သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္း-ျမန္မာ နယ္စပ္ကုန္သြယ္ေရး ျပန္စႏုိင္ဖို႔ ျပင္ဆင္ေနၿပီ


ထိုင္း ျမန္မာနယ္စပ္ တာခ်ီလိတ္ရွိ နယ္စပ္ စစ္ေဆးေရးဂိတ္။ (ေမ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ကပ္ေရာဂါကူးစက္မႈေတြ တုိးလာရာက ထုိင္းႏုိင္ငံနဲ႔ နယ္စပ္ေဒသမွာ ၀င္ထြက္သြားလာမႈေတြ ကန္႔သတ္ထားတာေၾကာင့္ ထိခုိက္မႈေတြ ႀကံဳေနရတဲ့ ကုန္သြယ္ေရးလုပ္ငန္းေတြ ပုံမွန္ျပန္စႏုိင္ဖုိ႔ ျပင္ဆင္ေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးပါမယ္။

မၾကာေသးခင္ လေတြကစလုိ႔ ျမန္မာႏုိင္ငံမွာ ကပ္ေရာဂါကူးစက္မႈေတြ တုိးလာတာေၾကာင့္ အိမ္နီးခ်င္း ထုိင္းႏုိင္ငံက နယ္စပ္ေဒသမွာ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားတဲ့အတြက္ ကုန္သြယ္မႈေတြမွာ ထိခုိက္ေနတဲ့ အေျခအေနေတြကုိ ေက်ာ္လႊားႏုိင္ဖုိ႔ ႏွစ္ ႏုိင္ငံ ကုန္သည္ေတြ ျပင္ဆင္ေနၾကပါတယ္။

နယ္စပ္ကုန္သြယ္ေရးမွာ အဓိကက်တဲ့ လမ္းေၾကာင္းတခုျဖစ္တဲ့ ရွမ္းျပည္နယ္ တာခ်ီလိတ္ၿမိဳ႕နဲ႔ ထိုင္းႏိုင္ငံ မဲဆိုင္ၿမိဳ႕ၾကား ကုန္သြယ္ေရးမွာ ကပ္ေရာဂါေၾကာင့္ ထိခုိက္မႈေတြ မျဖစ္ေအာင္ စီစဥ္ေနတယ္လုိ႔လည္း တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးခ်မ္းေျမ့ေစာက ေျပာပါတယ္။

“က်ေနာ္တို႔ဘက္ကလည္း ေရာဂါကင္းရွင္းေၾကာင္း ျပန္စစ္ေဆးတဲ့ သေဘာပဲ။ အဓိကေတာ့ ကုန္စည္စီးဆင္းမႈ ျမန္ဆန္ေအာင္လို႔။ နဂို ျမဝတီဘက္မွာဆိုရင္ ေရာဂါပိုးေတြ႕လို႔ဆိုၿပီး တံတားပိတ္ရတဲ့အထိေတာင္ ျဖစ္တယ္ေပါ့ေနာ္။ က်ေနာ္တို႔ဘက္မွာ ဒါမ်ိဳးမျဖစ္ေအာင္ ႀကိဳတင္ကာကြယ္တဲ့ သေဘာနဲ႔ တံတားေပၚမွာ ျဖတ္သန္းၿပီးေတာ့ ကုန္စည္ကူးသန္းေနတဲ့ ကားသမားေတြကို COVID-19 စစ္ေဆးေပးတဲ့ သေဘာပါပဲခင္ဗ်။”

စက္တင္ဘာလလယ္တုန္းက ျမန္မာကုန္ကား ၆ စီးပဲ မဲဆိုင္ၿမိဳ႕ထဲ ဝင္ခြင့္ေပးတဲ့အတြက္ ျမန္မာဘက္ကလည္း ထိုင္းကုန္ကားေတြကို အျပန္အလွန္ ဝင္ခြင့္ကန႔္သတ္ခဲ့ပါတယ္။ ဒါေၾကာင့္တရက္ကို ဆုံးရႈံးတဲ့ပမာဏ ဘတ္ေငြ သန္း ၁၀၀ ေက်ာ္ရွိတယ္လို႔ ထိုင္းကုန္သည္ေတြက ခန႔္မွန္းခဲ့ၾကပါတယ္။

ႏွစ္ ႏုိင္ငံနယ္စပ္ကုန္သြယ္ေရးမွာ အဓိကလမ္းေၾကာင္းေတြထဲက တခုျဖစ္တဲ့ ကရင္ျပည္နယ္ ျမဝတီနဲ႔ ထိုင္းႏိုင္ငံ မဲေဆာက္ ကုန္သြယ္ေရးမွာ သာမန္ကုန္တင္၊ ကုန္ပို႔အတြက္ ျမဝတီတံတား အမွတ္ ၂ ကို ေအာက္တိုဘာ လကုန္ပိုင္းကပဲ ျပန္ဖြင့္ေပးထားပါတယ္။ ပုံမွန္ကုန္သြယ္ေရးကိုေတာ့ မေန႔ တနလၤာေန႔က စခဲ့ေၾကာင္းလည္း ျမဝတီခ႐ိုင္ အုပ္ခ်ဳပ္ေရးမႈး ဦးေတဇာေအာင္က ဗြီအိုေအကို ေျပာပါတယ္။

“၂၃ ရက္ မေန႔ကစၿပီးေတာ့ အစိုးရအဖြဲ႕ကို ကုန္သြယ္ေရးက တင္ျပတာကိုး။ ကုန္သြယ္ေရး တင္ျပခ်က္အေပၚ မူတည္ၿပီးေတာ့ ဂိုေထာင္ေတြနဲ႔ သြားတဲ့စနစ္ကို မေန႔က စလုပ္တယ္ခင္ဗ်။ ကုန္သြယ္ေရးဇုန္ေပါ့... ပုံမွန္ကုန္သြယ္တဲ့စနစ္ေပါ့။ လက္ရွိက တံတားမွာလုပ္တာက်ေတာ့ ကုန္ပစၥည္း တင္သြင္း၊ တင္ပို႔တဲ့ အေျခအေနမ်ိဳးပဲ ရွိတာကိုး၊ ကုန္သြယ္မႈမသြားႏိုင္ဘူး။ အဲဒါမို႔ ကုန္သြယ္မႈ သြားႏိုင္ေအာင္ ကုန္သြယ္ဦးစီးဌာနက အစိုးရကို တင္ျပၿပီးေတာ့ အစိုးရရဲ႕ ခြင့္ျပဳခ်က္နဲ႔ ကုန္သြယ္ဦးစီးဌာန အစီအစဥ္နဲ႔သြားေနတာေပါ့။”

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ခ႐ိုင္ ဘုရားသုံးဆူ နယ္စပ္ဂိတ္ ပိတ္ထားတာကို ထိုင္းဘက္က ဒီလကုန္အထိ သက္တမ္းတိုးထားၿပီး ဒီလကုန္ရင္ေတာ့ သူတို႔ဘက္က ေျဖေလွ်ာ့ႏိုင္ေၾကာင္း ဘုရာသုံးဆူၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္စိုးဦးက ဗြီအိုေအကို ေျပာပါတယ္။

“အခုက က်ေနာ္တို႔ ဟိုဘက္အဖြဲ႕၊ ဒီဘက္အဖြဲ႕ မေတြ႕ၾကေသးဘူး။ အခုက်ေနာ္တို႔ၾကားတာကေတာ့ ဒီလကုန္ရင္ေတာ့ ဟိုဘက္က ကိုဗစ္ေရာဂါနဲ႔ ပတ္သက္ၿပီး ဒီလကုန္ရင္စၿပီး အသြားအလာကန႔္သတ္မႈ ေလွ်ာ့ခ်မယ္လို႔ေျပာတယ္။ လက္ရွိကေတာ့ ဟိုဘက္၊ ဒီဘက္ သြားလို႔မရဘူးေလ၊ ဟိုဘက္ကလည္း ပိတ္ထားတယ္ဗ်။”

နယ္စပ္ေဒသမွာ သြားလာလႈပ္ရွားမႈေတြကုိ ထုိင္းႏုိင္ငံက ကန္႔သတ္ထားတာေၾကာင့္ ထိခုိက္မႈေတြ ႀကံဳေနရတဲ့ ကုန္သြယ္မႈေတြ ပုံမွန္အေျခအေနျပန္ေရာက္ဖို႔ ကုန္သည္ေတြ ဒီရက္ပိုင္းအတြင္း အြန္လိုင္းကေန ေတြ႔ဆုံေဆြးေႏြးဖုိ႔လည္း စီစဥ္ေနပါတယ္။

၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္မွာ ထုိင္း၊ ျမန္မာ နယ္စပ္ကုန္သြယ္မႈ ပမာဏဟာ အေမရိကန္ေဒၚလာ သန္း ၅,၀၀၀ ေက်ာ္ ရွိခဲ့ၿပီး၊ ျမန္မာႏုိင္ငံက ပုိ႔ကုန္ပမာဏက သန္းေပါင္း ၃,၀၀၀ ေက်ာ္ ရွိခဲ့ေၾကာင္းလည္း ျမန္မာႏုိင္ငံကုန္သြယ္ေရး ဝန္ႀကီးဌာနရဲ႕ စာရင္းေတြမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်စနိုင်ဖို့ ပြင်ဆင်နေပြီ

မြန်မာနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုတွေ တိုးလာရာက ထိုင်းနိုင်ငံနဲ့ နယ်စပ်ဒေသမှာ ဝင်ထွက်သွားလာမှုတွေ ကန့်သတ်ထားတာကြောင့် ထိခိုက်မှုတွေ ကြုံနေရတဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေ ပုံမှန်ပြန်စနိုင်ဖို့ ပြင်ဆင်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပြောပြပေးပါမယ်။

မကြာသေးခင် လတွေကစလို့ မြန်မာနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုတွေ တိုးလာတာကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံက နယ်စပ်ဒေသမှာ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားတဲ့အတွက် ကုန်သွယ်မှုတွေမှာ ထိခိုက်နေတဲ့ အခြေအနေတွေကို ကျော်လွှားနိုင်ဖို့ နှစ် နိုင်ငံ ကုန်သည်တွေ ပြင်ဆင်နေကြပါတယ်။

နယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ လမ်းကြောင်းတခုဖြစ်တဲ့ ရှမ်းပြည်နယ် တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မဲဆိုင်မြို့ကြား ကုန်သွယ်ရေးမှာ ကပ်ရောဂါကြောင့် ထိခိုက်မှုတွေ မဖြစ်အောင် စီစဉ်နေတယ်လို့လည်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပါတယ်။

“ကျနော်တို့ဘက်ကလည်း ရောဂါကင်းရှင်းကြောင်း ပြန်စစ်ဆေးတဲ့ သဘောပဲ။ အဓိကတော့ ကုန်စည်စီးဆင်းမှု မြန်ဆန်အောင်လို့။ နဂို မြဝတီဘက်မှာဆိုရင် ရောဂါပိုးတွေ့လို့ဆိုပြီး တံတားပိတ်ရတဲ့အထိတောင် ဖြစ်တယ်ပေါ့နော်။ ကျနော်တို့ဘက်မှာ ဒါမျိုးမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ သဘောနဲ့ တံတားပေါ်မှာ ဖြတ်သန်းပြီးတော့ ကုန်စည်ကူးသန်းနေတဲ့ ကားသမားတွေကို COVID-19 စစ်ဆေးပေးတဲ့ သဘောပါပဲခင်ဗျ။”

စက်တင်ဘာလလယ်တုန်းက မြန်မာကုန်ကား ၆ စီးပဲ မဲဆိုင်မြို့ထဲ ဝင်ခွင့်ပေးတဲ့အတွက် မြန်မာဘက်ကလည်း ထိုင်းကုန်ကားတွေကို အပြန်အလှန် ဝင်ခွင့်ကန့်သတ်ခဲ့ပါတယ်။ ဒါကြောင့်တရက်ကို ဆုံးရှုံးတဲ့ပမာဏ ဘတ်ငွေ သန်း ၁၀၀ ကျော်ရှိတယ်လို့ ထိုင်းကုန်သည်တွေက ခန့်မှန်းခဲ့ကြပါတယ်။

နှစ် နိုင်ငံနယ်စပ်ကုန်သွယ်ရေးမှာ အဓိကလမ်းကြောင်းတွေထဲက တခုဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီနဲ့ ထိုင်းနိုင်ငံ မဲဆောက် ကုန်သွယ်ရေးမှာ သာမန်ကုန်တင်၊ ကုန်ပို့အတွက် မြဝတီတံတား အမှတ် ၂ ကို အောက်တိုဘာ လကုန်ပိုင်းကပဲ ပြန်ဖွင့်ပေးထားပါတယ်။ ပုံမှန်ကုန်သွယ်ရေးကိုတော့ မနေ့ တနင်္လာနေ့က စခဲ့ကြောင်းလည်း မြဝတီခရိုင် အုပ်ချုပ်ရေးမှုး ဦးတေဇာအောင်က ဗွီအိုအေကို ပြောပါတယ်။

“၂၃ ရက် မနေ့ကစပြီးတော့ အစိုးရအဖွဲ့ကို ကုန်သွယ်ရေးက တင်ပြတာကိုး။ ကုန်သွယ်ရေး တင်ပြချက်အပေါ် မူတည်ပြီးတော့ ဂိုထောင်တွေနဲ့ သွားတဲ့စနစ်ကို မနေ့က စလုပ်တယ်ခင်ဗျ။ ကုန်သွယ်ရေးဇုန်ပေါ့... ပုံမှန်ကုန်သွယ်တဲ့စနစ်ပေါ့။ လက်ရှိက တံတားမှာလုပ်တာကျတော့ ကုန်ပစ္စည်း တင်သွင်း၊ တင်ပို့တဲ့ အခြေအနေမျိုးပဲ ရှိတာကိုး၊ ကုန်သွယ်မှုမသွားနိုင်ဘူး။ အဲဒါမို့ ကုန်သွယ်မှု သွားနိုင်အောင် ကုန်သွယ်ဦးစီးဌာနက အစိုးရကို တင်ပြပြီးတော့ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ကုန်သွယ်ဦးစီးဌာန အစီအစဉ်နဲ့သွားနေတာပေါ့။”

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ဘုရားသုံးဆူ နယ်စပ်ဂိတ် ပိတ်ထားတာကို ထိုင်းဘက်က ဒီလကုန်အထိ သက်တမ်းတိုးထားပြီး ဒီလကုန်ရင်တော့ သူတို့ဘက်က ဖြေလျှော့နိုင်ကြောင်း ဘုရာသုံးဆူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦးက ဗွီအိုအေကို ပြောပါတယ်။

“အခုက ကျနော်တို့ ဟိုဘက်အဖွဲ့၊ ဒီဘက်အဖွဲ့ မတွေ့ကြသေးဘူး။ အခုကျနော်တို့ကြားတာကတော့ ဒီလကုန်ရင်တော့ ဟိုဘက်က ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ဒီလကုန်ရင်စပြီး အသွားအလာကန့်သတ်မှု လျှော့ချမယ်လို့ပြောတယ်။ လက်ရှိကတော့ ဟိုဘက်၊ ဒီဘက် သွားလို့မရဘူးလေ၊ ဟိုဘက်ကလည်း ပိတ်ထားတယ်ဗျ။”

နယ်စပ်ဒေသမှာ သွားလာလှုပ်ရှားမှုတွေကို ထိုင်းနိုင်ငံက ကန့်သတ်ထားတာကြောင့် ထိခိုက်မှုတွေ ကြုံနေရတဲ့ ကုန်သွယ်မှုတွေ ပုံမှန်အခြေအနေပြန်ရောက်ဖို့ ကုန်သည်တွေ ဒီရက်ပိုင်းအတွင်း အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးဖို့လည်း စီစဉ်နေပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ထိုင်း၊ မြန်မာ နယ်စပ်ကုန်သွယ်မှု ပမာဏဟာ အမေရိကန်ဒေါ်လာ သန်း ၅,၀၀၀ ကျော် ရှိခဲ့ပြီး၊ မြန်မာနိုင်ငံက ပို့ကုန်ပမာဏက သန်းပေါင်း ၃,၀၀၀ ကျော် ရှိခဲ့ကြောင်းလည်း မြန်မာနိုင်ငံကုန်သွယ်ရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG