သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်-မဲဆောက် လေကြောင်းခရီးစဉ် စတင် ပြေးဆွဲ


ရန်ုကန်ု-မဲဆောက် လေကြောင်းခရီးစဉ် စတင် ပြေးဆွဲ
ရန်ုကန်ု-မဲဆောက် လေကြောင်းခရီးစဉ် စတင် ပြေးဆွဲ

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြိုနဲ့ ရန်ကုန်ကိုသွားမယ့် လေကြောင်းခရီးစဉ်ကိုအောက်တိုဘာလ ၂၉ရက်နေ့ကစတင်ပြေးဆွဲနေပြီဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ မဲဆောက်က ထိုင်းဘုရားဖူးခရီးသည်များ စတင်သွားကြတာဖြစ်ပြီး လေယာဉ်ပေါ်မှာလူ၈၀ကျော်လိုက်ပါသွားခဲ့ပါတယ်။ ဒီလိုမဲဆောက်-ရန်ကုန်ကို လေယာဉ်ခရီးရှိတဲ့အတွက် ကုန်သည်တွေအတွက်ရော ဆေးကုသမဲ့သူတွေအတွက်ပါ အဆင်ပြေချောမွေ့နိုင်တယ်လို့ဆိုကြပါတယ်။ မအေးအေးမာကသတင်းပေးပို့ထားပါတယ်

ထိုင်းလေကြောင်းတခုဖြစ်တဲ့ Nok air လေကြောင်လိုင်းဟာ မဲဆောက်-ရန်ကုန်ခရီးစဉ်ကိုစတင်ပြေးဆွဲနေပြီဖြစ်ပါတယ်။ တပတ်ကို ၃ရက်ခရီးစဉ်ရှိပြီး ခရီးသည်တဦးကို ၁၂၉၉ ဘတ် နဲ့(မြန်မာငွေနဲ့ဆို ကျပ်ငွေငါးသောင်းကျော်) ကုန်ကျမှာဖြစ်ပါတယ်။ အခုလို လေကြောင်းခရီးစဉ်ရှိလာတဲ့အတွက် ရန်ကုန်-မဲဆောက်သွားလာနေတဲ့ကုန်သည်တွေအတွက် အဆင်ပြေနိုင်တယ်လို့ မဲဆောက်မြို့ က ကုန်သည်တဦးကပြောပြပါတယ်။

"ကုန်သည်တွေ ဘာတွေအတွက်ကတော့ ကျနော်ထင်တာ စာအုပ်နဲ့လာမယ်ဆိုရင် အဆင်ပြေသွားမှာပဲ။ ဆေးရုံဆေးခန်းတွေလည်းအလာများတယ် ၊ ကုန်သည်ငယ်တွေကတော့ အရောင်းအဝယ် ကိစ္စနဲ့ လာတာများတယ်။ အဆင်ပြေမလားဆိုတော့ လမ်းပမ်းဆက်သွယ်ရေးအရမ်း အဆင်ပြေသွားမယ်၊ အချိန်တိုတိုနဲ့ရောက်တဲ့အခါကျတော့ ကုန်သည်တွေအတွက်ဝယ်ရပြုရဆိုတာ့ အချိန်နည်းနည်းပဲသုံးရတော့တာပေါ့ "

အောင်တိုဘာလ ၂၉ရက်နေ့ကစတင်ပြေးဆွဲတဲ့ မဲဆောက်- ရန်ကုန်Nok air လေယာဉ်ကို စီးသွားတဲ့ ခရီးသည် ၈၅ဦးရှိပြီး အများစုကတော့ ရန်ကုန်ကိုဘုရားဖူးသွားကြသူတွေများပါတယ်။ ထိုင်းနဲ့ မြန်မာနိုင်ငံကူးလက်မှတ်ရှိတယ် ဆိုရင်တော့ ဗီဇာမလိုပဲ သွားလာနိုင်တာဖြစ်ပါတယ်။ လေကြောင်းလိုင်းဖွင့်ပွဲလုပ်ခဲ့တဲ့ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးက တော့ ကုန်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေ ခရီးသွားလုပ်ငန်းတွေနဲ့ လူမူရေးဆိုင်ရာလုပ်ငန်းတွေအတွက် အထောက်အကူဖြစ်စေမဲ့လေကြောင်း ခရီးစဉ်အဖြစ် ပြောဆိုပါတယ်

လေကြောင်းလိုင်းကတော့ အပတ်စဉ်တနင်္ဂနွေ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေတွေမှာ မနက် ၁၁နာရီချိန်တိုင်း ပြေးဆွဲမှာဖြစ်ပါတယ်။ ဒီအတွက် ရန်ကုန်ကနေ မဲဆောက်မြို့ အင်တာနေရှင်နယ်ဆေးရုံးကြီးမှာ ဆေးလာကုမဲ့သူတွေလည်းအဆင်ပြေနိုင်သလို လေကြောင်းခရီးစဉ်ကြောင့် အချိန်မကုန်ပဲ နဲ့ ခရီးသွားလာရေးလွယ်ကူစေနိုင်တယ်ဆိုပြီး မြန်မာဘက်ကကုန်သည်တွေကပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG