သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရွမ္းျပည္နယ္မွာ ေဒသခံ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒ေနအိမ္ ပစ္ခတ္ခံရ


ရွမ္းအမ်ဳိးသမီးတဦးမဲေပးသည့္ျမင္ကြင္း

{{Zawgyi/Unicode}}
ရွမ္းျပည္နယ္မွာ ေဒသခံ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒ေနအိမ္ ပစ္ခတ္ခံခဲ့ရၿပီးေနာက္ လုံၿခဳံေရးတိုးျမႇင့္လိုက္သလို၊ ေ႐ြးေကာက္ပြဲ တာဝန္ရွိသူေတြ လုံၿခံဳေရးအတြက္ ေကာ္မရွင္က စီစဥ္ေနတဲ့အေၾကာင္း ဗြီအိုေအသတင္းေထာက္ ေမခ သတင္းေပးပို႔ထားပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲ ၿမိဳ႕နယ္မွာ ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ေနအိမ္ ပစ္ခတ္ခံခဲ့ရတဲ့အတြက္ လုံၿခဳံေရးအတြက္ စိုးရိမ္မႈေတြလည္း ထြက္ေပၚေနပါတယ္။ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ၫႊန္ၾကားေရးမႈးခ်ဳပ္ ဦးခင္ေမာင္ဦးကေတာ့ ေ႐ြးေကာက္ပြဲ တာဝန္ရွိသူေတြ လုံၿခဳံေရးအတြက္ ေဒသခံအာဏာပိုင္ေတြနဲ႔ ညႇိႏႈိင္းစီစဥ္ထားတယ္လို႔ ဗြီအိုေအကို ေျပာပါတယ္။

ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲေတြ အေနနဲ႔ ေ႐ြးေကာက္ပြဲအလြန္မွာ ေဆာင္႐ြက္ရတာေတြရွိေတာ့ သက္ဆိုင္ရာလုံၿခဳံ ေရး တာဝန္ရွိသူေတြ အေနနဲ႔ညႇိဳထားလို႔ အဲဒါကိုနယ္ေျမခံ သက္ဆိုင္ရာအဖြဲ႕ေတြအေနနဲ႔ ကူညီေဆာင္႐ြက္ေပးသြားမွာပါ။ က်ေနာ္တို႔ညႇိဳႏႈိင္းထားၿပီးျဖစ္ပါတယ္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ အေထြေထြ အတြင္းေရးမႉး ဦးႏွစ္ဆန္းဦးကလည္း ပစ္ခတ္မႈျဖစ္ခဲ့ၿပီးေနာက္ လုံၿခဳံေရး တိုးျမႇင့္ထားေၾကာင္း ဗြီအိုေအကို ေျပာဆိုထားပါတယ္။ ေက်ာက္မဲၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒ ေနအိမ္ကို စေနေန႔ေႏွာင္းပိုင္းက ပစ္ခတ္မႈမွာ ထိခိုက္ဒဏ္ရာရသူ မရွိခဲ့ပါဘူး။

အခင္းျဖစ္တဲ့ ေက်ာက္မဲၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲဥကၠ႒ ဦးစိုးထြန္းဟာ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ လက္ရွိအာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ရဲ႕ ေနာင္ခ်ိဳၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ အႏိုင္ရရွိသူလည္းျဖစ္၊ လက္ရွိ ျပည္သူ႔လႊတ္ေတာ္ ဒုဥကၠ႒ ဦးထြန္းထြန္းဟိန္ရဲ႕ အစ္ကိုေတာ္စပ္သူတဦးလည္း ျဖစ္ပါတယ္။

ႏိုဝင္ဘာ ၈ ရက္က ေက်ာက္မဲၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲမွာေတာ့ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (NLD)၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (SNLD)၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ ပါတီ (SNDP)၊ တအာင္းပေလာင္ အမ်ိဳးသားပါတီ (TNP)နဲ႔ ျပည္ ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ (USDP) တုိ႔အ်ပင္ တစ္သီးပုဂၢလ ကိုယ္စားလွယ္ေလာင္းတစ္ဦးတို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တာပါ။ ေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားလႊတ္ေတာ္ေနရာကို NLD ပါတီက အႏိုင္ရခဲ့တဲ့ မဲရလဒ္ေအပၚေဝဖႏၼႈေၾတ ထြက္ေပၚေနခ်ိန္မွာပဲ ပစ္ခတ္မႈ ႀကဳံခဲ့ရတာေၾကာင့္ ေ႐ြးေကာက္ပြဲရလဒ္နဲ႔သက္ဆိုင္မယ္လို႔လည္း ယူဆေနၾကပါတယ္။
ေက်ာက္မဲေဒသခံ ဦးတင္ေမာင္သိန္းကလည္း ေ႐ြးေကာက္ပြဲနဲ႔ သက္ဆိုင္မယ္လို႔ ယူဆေၾကာင္း ေျပာပါတယ္။

ခုပစ္ခံရတဲ့ေ႐ြးေကာ္ဥကၠဌက ျဗဳန္းထုံးသဲထုတ္တာ။ စီးပြားေရးအရေတာ့ ၾကာပါၿပီ စီးပြားေရးလုပ္ငန္းနဲ႔ပတ္သတ္လို႔ ေတာ့ ပစ္ခံရစရာမရွိဘူးဗ်။ ဒါေၾကာင့္လဲေဒသခံေတြနဲ႔လုံၿခဳံေရးတာဝန္ရွိသူေတြကစီးပြားေရးေၾကာင့္နဲ႔မပတ္သတ္ဖူးလို႔ ထင္ျမင္ၾကတာေပါ့ေလ။ က်ေနာ္တို႔ၾကားသေလာက္ကေ႐ြးေကာက္ပြဲအျငင္းပြားမႈျဖစ္တယ္။ အမ်ိဳးသားဘက္မဲေတြ ျပန္ ျပန္စိစ္ခဲ့ရတာေတြရွိလာခဲ့တယ္။လူအမ်ားသုံးသပ္တာကေတာ့ ဒါေၾကာင့္လို႔ထင္ၾကတာဘဲေပါ့။ ေနာက္မိုင္းတုံ၊ မိုင္းျဖတ္ဘက္မွာလဲ မဲအျငင္းပြားမႈေတြ ျဖစ္တယ္။ ဒါေကာလဟာလေတာ့မဟုတ္ဘူး။ အဲလိုေတြေတာ့ရွိေနတာေပါ့ ေနာ္။

လက္နက္ကိုင္ အဖြဲ႕ေတြ လႈပ္ရွားေလ့ရွိတဲ့ နယ္ေျမမွာ ျဖစ္ပြားခဲ့တဲ့ ပစ္ခတ္မႈအတြက္ ဘယ္သူကမွ သူတို႔လက္ခ်က္အျဖစ္ ေျပာတာမ်ိဳးေတာ့ မရွိပါဘူး။
ေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိခဲ့တဲ့ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေက်ာက္မဲၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းထြန္းဝင္းကေတာ့ ေ႐ြးေကာက္ပြဲ မဲရလဒ္ေတြနဲ႔ ဆက္ႏြယ္မႈရွိ၊ မရွိဆိုတာ ရွင္းရွင္းလင္းလင္း မရွိဘူးလို႔ ေျပာပါတယ္။

က်ေနာ္တို႔အေနနဲ႔ကေတာ့က်ေနာ္တို႔ပါတီနဲ႔မဆိုင္ဘူးေပါ့ေနာ္။ ဆိုလိုခ်င္တာကေတာ့ ဒါကမဲအျငင္းပြားမႈျဖစ္တာဘဲေလ ေနာ္။ ပစ္တာလဲ ဘယ္အဖြဲ႕ကလည္းဆိုတာမသိဘူးေလေနာ္။ ထုံးစံအရႏိုင္တယ္ရႈံးတယ္ဆိုေျပာၾကတာပါဘဲ။ က်ေနာ္တို႔ကေတာ့ အဲဒါနဲ႔ပတ္သတ္လို႔ ဘာမွတ္ခ်က္မွမျပဳခ်င္ဘူး

ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာေတာ့ အာဏာရ NLD ပါတီက မဲအမ်ားစု အႏိုင္ရေၾကာင္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္က သတင္းထုတ္ျပန္ ထားေပမဲ့ အတိုက္အခံနဲ႔ တိုင္းရင္းသား ႏိုင္ငံေရးပါတီတခ်ိဳ႕ကေတာ့ ေ႐ြးေကာက္ပြဲ ရလဒ္ေတြကို ကန႔္ကြက္မႈေတြလည္း ရွိေနတာပါ။ ေကာ္မရွင္ကေတာ့ ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ NLD ပါတီက ကိုယ္စားလွယ္ေလာင္း ၉၂၀ နဲ႔ အမ်ားဆုံး အႏိုင္ရခဲ့ၿပီး၊ ျပည္ခိုင္ၿဖိဳးပါတီက ၇၁ ဦး၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ၄၂ ဦး၊ ရခိုင္အမ်ိဳးသားပါတီက ၁၅ ဦး အႏိုင္ရရွိခဲ့တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္ရွင္။

..........................................

{{Unicode}}
ရှမ်းပြည်နယ်မှာ ဒေသခံ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနေအိမ် ပစ်ခတ်ခံခဲ့ရပြီးနောက် လုံခြုံရေးတိုးမြှင့်လိုက်သလို၊ ရွေးကောက်ပွဲ တာဝန်ရှိသူတွေ လုံခြုံရေးအတွက် ကော်မရှင်က စီစဉ်နေတဲ့အကြောင်း ဗွီအိုအေသတင်းထောက် မေခ သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ မြို့နယ်မှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နေအိမ် ပစ်ခတ်ခံခဲ့ရတဲ့အတွက် လုံခြုံရေးအတွက် စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှုးချုပ် ဦးခင်မောင်ဦးကတော့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေ လုံခြုံရေးအတွက် ဒေသခံအာဏာပိုင်တွေနဲ့ ညှိနှိုင်းစီစဉ်ထားတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေ အနေနဲ့ ရွေးကောက်ပွဲအလွန်မှာ ဆောင်ရွက်ရတာတွေရှိတော့ သက်ဆိုင်ရာလုံခြုံ ရေး တာဝန်ရှိသူတွေ အနေနဲ့ ညှိုထားလို့ အဲဒါကိုနယ်မြေခံ သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ ကူညီဆောင်ရွက်ပေးသွားမှာပါ။ ကျနော်တို့ညှိုနှိုင်းထားပြီးဖြစ်ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အထွေထွေ အတွင်းရေးမှူး ဦးနှစ်ဆန်းဦးကလည်း ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် လုံခြုံရေး တိုးမြှင့်ထားကြောင်း ဗွီအိုအေကို ပြောဆိုထားပါတယ်။ ကျောက်မဲမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ နေအိမ်ကို စနေနေ့နှောင်းပိုင်းက ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

အခင်းဖြစ်တဲ့ ကျောက်မဲမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးထွန်းဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အနိုင်ရရှိသူလည်းဖြစ်၊ လက်ရှိ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ရဲ့ အစ်ကိုတော်စပ်သူတဦးလည်း ဖြစ်ပါတယ်။

နိုဝင်ဘာ ၈ ရက်က ကျောက်မဲမြို့နယ် ရွေးကောက်ပွဲမှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP)၊ တအာင်းပလောင် အမျိုးသားပါတီ (TNP)နဲ့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့အျပင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတစ်ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်နေရာကို NLD ပါတီက အနိုင်ရခဲ့တဲ့ မဲရလဒ်အေပါ်ဝေဖန္မှုတြေ ထွက်ပေါ်နေချိန်မှာပဲ ပစ်ခတ်မှု ကြုံခဲ့ရတာကြောင့် ရွေးကောက်ပွဲရလဒ်နဲ့သက်ဆိုင်မယ်လို့လည်း ယူဆနေကြပါတယ်။
ကျောက်မဲဒေသခံ ဦးတင်မောင်သိန်းကလည်း ရွေးကောက်ပွဲနဲ့ သက်ဆိုင်မယ်လို့ ယူဆကြောင်း ပြောပါတယ်။

ခုပစ်ခံရတဲ့ရွေးကော်ဥက္ကဌက ဗြုန်းထုံးသဲထုတ်တာ။ စီးပွားရေးအရတော့ ကြာပါပြီ စီးပွားရေးလုပ်ငန်းနဲ့ပတ်သတ်လို့ တော့ ပစ်ခံရစရာမရှိဘူးဗျ။ ဒါကြောင့်လဲဒေသခံတွေနဲ့လုံခြုံရေးတာဝန်ရှိသူတွေကစီးပွားရေးကြောင့်နဲ့မပတ်သတ်ဖူးလို့ ထင်မြင်ကြတာပေါ့လေ။ ကျနော်တို့ကြားသလောက်ကရွေးကောက်ပွဲအငြင်းပွားမှုဖြစ်တယ်။ အမျိုးသားဘက်မဲတွေ ပြန် ပြန်စိစ်ခဲ့ရတာတွေရှိလာခဲ့တယ်။လူအများသုံးသပ်တာကတော့ ဒါကြောင့်လို့ထင်ကြတာဘဲပေါ့။ နောက်မိုင်းတုံ၊ မိုင်းဖြတ်ဘက်မှာလဲ မဲအငြင်းပွားမှုတွေ ဖြစ်တယ်။ ဒါကောလဟာလတော့မဟုတ်ဘူး။ အဲလိုတွေတော့ရှိနေတာပေါ့ နော်။

လက်နက်ကိုင် အဖွဲ့တွေ လှုပ်ရှားလေ့ရှိတဲ့ နယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွက် ဘယ်သူကမှ သူတို့လက်ချက်အဖြစ် ပြောတာမျိုးတော့ မရှိပါဘူး။
ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းကတော့ ရွေးကောက်ပွဲ မဲရလဒ်တွေနဲ့ ဆက်နွယ်မှုရှိ၊ မရှိဆိုတာ ရှင်းရှင်းလင်းလင်း မရှိဘူးလို့ ပြောပါတယ်။

ကျနော်တို့အနေနဲ့ကတော့ကျနော်တို့ပါတီနဲ့မဆိုင်ဘူးပေါ့နော်။ ဆိုလိုချင်တာကတော့ ဒါကမဲအငြင်းပွားမှုဖြစ်တာဘဲလေ နော်။ ပစ်တာလဲ ဘယ်အဖွဲ့ကလည်းဆိုတာမသိဘူးလေနော်။ ထုံးစံအရနိုင်တယ်ရှုံးတယ်ဆိုပြောကြတာပါဘဲ။ ကျနော်တို့ကတော့ အဲဒါနဲ့ပတ်သတ်လို့ ဘာမှတ်ချက်မှမပြုချင်ဘူး

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ အာဏာရ NLD ပါတီက မဲအများစု အနိုင်ရကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန် ထားပေမဲ့ အတိုက်အခံနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတချို့ကတော့ ရွေးကောက်ပွဲ ရလဒ်တွေကို ကန့်ကွက်မှုတွေလည်း ရှိနေတာပါ။ ကော်မရှင်ကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ NLD ပါတီက ကိုယ်စားလှယ်လောင်း ၉၂၀ နဲ့ အများဆုံး အနိုင်ရခဲ့ပြီး၊ ပြည်ခိုင်ဖြိုးပါတီက ၇၁ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၄၂ ဦး၊ ရခိုင်အမျိုးသားပါတီက ၁၅ ဦး အနိုင်ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်ရှင်။

ရွမ္းအမ်ဳိးသမီးတဦးမဲေပးသည့္ျမင္ကြင္း
please wait

No media source currently available

0:00 0:03:40 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG