သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေယာဉ်ပျံပေါ် laptop ယူခွင့်မပြုဖို့ ကန်စဉ်းစားနေ


အမေရိကန် အမိမြေလုံခြုံရေးအကြီးအကဲက သူ့အနေနဲ့ အမေရိကန်နိုင်ငံထဲကို ဝင်ထွက်သွားလာနေကြတဲ့ နိုင်ငံ တကာလေကြောင်း ခရီးသည်တွေအနေနဲ့ Laptop ကွန်ပြူတာတွေလေယာဉ်ပေါ် တပါတည်း သယ်ဆောင် နေကြတာကို ပိတ်ပင်ဖို့ စဉ်းစားနေကြောင်း ပြောလိုက်ပါတယ်။

အဲဒီလို လျှပ်စစ်ပစ္စည်းတွေကို အရပ်ဘက်လေကြောင်းလိုင်းတွေမှာ သယ်ဆောင်မှုဟာ တကယ့် ခြိမ်းခြောက်မှု တရပ်ဖြစ်ကြောင်း ဝန်ကြီး John Kelly က ပြောပါတယ်။

Fox News ရဲ့ တနင်္ဂနွေနေ့ ရုပ်သံအစီအစဉ်မှာ ဝန်ကြီး Kelly က အကြမ်းဖက်သမားတွေဟာ လေယာဉ်တွေကို ဖောက်ခွဲ ပစ်ချမယ့် အကြံအစည်ကို ဖက်တွယ်ထားကြကြောင်း ပြောခဲ့တာပါ။

ဒီလို တားမြစ်မှုဟာ မတ်လထဲတုန်းက အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကတို့ရဲ့ မြို့၁၀ မြို့ကနေ အမေရိကန်ပြည်ထောင်စုကို နေ့စဉ် ပျံသန်းတဲ့ လေယာဉ် ခရီးစဉ် ၅၀ ကို ပိတ်ပင်ထားတာကနေ တိုးချဲ့သွားမှာဖြစ်ပါတယ်။

Smartphone ထက်ပိုကြီးတဲ့ လျှပ်စစ်ပစ္စည်းအားလုံး လေယာဉ်ပေါ် တပါတည်း သယ်ဆောင်ခွင့်ကို ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။ ဒီနွေရာသီမှာ ဥရောပသမဂ္ဂနဲ့ အမေရိကန် ကြား တပတ်အတွင်း လေယာဉ်ခရီးစဉ်ပေါင်း ၃၂၅၀ ဝန်းကျင်ရှိကြောင်း လေကြောင်းဆိုင်ရာ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ ဗြိတိန်နိုင်ငံကလည်း တူရကီ၊ လက်ဘနွန်၊ ဂျော်ဒန်၊ အီဂျစ်၊ တူနီးရှားနဲ့ ဆော်ဒီအာရေးဗျနိုင်ငံတွေက လေကြောင်း လိုင်းတွေကို ပစ်မှတ်ထားပြီး အလားတူ ပိတ်ပင်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG