သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက်မြန်မာတွေ နှစ်သစ်မှာ ပြောင်းလဲမှုကို မျှော်လင့်


 ထိုင်းရောက်မြန်မာအလုပ်သမားများ
ထိုင်းရောက်မြန်မာအလုပ်သမားများ

ထိုင်းနိုင်ငံရောက်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ နယ်စပ် က မြန်မာနိုင်ငံသားဒုက္ခသည်တွေ ကတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို မျှော်မှန်းနေသလို သူတို့ရဲ့ နှစ်သစ်ကူးမျှော်လင့်ချက်တွေ အရ နေရပ်ပြန်ချင်ကြပေမယ့် ထိုင်းနိုင်ငံမှာဆက်ပြီးနေထိုင်သွားဖို့ကို ဆုံးဖြတ်နေကြပါတယ်။ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရ တက်လာပြီး အပြောင်းအလဲတွေဖြစ်လာနိုင်တယ် ဆိုပြီးမျှော်လင့်နေကြတဲ့ မြန်မာဒုက္ခသည်တွေနဲ့ ထိုင်းနိုင်ငံမှာ သန်းနဲ့ချီပြီး အလုပ်လုပ်နေကြတဲ့မြန်မာတွေဟာ နေရပ်ရင်းကို ပြန်လိုကြတာပါ ။နှစ်သစ်ကူးမျှော်လင့်ချက်တွေကတော့မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်စေချင်ကြသလို သူတို့ဘဝတွေအတွက် လုံခြုံ စိတ်ချမူှရှိတဲ့ သေချာရေရာတဲ့ အပြောင်းအလဲတွေ၊ ဝင်ငွေထွက်ငွေမျှတဲ့ လူနေမူဘဝတွေအတွက်မျှော်လင့်နေကြတာပါ။ မြန်မာနိုင်ငံထဲမှာ အဆင်မပြေမူတွေကြောင့် ထိုင်းနိုင်ငံမှာပဲ ဆက်ပြီးနေထိုင်နေရဦးမှာဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားတဦးကတော့ပြောပြပါတယ်။

"နှစ်သစ်ကူးမှာ နှစ်သစ်ဆိုတော့ အစစအရာရာပြောင်းလဲစေချင်တယ်လေပေါ့ ။ပြောင်းလဲမယ်ဆိုရင် ကျနော်တို့မြန်မာနိုင်ငံသားတွေလည်းပြန်ဖို့အဆင်သင့်ပါပဲ ဝင်ငွေထွက်ငွေမမျှဘူးမြန်မာနိုင်ငံမှာက ကုန်ဈေးနှုန်းတွေက ဈေးကြီးတယ် သူတို့ပေးတဲ့ဈေးမှ မလောက်နိုင်ဘူး မမျှနိုင်ဘူးလေ။ ဒါကြောင့်မို့ဒီမှာက တနေ့ကို ၃၀၀ဆိုတော့ ကျပ်တသောင်းလောက်ရတယ်ဆိုတော့ ကိုက်တယ် ။ ဒါကြောင့်မို့လူတွေက ဒီမှာပဲဆက်နေဖို့ ဆုံးဖြတ်ထားကြတယ် ပြီးရင် ထိုင်းနဲ့ အတူတူ (level) ရမယ်ဆိုရင် ပြန်ကြမှာပေါ့လောလောဆယ် အတူတူမရဘူးဆိုရင်တော့ ဘယ်သူမှာတော့ ပြန်မယ်မထင်ဘူး ။ မြန်မာနိုင်ငံကိုတော့ ဘယ်လိုဖြစ်လဲဆိုတော့ ကောင်းမယ်ဆိုပြီးပြန်ကြတာလေ ဟိုလည်ရောက်သွားတော့အခြေအနေတွေက ဒီအတိုင်းပဲဆိုတော့ပြန်လာကြတဲ့သူတွေကများတယ်လေ"

ထိုင်းနယ်စပ် ဒုက္ခသည်စခန်း ၉ခုက ဒုက္ခသည်တွေကတော့အနည်းဆုံး ၁၀နှစ်ကနေ နှစ် ၂၀ကျော်ထိနေထိုင်နေရပေမယ့် နှစ်သစ်ကူးမျှော်လင့်ချက်အနေနဲ့ အပြောင်းအလဲတွေဖြစ်မလာသေးဘူးဆိုပြီး နေရပ်မပြန်နိုင်ကြတာတွေလို့ဆိုပါတယ်။ သူတို့အနေနဲ့ ငြိမ်းချမ်းရေး၊ ဘဝလုံခြုံရေး နေထိုင်ရပ်တည်စားသောက်ဖို့ အခွင့်အလန်းတွေ မရရှိပဲ မြန်မာနိုင်ငံကိုပြန်ဖို့တော့ မလွယ်ကူးသေးဘူးဆိုပြီး ဒုက္ခသည်တဦးကတော့ ပြောပါတယ်။

" ဒုက္ခသည်တွေကတော့ ၃မျိုးရှိတယ် တချို့ နိုင်ငံခြားသွားချင်တယ် ထိုင်းမှာလဲမနေချင်တော့ဘူ တချို့ထိုင်းမှာပဲနေချင်တော့တယ် အလုပ်လည်းတရားဝင် လုပ်ကိုင်စားသောက်လို့ ရတဲ့ပုံစံမျိုးနဲ့ နေချင်တယ်။ တချို့လည်းမြန်မာပြည်ထဲမှာပဲနေချင်တယ် ဆိုပြီး ပြင်ဆင်ပြီးပြန်ကြတာရှိတယ်။ အဆင်မပြေတော့ နေလို့မရတော့ပြန်ပြန်တက်လာကြတယ် လက်ရှိတော့မဖြစ်နိုင်သေးဘူး ထင်တယ်။ တချို့နေရာတွေက စစ်ပွဲတွေကရှိနေတုန်းပဲ ကရင်ပြည်နယ်ထဲမှာလည်းငြိမ်းချမ်းသေးတာ မဟုတ်ဘူး။ နေထိုင်လုပ်ကိုင်စားသောက်ဖို့ အခွင့်အလန်းတွေလည်း မရှိသေးဘူး ကရင်ပြည်နယ်ထဲက လူတွေလည်း ထိုင်းကိုတက်လာပြီးအလုပ်ပြန်လာလုပ်ကြတာပဲ"

ထိုင်းနိုင်ငံထဲမှာ တရားဝင်ကော၊ တရားမဝင်ကောနေထိုင်အလုပ်လုပ်ကိုင်နေသူ ၃သန်းထက်မနည်းရှိနေသလို ထိုင်းနယ်စပ်မှာလည်း ယူအန်အိပ်စီအာ ကုလသမဂ္ဂ ရဲ့အသိမှတ်ပြုစခန်းတွေမှာ ဒုက္ခသည်တသိန်းကျော်လောက်ရှိနေတာပါ။ ဒါ့အပြင် နယ်စပ်တလျောက်မှာလည်း ရှမ်းနဲ့ ကရင်ဒုက္ခသည်တချို့ဟာ ပြည်တွင်းဒုက္ခသည်စခန်းတွေမှာနေထိုင်နေရဆဲဖြစ်ပါတယ်။ ဒီအတွက် သူတို့ဟာနှစ်သစ်မှာတော့ အပြောင်းအလဲတွေရှိလာဖို့ မျှော်လင့်နေကြပေမယ့် လာမယ့် ၂၀၁၈ခုနှစ်အတွက်တော့သူတို့ရဲ့မျှော်မှန်းချက်တွေဖြစ်မလာနိုင်သေးဘူးလို့ ယူဆနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG