သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘုရားသုံးဆူနယ္စပ္ဂိတ္ ထိုင္းဖက္ျခမ္း အကန္႔အသတ္မရွိပိတ္


ဘုရားသံုးဆူနယ္စပ္ပိတ္ခ်ိန္ျမင္ကြင္း

{{Zawgyi/Unicode}}

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တုိးလာေနတာေၾကာင့္ ထုိင္းႏုိင္ငံက ယာယီပိတ္ထားတဲ့ ဘုရားသုံးဆူနယ္စပ္ကုိ အခုေနာက္ဆုံး ရက္အကန္႔အသတ္မရွိ ပိတ္လုိက္တဲ့အေၾကာင္း မေအးေအးမာ က ေျပာၾကားထားပါတယ္။

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါကာ ကူးစက္မႈေတြ တုိးလာေနတာေၾကာင့္ ဘုရားသုံးဆူနယ္စပ္မွာ ၀င္ထြက္သြားလာမႈေတြကုိ ထုိင္းႏုိင္ငံက စက္တင္ဘာလေႏွာင္းပုိင္းကစ ၂ ပတ္တႀကိမ္ သက္တမ္းတုိးေနရာက အခုေနာက္ဆုံး တနလၤာေန႔ကစ ရက္အကန္႔အသတ္မရွိ ပိတ္လုိက္တာပါ။ ကရင္ျပည္နယ္ ေကာ့ကရိတ္ခ႐ုိင္နဲ႔ ထုိင္းႏုိင္ငံ ကန္ခ်နဘူရီခ႐ုိင္ၾကား ဆက္သြယ္ထားတဲ့ ဘုရားသုံးဆူ နယ္စပ္ကုိေတာ့ ျမန္မာႏုိင္ငံနယ္စပ္ေဒသမွာ ကူးစက္မႈေတြ ေတြ႔ရွိခဲ့ၿပီးေနာက္ ထုိင္းအာဏာပုိင္ေတြက အကန္႔အသတ္မရွိ ပိတ္ထားဖုိ႔ ဆုံးျဖတ္လုိက္တာလုိ႔လည္း ထုိင္းႏုိင္ငံအေျခစိုက္ ပညာေရးနဲ့ဖြံျဖိဳးတုိးတက္ေရးေဖာင္ေဒးရွင္းက အလုပ္သမားေရး လွဳပ္ရွားသူ ဦးမင္းဦးက ေျပာပါတယ္။

သူတို့က အခုေျပာတဲ့ပံုစံကေတာ့ ဘယ္အခ်ိန္မွာျပန္ဖြင့္မယ္ဆုိတာကုိ ျပန္မေျပာေတာ့ဘူးေနာက္ထပ္ထပ္ထူးျခားရင္ေျပာမယ္ ေလာေလာဆည္က အရင္က၂ပတ္ဆီ ပိတ္တာမ်ိဳးမေျ ပာေတာ့ပဲနဲ့ ႏို၀င္ဘာလ၁၆ရက္ကစျပီး ေလာေလာဆည္အကန့္အသတ္မရွိပဲ ပိတ္ထားလိုက္တာ မေန့ကပဲသက္တမ္းထပ္တုိးတာပိတ္တဲ့ရက္ကို ဘယ္ေလာက္ႀကာႀကာထိ ပိ္တ္မဲ့သက္တမ္းကိုမေျပာေတာ့ဘူး အဓိကေတာ့နီးစပ္တဲ့ ဘုရားသံုးဆူျမန္မာဘက္ျခမ္းမွာ ေရာဂါျဖစ္တဲ့သူေတြမ်ားလာတဲ့အတြက္သူတို့ကူးမွာစိုးလို့ သက္တမ္းတုိးတာ အခုဆို ၄ႀကိမ္ရွိသြားျပီ စက္တင္ဘာလကတည္းကတုိးေနတာေလ။

ျမန္မာႏုိင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တေက်ာ့ျပန္မ်ားလာရာက ထုိင္းႏုိင္ငံက ဘုရားသုံးဆူ အပါအ၀င္ နယ္စပ္ေဒသေတြမွာ အ၀င္အထြက္နဲ႔ သြားလာလႈပ္ရွားမႈေတြကုိ ကန္႔သတ္လုိက္ၿပီး၊ လုံၿခံဳေရးကုိလည္း တုိးျမွင့္ထားပါတယ္။ ဒါေပမဲ့လည္း ျမန္မာႏုိင္ငံနဲ႔ ကုန္သြယ္မႈေတြမွာ အေရးပါတဲ့ နယ္စပ္၀င္ထြက္မႈေတြကုိေတာ့ အကန္႔အသတ္နဲ႔ ခြင့္ျပဳထားတာပါ။ ဘုရားသုံးဆူ နယ္စပ္ကုိလည္း အခုအခါ ရက္အကန္႔အသတ္မရွိ ပိတ္လုိက္ေပမဲ့ အေျခခံစားေသာက္ကုန္ေတြ တင္ပုိ႔ခြင့္ကုိေတာ့ တလ ၄ႀကိမ္ခြင့္ျပဳထားတယ္လုိ႔လည္း ဦးမင္းဦးက ေျပာပါတယ္။

ေန့စဥ္မရွိမျဖစ္ နယ္ေျမခံစားေသာက္ဖို့အတြက္လိုအပ္ခ်က္ေလးေတြကိုပဲ စားစရာေတြသယ္လို ့ပု့ိလိုရတယ္ မရွိမျဖစ္စားေသာက္ကုန္ေလးေတြကုိ အေရးေပၚကုန္ပစၥည္းေလးေတြကိုပဲ သယ္ေဆာင္ခြင့္ျပဳတယ္ ။

ဒီထဲမွာအရက္နဲ့ေဆးလိပ္ကိုေတာ့ခြင့္မျပဳပါဘူး ဘုရားသံုးဆူနယ္စပ္ဂိတ္ဟာ ကမ္ခ်နဘူရီခရိုင္ စံခရဘူရီ ျမိဳ့မွာရွိျပီး ႏွစ္ႏိုင္ငံကုန္သြယ္ေရးမူ့က ႏွစ္စဥ္ ထုိင္းဘတ္ေငြ သန္းေပါင္း ၇ေထာင္ေက်ာ္ေလာက္ရွိပါတယ္ ။

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၆၀ နဲ႔ ကူးစက္သူ ၃၈၀၀ ေက်ာ္ရွိခဲ့တဲ့ ထုိင္းႏုိင္ငံမွာ ေရာဂါကူးစက္မႈေတြ ေလ်ာ့လာတာေၾကာင့္ ကန္႔သတ္မႈေတြ ေလွ်ာ့ေပါ့ေပးခဲ့ေပမဲ့ ျမန္မာႏုိင္ငံမွာေတာ့ ေသဆုံးသူ ၁၆၀၀ ေလာက္နဲ႔ ကူးစက္သူ ၇ ေသာင္းေက်ာ္ ရွိလာေနခ်ိန္မွာ ထုိင္းႏုိင္ငံ အပါအ၀င္ အိမ္နီးခ်င္းႏုိင္ငံေတြက ေရာဂါကူးစက္မႈေတြ ပ်ံ႕ႏွံ႔လာမွာ စုိးရိမ္ေနတာျဖစ္ပါတယ္ရွင္။

...............................

{{Unicode}}

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် ထိုင်းနိုင်ငံက ယာယီပိတ်ထားတဲ့ ဘုရားသုံးဆူနယ်စပ်ကို အခုနောက်ဆုံး ရက်အကန့်အသတ်မရှိ ပိတ်လိုက်တဲ့အကြောင်း မအေးအေးမာ က ပြောကြားထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကာ ကူးစက်မှုတွေ တိုးလာနေတာကြောင့် ဘုရားသုံးဆူနယ်စပ်မှာ ဝင်ထွက်သွားလာမှုတွေကို ထိုင်းနိုင်ငံက စက်တင်ဘာလနှောင်းပိုင်းကစ ၂ ပတ်တကြိမ် သက်တမ်းတိုးနေရာက အခုနောက်ဆုံး တနင်္လာနေ့ကစ ရက်အကန့်အသတ်မရှိ ပိတ်လိုက်တာပါ။ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်နဲ့ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ကြား ဆက်သွယ်ထားတဲ့ ဘုရားသုံးဆူ နယ်စပ်ကိုတော့ မြန်မာနိုင်ငံနယ်စပ်ဒေသမှာ ကူးစက်မှုတွေ တွေ့ရှိခဲ့ပြီးနောက် ထိုင်းအာဏာပိုင်တွေက အကန့်အသတ်မရှိ ပိတ်ထားဖို့ ဆုံးဖြတ်လိုက်တာလို့လည်း ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနဲ့ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက အလုပ်သမားရေး လှုပ်ရှားသူ ဦးမင်းဦးက ပြောပါတယ်။
သူတို့က အခုပြောတဲ့ပုံစံကတော့ ဘယ်အချိန်မှာပြန်ဖွင့်မယ်ဆိုတာကို ပြန်မပြောတော့ဘူးနောက်ထပ်ထပ်ထူးခြားရင်ပြောမယ် လောလောဆည်က အရင်က၂ပတ်ဆီ ပိတ်တာမျိုးမပြောတော့ပဲနဲ့ နိုဝင်ဘာလ၁၆ရက်ကစပြီး လောလောဆည်အကန့်အသတ်မရှိပဲ ပိတ်ထားလိုက်တာ မနေ့ကပဲသက်တမ်းထပ်တိုးတာပိတ်တဲ့ရက်ကို ဘယ်လောက်ကြာကြာထိ ပိတ်မဲ့သက်တမ်းကိုမပြောတော့ဘူး အဓိကတော့နီးစပ်တဲ့ ဘုရားသုံးဆူမြန်မာဘက်ခြမ်းမှာ ရောဂါဖြစ်တဲ့သူတွေများလာတဲ့အတွက်သူတို့ကူးမှာစိုးလို့ သက်တမ်းတိုးတာ အခုဆို ၄ကြိမ်ရှိသွားပြီ စက်တင်ဘာလကတည်းကတိုးနေတာလေ။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန်များလာရာက ထိုင်းနိုင်ငံက ဘုရားသုံးဆူ အပါအဝင် နယ်စပ်ဒေသတွေမှာ အဝင်အထွက်နဲ့ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်လိုက်ပြီး၊ လုံခြုံရေးကိုလည်း တိုးမြှင့်ထားပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုတွေမှာ အရေးပါတဲ့ နယ်စပ်ဝင်ထွက်မှုတွေကိုတော့ အကန့်အသတ်နဲ့ ခွင့်ပြုထားတာပါ။ ဘုရားသုံးဆူ နယ်စပ်ကိုလည်း အခုအခါ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပေမဲ့ အခြေခံစားသောက်ကုန်တွေ တင်ပို့ခွင့်ကိုတော့ တလ ၄ကြိမ်ခွင့်ပြုထားတယ်လို့လည်း ဦးမင်းဦးက ပြောပါတယ်။

နေ့စဉ်မရှိမဖြစ် နယ်မြေခံစားသောက်ဖို့အတွက်လိုအပ်ချက်လေးတွေကိုပဲ စားစရာတွေသယ်လို့ပု့ိလိုရတယ် မရှိမဖြစ်စားသောက်ကုန်လေးတွေကို အရေးပေါ်ကုန်ပစ္စည်းလေးတွေကိုပဲ သယ်ဆောင်ခွင့်ပြုတယ်

ဒီထဲမှာအရက်နဲ့ဆေးလိပ်ကိုတော့ခွင့်မပြုပါဘူး ဘုရားသုံးဆူနယ်စပ်ဂိတ်ဟာ ကမ်ချနဘူရီခရိုင် စံခရဘူရီ မြို့မှာရှိပြီး နှစ်နိုင်ငံကုန်သွယ်ရေးမူ့က နှစ်စဉ် ထိုင်းဘတ်ငွေ သန်းပေါင်း ၇ထောင်ကျော်လောက်ရှိပါတယ်

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀ နဲ့ ကူးစက်သူ ၃၈၀၀ ကျော်ရှိခဲ့တဲ့ ထိုင်းနိုင်ငံမှာ ရောဂါကူးစက်မှုတွေ လျော့လာတာကြောင့် ကန့်သတ်မှုတွေ လျှော့ပေါ့ပေးခဲ့ပေမဲ့ မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၁၆၀၀ လောက်နဲ့ ကူးစက်သူ ၇ သောင်းကျော် ရှိလာနေချိန်မှာ ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေက ရောဂါကူးစက်မှုတွေ ပျံ့နှံ့လာမှာ စိုးရိမ်နေတာဖြစ်ပါတယ်ရှင်။

ဘုရားသံုးဆူနယ္စပ္ပိတ္ခ်ိန္ျမင္ကြင္း
please wait

No media source currently available

0:00 0:02:57 0:00
တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG