန တၿပိဳင္နက္တည္းလုပ္ႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း တိုင္းရင္းသား ပါတီတခ်ိဳ႕က ေျပာပါတယ္။ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဒုတိယ ဥကၠ႒၊ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ဖို႔အတြက္ ႏိုဝင္ဘာ ၁၂ ရက္မွာ ဗဟိုက သေဘာထားထုတ္ျပန္ၿပီး ကမ္းလွမ္းခဲ့တာလို႔ၿပီးခဲ့တဲ့ စေနေန႔က သတင္းသမားေတြကို ေျပာခဲ့တာပါ။

“ တိုင္းရင္းသားအေရးဆိုရင္ က်ေနာ္တို႔ကလည္း စဖြဲ႕ကတည္းကိုက ပါတီထူေထာင္ကတည္းကိုက တိုင္းရင္းသားပါတီျဖစ္ရမယ္ဆိုတဲ့၊ ျပည္ေထာင္စုပါတီ ေပါ့ေနာ္ ျဖစ္ရမယ္ဆိုတဲ့ ရည္မွန္းခ်က္နဲ႔ ထူေထာင္ခဲ့တာဆိုေတာ့ အခု ရည္မွန္းခ်က္ခ်င္း တူမွေတာ့ ဘာလို႔ခြဲၿပီး လုပ္ၾကမလဲဆိုတဲ့ ခံယူခ်က္မ်ိဳးရွိတယ္၊ အဲဒါေၾကာင့္မို႔လည္း ကမ္းလွမ္းတာေပါ့ေနာ္။”

လက္ရွိ လႊတ္ေတာ္သက္တမ္းမွာလည္း အာဏာရပါတီ၊ တိုင္းရင္းသားပါတီေတြနဲ႔ တပ္မေတာ္ၾကား သုံးပြင့္ဆိုင္ အျပန္အလွန္ ေဆြးေႏႊးမႈေတြက တူညီတဲ့ လမ္းေၾကာင္း မေဖာ္ႏိုင္လို႔ ဖြဲ႕စည္းပုံျပင္ဆင္ေရးကလည္း မေအာင္ျမင္ခဲ့သလို ျပည္သူ႔လႊတ္ေတာ္ တိုင္းရင္းသားေရးရာႏွင့္ ျပည္တြင္း ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈေကာ္မတီ က လက္နက္ကိုင္တိုက္ပြဲေတြနဲ႔ ပဋိပကၡေျဖရွင္းေရးမွာ လုပ္ေဆာင္မႈေတြ ေႏွးေကြးတယ္လို႔ ေထာက္ျပေနတာလည္း ရွိပါတယ္။

အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္ကေတာ့ ရခိုင္ျပည္နယ္ အေရးကိစၥဟာ လက္ရွိအစိုးရရဲ႕ ဒုတိယ သက္တမ္းကာလမွာလည္း ဦးစားေပးအေနနဲ႔ ရွိေနဦးမယ္ဆိုတာ ႏိုဝင္ဘာ ၁၅ ရက္ကလုပ္တဲ့ အာဆီယံ- ကုလသမဂၢအစည္းအေဝးမွာ ေျပာခဲ့တာပါ။

NLD ပါတီအေနနဲ႔ ၁၉၉၀ နဲ႔ ၂၀၁၅ အေထြေထြ ေ႐ြးေကာက္ပြဲ ရလဒ္ေတြထက္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ရာခိုင္ႏႈန္းအမ်ားဆုံးနဲ႔ ႏိုင္ခဲ့ၿပီးျပည္ေထာင္စု လႊတ္ေတာ္အတြက္ အမတ္ေနရာ ၃၉၆ ေနရာရခဲ့တာပါ။ အေမရိကန္၊ ၿဗိတိန္၊ အိႏၵိယ၊ ျပင္သစ္နဲ႔ ဩစေၾကးလ်ႏိုင္ငံေတြက အႏိုင္ရ NLD ပါတီကို ဂုဏ္ျပဳေၾကာင္း၊ ၿငိမ္းခ်မ္းေရးနဲ႔ ဒီမိုကေရစီအတြက္ ပံ့ပိုးသြားမယ့္အေၾကာင္း သေဘာထား အသီးသီးထုတ္ျပန္ ႀကိဳဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............

NLD ရဲ့ငြိမ်းချမ်းရေး ကမ်းလှမ်းမှု တိုင်းရင်းပါတီတချို့ အပြုသဘောနဲ့တုံ့ပြန်

(Unicode)

NLD ပါတီအနေနဲ့ ခေတ်အဆက်ဆက် ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ ဆုံးဖြတ်ထားကြောင်း အဖွဲ့ချုပ်က ထုတ်ပြန်လိုက်သလို ပြည်တွင်းငြိမ်းချမ်းရေးအတွက် အားလုံးပါဝင်ကြဖို့ တိုင်းရင်းသားပါတီ တခုချင်းဆီကို စာပေးပို့ထားပြီး ဒီအပေါ်မှာ အပြုသဘောဆောင်တဲ့ သဘောထားတွေနဲ့ တုံ့ပြန်လိုက်တဲ့ တိုင်းရင်းသားပါတီတချို့ရဲ့ သဘောထားကို ပြောပြမှာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ နိုဝင်ဘာ ၁၁ ရက်နေ့စွဲတပ်ထားတဲ့ ပြည်ထောင်စု အရေးကိစ္စနဲ့စပ်လျဉ်းပြီး ကမ်းလှမ်းလိုက်တဲ့စာကို မနေ့က ရကြောင်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာဖို့ လိုလားကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP က ဒီနေ့ နိုဝင်ဘာ ၁၈ ရက်မှာ တုံ့ပြန်တဲ့ သဘောထား ထုတ်ပြန်လိုက်တာပါ။

ဒါကြောင့် ဒီကမ်းလှမ်းမှုအပေါ်မှာ အကောင်းမြင်တဲ့ဘက်ကရှိပြီးပူးပေါင်းဆောင်ရွက်မှုကနေ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတွေ ရှိလာနိုင်ကြောင်း KSPP ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ဗွီအိုအေကို ပြောပါတယ်။

“ ဖြစ်စေချင်တာကတော့ ဘာလဲဆိုရင် ကျနော်တို့က အခု ငြိမ်းချမ်းရေးက အများကြီး အရေးကြီးနေတယ်၊ ငြိမ်းချမ်းရေး အမြန်ရရှိပြီဆိုရင် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ အမြန်ပေါ်ထွန်းလာဖို့ လိုအပ်တယ်၊ အဲဒါကို ကျနော်တို့က အခုလို လမ်းစပေါ်လာတာကနေ စပြီးတော့မှ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းလာအောင်ရှေ့လုပ်ဆောင်သွားစရာရှိတာတွေ လုပ်ဆောင်သွားချင်တယ်လို့၊ လုပ်ဆောင်သွားဖို့ လိုလားတယ်ဆိုတာကို ပြတာပါ။ အဲဒါက ကျနော်တို့ရဲ့ သဘောထား ဖြစ်တယ်ဗျ။”

NLD ဘက်က ပြည်ထောင်စုအရေးအတွက် တိုင်းရင်းသားတွေနဲ့ အတူဆောင်ရွက်မယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို ကြိုဆိုကြောင်း ဒါပေမဲ့ ဒီသဘောထားဟာ လက်တွေ့ ညှိနှိုင်းဆောင်ရွက်ရတဲ့အချိန်မှာ ကိုက်ညီရဲ့လားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ဘက်က တုံ့ပြန်လိုက်တာပါ။ ပါတီဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ ကျမတို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်လို့၊ အရှေ့ပိုင်းမှာဆိုရင် တိုင်းရင်းသားတွေနဲ့ ဆွေးနွေးမယ်၊ ညှိနှိုင်းမယ့်အစီအစဉ် မရှိဘူး၊ ဒီလို ပြတ်ပြတ်သားသား ပြောခဲ့တာတွေလည်း ကျမတို့က ကြားပြီးသားဆိုတော့ အခုကျတော့ အားလုံးကို လက်တွဲဆောင်ရွက် ကြလိမ့်မယ်လို့ မျှော်လင့်တယ် ဆိုတဲ့ စာကလေး ထုတ်တယ် ဆိုကတည်းက ပြည်ထောင်စုအရေးမှာ မင်္ဂလာရှိတဲ့ကိစ္စ ကောင်းတဲ့ နိုင်ငံရေး အလားအလာဖြစ်တယ်၊ အဲဒီတော့ အပြောနဲ့ အလုပ်နဲ့လည်း ညီဖို့လိုတယ်။ နောက်တကယ် ညှိနှိုင်းကြတဲ့အခါမှာရော ညှိနှိုင်းတဲ့ ဘောင်တွေပေါ့လေ လုပ်ငန်းစဉ်တွေကိုတော့ ကျမတို့ စောင့်ကြည့်ရမယ့် အနေအထားတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ကျမတို့ ဒီစာအပေါ်မှာတော့ ကြိုဆိုပါတယ်လို့။”

ဒီမိုကရေစီနဲ့ ဖက်ဒရယ် ဘာကို အရင်ဦးစားပေးမလဲဆိုတဲ့ ကိစ္စတွေကလည်း နောင်ဆွေးနွေးမှုတွေကနေ တပြိုင်နက်တည်းလုပ်နိုင်ဖို့ မျှော်လင့်ကြောင်း တိုင်းရင်းသား ပါတီတချို့က ပြောပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် နိုဝင်ဘာ ၁၂ ရက်မှာ ဗဟိုက သဘောထားထုတ်ပြန်ပြီး ကမ်းလှမ်းခဲ့တာလို့ပြီးခဲ့တဲ့ စနေနေ့က သတင်းသမားတွေကို ပြောခဲ့တာပါ။

“ တိုင်းရင်းသားအရေးဆိုရင် ကျနော်တို့ကလည်း စဖွဲ့ကတည်းကိုက ပါတီထူထောင်ကတည်းကိုက တိုင်းရင်းသားပါတီဖြစ်ရမယ်ဆိုတဲ့၊ ပြည်ထောင်စုပါတီ ပေါ့နော် ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ထူထောင်ခဲ့တာဆိုတော့ အခု ရည်မှန်းချက်ချင်း တူမှတော့ ဘာလို့ခွဲပြီး လုပ်ကြမလဲဆိုတဲ့ ခံယူချက်မျိုးရှိတယ်၊ အဲဒါကြောင့်မို့လည်း ကမ်းလှမ်းတာပေါ့နော်။”

လက်ရှိ လွှတ်တော်သက်တမ်းမှာလည်း အာဏာရပါတီ၊ တိုင်းရင်းသားပါတီတွေနဲ့ တပ်မတော်ကြား သုံးပွင့်ဆိုင် အပြန်အလှန် ဆွေးနွှေးမှုတွေက တူညီတဲ့ လမ်းကြောင်း မဖော်နိုင်လို့ ဖွဲ့စည်းပုံပြင်ဆင်ရေးကလည်း မအောင်မြင်ခဲ့သလို ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ က လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ပဋိပက္ခဖြေရှင်းရေးမှာ လုပ်ဆောင်မှုတွေ နှေးကွေးတယ်လို့ ထောက်ပြနေတာလည်း ရှိပါတယ်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ကတော့ ရခိုင်ပြည်နယ် အရေးကိစ္စဟာ လက်ရှိအစိုးရရဲ့ ဒုတိယ သက်တမ်းကာလမှာလည်း ဦးစားပေးအနေနဲ့ ရှိနေဦးမယ်ဆိုတာ နိုဝင်ဘာ ၁၅ ရက်ကလုပ်တဲ့ အာဆီယံ- ကုလသမဂ္ဂအစည်းအဝေးမှာ ပြောခဲ့တာပါ။

NLD ပါတီအနေနဲ့ ၁၉၉၀ နဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ရလဒ်တွေထက် ၂၀၂၀ ရွေးကောက်ပွဲမှာ ရာခိုင်နှုန်းအများဆုံးနဲ့ နိုင်ခဲ့ပြီးပြည်ထောင်စု လွှတ်တော်အတွက် အမတ်နေရာ ၃၉၆ နေရာရခဲ့တာပါ။ အမေရိကန်၊ ဗြိတိန်၊ အိန္ဒိယ၊ ပြင်သစ်နဲ့ ဩစကြေးလျနိုင်ငံတွေက အနိုင်ရ NLD ပါတီကို ဂုဏ်ပြုကြောင်း၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအတွက် ပံ့ပိုးသွားမယ့်အကြောင်း သဘောထား အသီးသီးထုတ်ပြန် ကြိုဆိုခဲ့ပါတယ်။

XS
SM
MD
LG