သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများ ပထမဆုံး ကိုဗစ်အတည်ပြုလူနာတွေ့ရှိ


အုန်းဖျန်ဒုက္ခသည်စခန်းက လူ ၁၀၀ ကို COVID-19 စစ်ဆေးဖို့ Swab နမူနာယူနေတဲ့မြင်ကွင်း။ (နိုဝင်ဘာ ၂၁၊ ၂၀၂၀)
အုန်းဖျန်ဒုက္ခသည်စခန်းက လူ ၁၀၀ ကို COVID-19 စစ်ဆေးဖို့ Swab နမူနာယူနေတဲ့မြင်ကွင်း။ (နိုဝင်ဘာ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

ထိုင်း-မြန်မာနယ်စပ် ကရင်ဒုက္ခသည်စခန်းဖြစ်တဲ့ အုန်းဖျန်ဒုက္ခသည်စခန်းမှာ သောကြာနေ့က ကိုဗစ်ကပ်ရောဂါပိုးရှိတဲ့ ဒုက္ခသည်တဦးကို စစ်ဆေးတွေ့ရှိပြီးတဲ့နောက် စခန်းတခုလုံး သွားလာလှုပ်ရှားမှုတွေကို ပိတ်ပင်လိုက်ပြီး စနေနေ့မှာ လူ ၁၀၀ ကို ကိုဗစ်ကပ်ရောဂါ စစ်ဆေးခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

အုန်းဖျန်ဒုက္ခသည်စခန်းက လူ ၁၀၀ ကို COVID-19 စစ်ဆေးဖို့ Swab နမူနာယူနေတဲ့မြင်ကွင်း။ (နိုဝင်ဘာ ၂၁၊ ၂၀၂၀)
အုန်းဖျန်ဒုက္ခသည်စခန်းက လူ ၁၀၀ ကို COVID-19 စစ်ဆေးဖို့ Swab နမူနာယူနေတဲ့မြင်ကွင်း။ (နိုဝင်ဘာ ၂၁၊ ၂၀၂၀)


လက်ရှိ ဒုက္ခသည်ဦးရေ ၈,၀၀၀ ကျော်ရှိနေတဲ့ ကရင်ဒုက္ခသည်စခန်းဖြစ်တဲ့ အုန်းဖျန်ဒုက္ခသည်စခန်းမှာ ဒုက္ခသည်တဦး အပူရှိန်မြင့်တက်နေတာကို စစ်ဆေးရာကနေ ကိုဗစ်ကပ်ရောဂါပိုး အတည်ပြုလူနာအဖြစ် ဖွတ်ဖရဆေးရုံကြီးက အတည်ပြုခဲ့ပြီးတဲ့နောက် လူနာနဲ့ထိစပ်ခဲ့တဲ့ ဒုက္ခသည် ၁၀၀ လောက်ကို စနေနေ့မှာ ကိုဗစ်စစ်ဆေးမှု လုပ်ခဲ့ပါတယ်။ အုန်းဖျန်စခန်း ကရင်ဒုက္ခသည်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းက အခုလိုပြောပြပါတယ်။

“ဒီနေ့ကတော့ ဆေးရုံတာဝန်ခံတွေ ဆရာဝန်ကြီးတွေက လူထုဆီက နှာခေါင်းတို့ဖတ် လာယူတယ်။ လူပေါင်း ၁၀၀ ကို လာယူတယ်။ Lockdown ပိတ်ဆို့ကန့်သတ်ထားတဲ့ ကာလမှာဆိုတော့ ဆရာဝန်ကြီးတွေက လူထု ၁၀၀ ဆီက နှာခေါင်းတို့ဖတ် လာယူလိုက်တယ်။”

စခန်းတွင်း ပိတ်ဆို့ကန့်သတ်မှုတွေလုပ်ပြီး အိမ်ထဲကနေ အပြင်မထွက်ရတာကြောင့် စားသောက်ရေး ခက်ခဲနိုင်တယ်လို့ ဒုက္ခသည်တချို့က ပြောဆိုပေမယ့် ရက်ကြာလာရင်တော့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတချို့ရဲ့ အကူအညီရဖို့ လုပ်ဆောင်သွားမယ်လို့ အုန်းဖျန်ဒုက္ခသည်စခန်းက ကရင်ဒုက္ခသည်ကော်မတီ ဥက္ကဋ္ဌက ပြောပြပါတယ်။

“လောလောဆယ်ကတော့ မနေ့ညက Lockdown ပိတ်ဆို့ကန့်သတ်မှု စလုပ်တယ်။ TBBC NGO ကတော့ ဘာတွေဖြစ်သလဲ၊ ဘာတွေလိုအပ်သလဲ မေးမြန်းတယ်လေ။ အတီး (ဦးလေး) တို့ကတော့ လူထုတွေ ဘာတွေဖြစ်သလဲ ဆိုတာ မေးမြန်းပြီးတော့မှပဲ တင်ပြကြမယ်လေ။”

ဒါဟာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေထဲမှာ ပထမဦးဆုံး ကိုဗစ် ဓာတ်ခွဲအတည်ပြုလူနာလည်း ဖြစ်ကြောင်း ကရင်ဒုက္ခသည်ကော်မတီ ဥက္ကဋ္ဌ ဦးရောဘတ်ထွေးကလည်း ပြောပါတယ်။

အုန်းဖျန်ဒုက္ခသည်စခန်းဟာ လူဦးရေထူထပ်ပြီး ကိုဗစ်ကပ်ရောဂါကာလမှာ အပြင်ထွက်ပြီး အလုပ်လုပ်ခွင့်တွေ တင်းကျပ်ထားတာကြောင့် စားသောက်ရေးအတွက်လည်း အခက်အခဲတွေ ရှိနေတာပါ။ အခုဆိုရင် စခန်းတခုလုံး ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ထားတဲ့အတွက် အပြင် အလုပ်ထွက်လုပ်ခွင့်တွေလည်း ပိတ်ပင်ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်း ၉ ခုရှိပြီး ဒုက္ခသည် တသိန်းနီးပါးလောက် ခိုလှုံနေထိုင်နေကြတာပါ။ တနှစ်ထက်တနှစ် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေ လျော့ကျလာတာကြောင့် ဒုက္ခသည်တွေဟာ စားသောက်ရေးနဲ့ ကျန်းမာရေး၊ ပညာရေးကိစ္စတွေ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)










XS
SM
MD
LG