သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တစ္ရႈးငွက္ေပ်ာမ်ား တင္ပို႔ေရး တ႐ုတ္ျမန္မာသေဘာတူ


ကခ်င္ျပည္နယ္ရွိ တစ္ရႈးငွက္ေပ်ာစိုက္ခင္း (မွတ္တမ္းဓာတ္ပံု - Green Myanmar Environmental Services Co.,Ltd.)

[Zawgyi/Unicode]

ကခ်င္ျပည္နယ္ စိုက္ခင္းေတြကထြက္တဲ့ တစ္ရႈးငွက္ေပ်ာေတြကုိ တ႐ုတ္ႏုိင္ငံထဲ သယ္ယူပုိ႔ေဆာင္ေပးမယ့္ ကုန္ကားေတြကို ၀င္ထြက္ခြင့္ျပဳဖုိ႔ ၂ ႏုိင္ငံ သေဘာတူလုိက္ေပမဲ့ ကန္႔သတ္ခ်က္ေတြလည္း ရွိေနဆဲျဖစ္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕တဝိုက္က ထြက္တဲ့ တစ္ရႈးငွက္ေပ်ာေတြ တ႐ုတ္ႏုိင္ထဲ သယ္ယူဖို႔အတြက္ ျမန္မာႏုိင္ငံက ကုန္ကား အစီး ၄၀၀ နဲ႔ တ႐ုတ္ႏုိင္ငံကား အစီး ၃၀၀ ကို ခြင့္ျပဳဖုိ႔နဲ႔ ကိုဗစ္ကပ္ေရာဂါ ကင္းရွင္းေၾကာင္း အေထာက္အထားနဲ႔ ၀င္ထြက္ခြင့္ျပဳဖုိ႔ ၂ ႏုိင္ငံၾကား သေဘာတူလုိက္ၾကတာပါ။

ျမန္မာဘက္ကေတာ့ ကုန္ကားေမာင္းသူနဲ႔ ယာဥ္ေနာက္လိုက္ေတြကို က်န္းမာေရး စစ္ေဆးမႈေတြ ဒီေန႔စလုပ္ေနပါၿပီ။ တ႐ုတ္ႏုိင္ငံကေတာ့ ျမန္မာႏုိင္ငံဘက္ကကားေတြ ၀င္တဲ့အေခါက္တုိင္းမွာ က်န္းမာေရးစစ္ေဆးဖုိ႔ ေတာင္းဆုိထားတဲ့အတြက္ ၂ ပတ္တႀကိမ္သာ စစ္ေဆးဖုိ႔ ျမန္မာဘက္က ညွိႏႈိင္းေနပါတယ္။ ေရာဂါပုိးရွိ၊ မရွိ စစ္ေဆးမႈေတြေၾကာင့္ ၾကန္႔ၾကာမႈေတြ မျဖစ္ေအာင္ စီစဥ္ဖုိ႔လည္း တ႐ုတ္တာ၀န္ရွိသူေတြကုိ ေတာင္းဆိုထားေၾကာင္း ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕႐ုံး ၫႊန္ၾကားေရးမႉး ဦးေဇာ္ေဇာ္က ဗြီအိုေအကို ေျပာပါတယ္။

“စစ္ၿပီးရင္ ေနာက္တေခါက္သြားရင္လည္း ေနာက္တေခါက္ ယာဥ္ေနာက္လိုက္နဲ႔ ယာဥ္ေမာင္းက ထပ္စစ္ရမယ္၊ ၁၄ ရက္ဆိုတဲ့ ကာလ ကန႔္သတ္ခ်က္ကို မထားဘဲနဲ႔ တေခါက္လာရင္ တေခါက္ စစ္ေဆးမယ္ဆိုၿပီးေတာ့ ဟိုဘက္ကေတာ့ ေတာင္းဆိုတယ္။ ဟိုဘက္က တေန႔ကို ၂ ႀကိမ္စစ္တယ္၊ မနက္ပိုင္းတႀကိမ္၊ ေန႔လည္ပိုင္းတႀကိမ္။ အခုေတာ့ ဟိုဘက္က တႀကိမ္ပဲစစ္ေတာ့ အဲဒါလည္း ဒီဘက္က ျပန္ေတာင္းဆိုတယ္။ ဟိုဘက္ကေတာ့ လိုက္ေလ်ာပုံမရဘူး။ ဒီေန႔ေတာ့ က်န္းမာေရး စစ္ေဆးေရးဂိတ္ေတြက မၿပီးေသးဘူး၊ ေဆာက္ဖို႔လုပ္ေနတုန္းမွာ ဝိုင္းေမာ္ၿမိဳ႕နယ္ ‘အားကာ’ ခန္းမမွာ ေမာ္ေတာ္ယာဥ္ ယာဥ္ေနာက္လိုက္ေတြကို စၿပီးစစ္ေဆးေနပါၿပီ။”

ျမန္မာကားေတြကို ကန္ပိုက္တီနယ္စပ္မေရာက္ခင္ ဝါေရွာင္စစ္ဂိတ္မွာ စစ္ေဆးမွာျဖစ္ၿပီး ေရာဂါကင္းရွင္းေၾကာင္း အတည္ျပဳႏုိင္မွသာ နယ္စပ္ျဖတ္ခြင့္ေပးမွာ ျဖစ္ပါတယ္။ ကန္ပိုက္တီေရာက္တဲ့အခါ တ႐ုတ္ႏိုင္ငံဘက္က ေနာက္ထပ္စစ္ေဆးၿပီးမွ ဝင္ခြင့္ေပးမွာပါ။ဒီလုိ အႀကိမ္ႀကိမ္ စစ္ေဆးမယ့္ အစီအစဥ္ေၾကာင့္ ကုန္စည္ပို႔ေဆာင္ေရး ၾကန႔္ၾကာမွာကုိ ျမန္မာကုန္သည္ေတြက စုိးရိမ္ေနတယ္လုိ႔လည္း ကန္ပိုက္တီကားႀကီးမ်ားအသင္း ဥကၠ႒ ေဒၚတူးက ဗြီအိုေအကို ေျပာပါတယ္။

“တႀကိမ္စစ္ရင္ ၁၄ ရက္ခံတာမ်ိဳး လုပ္ေပးဖို႔ေတာ့ ေတာင္းဆိုေနၾကတာပဲ။ ျမန္မာဘက္က စစ္ခဲ့ရင္လည္း သူတို႔က မယုံဘူးတဲ့၊ တ႐ုတ္ေတြ ျမန္မာျပည္ထဲ ဝင္ရင္ေတာ့ ျမန္မာျပည္ထဲကလူေတြက စစ္စရာေတာင္မလိုဘူး။ သူတို႔ကေတာ့ အရမ္းကို မွန္ကန္ေနတာေပါ့။ အဲလို။”

ကန္ပိုက္တီးနယ္စပ္ကုန္သြယ္ေရးဟာ ကခ်င္ျပည္နယ္အတြင္း ျမန္မာ- တ႐ုတ္ကုန္သြယ္ေရး အဓိက လမ္းေၾကာင္းတခုျဖစ္ၿပီး တ႐ုတ္ႏုိင္ငံ ယူနန္ျပည္နယ္ အစိုးရရဲ႕ က်န္းမာေရးအကန႔္သတ္ေတြေၾကာင့္ ဧၿပီလကတည္းက ရပ္တန႔္ေနတာလည္း ျဖစ္ပါတယ္။ တ႐ုတ္ႏုိင္ငံဘက္က အခုအခါ ကန္ပုိက္တီနယ္စပ္ကေန တစ္႐ႈးငွက္ေပ်ာေတြကုိ သယ္ယူခြင့္ျပဳလုိက္ေပမဲ့ တျခားကုန္သြယ္မႈေတြကုိေတာ့ တားျမစ္ထားဆဲ ျဖစ္ပါတယ္။

ေန႔စဥ္ ကုန္သြယ္မႈ အေမရိကန္ေဒၚလာ ၁၂ သန္းေလာက္ရွိတဲ့ မူဆယ္နယ္စပ္ ျမန္မာ- တ႐ုတ္ကုန္သြယ္ေရးဂိတ္ကိုလည္း တ႐ုတ္ေ႐ႊလီ အာဏာပိုင္ေတြက ဧၿပီလဆန္းပုိင္းကတည္းက ပိတ္ထားတာပါ။ ကိုဗစ္ေရာဂါပုိး ကင္းရွင္းေၾကာင္း စစ္ေဆးအတည္ျပဳထားတဲ့ ယာဥ္ေမာင္း ၂၀၀ နဲ႔သာ မူဆယ္နယ္စပ္မွာ အဝင္အထြက္လုပ္ဖို႔လည္း ဩဂုတ္လဆန္းကတည္းက တ႐ုတ္ဘက္က ကန္႔သတ္ထားပါတယ္။

ျမန္မာႏုိင္ငံမွာ ကိုဗစ္ေရာဂါေၾကာင့္ လပုိင္းအတြင္း ေသဆုံးသူ ၁,၁၀၀ ေက်ာ္နဲ႔ ကူးစက္သူ ၄၆,၀၀၀ ေက်ာ္ တုိးလာတာေၾကာင့္ တ႐ုတ္ႏုိင္ငံဘက္က နယ္စပ္အ၀င္အထြက္နဲ႔ ကုန္သြယ္မႈေတြမွာ ကန္႔သတ္ထားတာေတြကုိ ျပန္ေလွ်ာ့ေပးမယ့္ အလားအလာ မေတြ႔ရေသးဘူးလုိ႔လည္း ျမန္မာကုန္သည္ေတြက ခန္႔မွန္းေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တစ်ရှုးငှက်ပျောများ တင်ပို့ရေး တရုတ်မြန်မာသဘောတူ

ကချင်ပြည်နယ် စိုက်ခင်းတွေကထွက်တဲ့ တစ်ရှုးငှက်ပျောတွေကို တရုတ်နိုင်ငံထဲ သယ်ယူပို့ဆောင်ပေးမယ့် ကုန်ကားတွေကို ဝင်ထွက်ခွင့်ပြုဖို့ ၂ နိုင်ငံ သဘောတူလိုက်ပေမဲ့ ကန့်သတ်ချက်တွေလည်း ရှိနေဆဲဖြစ်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တဝိုက်က ထွက်တဲ့ တစ်ရှုးငှက်ပျောတွေ တရုတ်နိုင်ထဲ သယ်ယူဖို့အတွက် မြန်မာနိုင်ငံက ကုန်ကား အစီး ၄၀၀ နဲ့ တရုတ်နိုင်ငံကား အစီး ၃၀၀ ကို ခွင့်ပြုဖို့နဲ့ ကိုဗစ်ကပ်ရောဂါ ကင်းရှင်းကြောင်း အထောက်အထားနဲ့ ဝင်ထွက်ခွင့်ပြုဖို့ ၂ နိုင်ငံကြား သဘောတူလိုက်ကြတာပါ။

မြန်မာဘက်ကတော့ ကုန်ကားမောင်းသူနဲ့ ယာဉ်နောက်လိုက်တွေကို ကျန်းမာရေး စစ်ဆေးမှုတွေ ဒီနေ့စလုပ်နေပါပြီ။ တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံဘက်ကကားတွေ ဝင်တဲ့အခေါက်တိုင်းမှာ ကျန်းမာရေးစစ်ဆေးဖို့ တောင်းဆိုထားတဲ့အတွက် ၂ ပတ်တကြိမ်သာ စစ်ဆေးဖို့ မြန်မာဘက်က ညှိနှိုင်းနေပါတယ်။ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးမှုတွေကြောင့် ကြန့်ကြာမှုတွေ မဖြစ်အောင် စီစဉ်ဖို့လည်း တရုတ်တာဝန်ရှိသူတွေကို တောင်းဆိုထားကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ဗွီအိုအေကို ပြောပါတယ်။

“စစ်ပြီးရင် နောက်တခေါက်သွားရင်လည်း နောက်တခေါက် ယာဉ်နောက်လိုက်နဲ့ ယာဉ်မောင်းက ထပ်စစ်ရမယ်၊ ၁၄ ရက်ဆိုတဲ့ ကာလ ကန့်သတ်ချက်ကို မထားဘဲနဲ့ တခေါက်လာရင် တခေါက် စစ်ဆေးမယ်ဆိုပြီးတော့ ဟိုဘက်ကတော့ တောင်းဆိုတယ်။ ဟိုဘက်က တနေ့ကို ၂ ကြိမ်စစ်တယ်၊ မနက်ပိုင်းတကြိမ်၊ နေ့လည်ပိုင်းတကြိမ်။ အခုတော့ ဟိုဘက်က တကြိမ်ပဲစစ်တော့ အဲဒါလည်း ဒီဘက်က ပြန်တောင်းဆိုတယ်။ ဟိုဘက်ကတော့ လိုက်လျောပုံမရဘူး။ ဒီနေ့တော့ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွေက မပြီးသေးဘူး၊ ဆောက်ဖို့လုပ်နေတုန်းမှာ ဝိုင်းမော်မြို့နယ် ‘အားကာ’ ခန်းမမှာ မော်တော်ယာဉ် ယာဉ်နောက်လိုက်တွေကို စပြီးစစ်ဆေးနေပါပြီ။”

မြန်မာကားတွေကို ကန်ပိုက်တီနယ်စပ်မရောက်ခင် ဝါရှောင်စစ်ဂိတ်မှာ စစ်ဆေးမှာဖြစ်ပြီး ရောဂါကင်းရှင်းကြောင်း အတည်ပြုနိုင်မှသာ နယ်စပ်ဖြတ်ခွင့်ပေးမှာ ဖြစ်ပါတယ်။ ကန်ပိုက်တီရောက်တဲ့အခါ တရုတ်နိုင်ငံဘက်က နောက်ထပ်စစ်ဆေးပြီးမှ ဝင်ခွင့်ပေးမှာပါ။ဒီလို အကြိမ်ကြိမ် စစ်ဆေးမယ့် အစီအစဉ်ကြောင့် ကုန်စည်ပို့ဆောင်ရေး ကြန့်ကြာမှာကို မြန်မာကုန်သည်တွေက စိုးရိမ်နေတယ်လို့လည်း ကန်ပိုက်တီကားကြီးများအသင်း ဥက္ကဋ္ဌ ဒေါ်တူးက ဗွီအိုအေကို ပြောပါတယ်။

“တကြိမ်စစ်ရင် ၁၄ ရက်ခံတာမျိုး လုပ်ပေးဖို့တော့ တောင်းဆိုနေကြတာပဲ။ မြန်မာဘက်က စစ်ခဲ့ရင်လည်း သူတို့က မယုံဘူးတဲ့၊ တရုတ်တွေ မြန်မာပြည်ထဲ ဝင်ရင်တော့ မြန်မာပြည်ထဲကလူတွေက စစ်စရာတောင်မလိုဘူး။ သူတို့ကတော့ အရမ်းကို မှန်ကန်နေတာပေါ့။ အဲလို။”

ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးဟာ ကချင်ပြည်နယ်အတွင်း မြန်မာ- တရုတ်ကုန်သွယ်ရေး အဓိက လမ်းကြောင်းတခုဖြစ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရရဲ့ ကျန်းမာရေးအကန့်သတ်တွေကြောင့် ဧပြီလကတည်းက ရပ်တန့်နေတာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံဘက်က အခုအခါ ကန်ပိုက်တီနယ်စပ်ကနေ တစ်ရှုးငှက်ပျောတွေကို သယ်ယူခွင့်ပြုလိုက်ပေမဲ့ တခြားကုန်သွယ်မှုတွေကိုတော့ တားမြစ်ထားဆဲ ဖြစ်ပါတယ်။

နေ့စဉ် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၂ သန်းလောက်ရှိတဲ့ မူဆယ်နယ်စပ် မြန်မာ- တရုတ်ကုန်သွယ်ရေးဂိတ်ကိုလည်း တရုတ်ရွှေလီ အာဏာပိုင်တွေက ဧပြီလဆန်းပိုင်းကတည်းက ပိတ်ထားတာပါ။ ကိုဗစ်ရောဂါပိုး ကင်းရှင်းကြောင်း စစ်ဆေးအတည်ပြုထားတဲ့ ယာဉ်မောင်း ၂၀၀ နဲ့သာ မူဆယ်နယ်စပ်မှာ အဝင်အထွက်လုပ်ဖို့လည်း ဩဂုတ်လဆန်းကတည်းက တရုတ်ဘက်က ကန့်သတ်ထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် လပိုင်းအတွင်း သေဆုံးသူ ၁,၁၀၀ ကျော်နဲ့ ကူးစက်သူ ၄၆,၀၀၀ ကျော် တိုးလာတာကြောင့် တရုတ်နိုင်ငံဘက်က နယ်စပ်အဝင်အထွက်နဲ့ ကုန်သွယ်မှုတွေမှာ ကန့်သတ်ထားတာတွေကို ပြန်လျှော့ပေးမယ့် အလားအလာ မတွေ့ရသေးဘူးလို့လည်း မြန်မာကုန်သည်တွေက ခန့်မှန်းနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG