သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Laptop ထဲ ထည့်နိုင်မယ့် ဗုံး အကြမ်းဖက်သမား တီထွင်


လေဆိပ်လုံခြုံရေး။
လေဆိပ်လုံခြုံရေး။

Laptop ကွန်ပြူတာတွေထဲမှာ ထည့််ထားနိုင်ပြီး လေဆိပ်လုံခြုံရေးကလည်း ရှာမတွေ့မယ့် ဖောက်ခွဲရေးပစ္စည်းတွေကို အကြမ်းဖက်အဖွဲ့တွေ စမ်းသပ်နေတယ်လို့ အမေရိကန်သတင်းတွေမှာ ဖော်ပြနေကြပါတယ်။ al-Qaida နဲ့ IS အစ္စလမ်မစ် စစ်သွေးကြွအဖွဲ့တို့က အကြမ်းဖက်သမားတွေဟာ electronic ပစ္စည်းတွေထဲမှာ ဗုံးထည့်နိုင်ဖို့ တီထွင်ကြံဆနေတယ်လို့ Islamic State အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေက ပြောကြောင်း CNN နဲ့ CBS သတင်းတွေမှာ ဖော်ပြကြပါတယ်။

လေယာဉ်ပေါ်ကို ဖောက်ခွဲရေး ပစ္စည်းတင်ဘယ်လို တင်နိုင်လဲ စမ်းသပ်နိုင်ဖို့ အကြမ်းဖက်သမားတွေရဲ့ လက်ထဲမှာ လေဆိပ်လုံခြုံရေးက အသုံးပြုတဲ့ အဆင့်မြင့် ဗုံးရှာကိရိယာ ရထားပြီး ပြီလို့ ထောက်လှမ်းရေး သတင်းတွေအရ သိရကြောင်း သတင်းတွေမှာ ဖော်ပြတာပါ။

အရှေ့အလယ်ပိုင်းနဲ့ အာဖရိက ဒေသတွင်း နိုင်ငံ ၈ နိုင်ငံက လေဆိပ် ၁၀ ခုကနေ အမေရိကန်နိုင်ငံကို လာရောက်သူတွေ Laptop ကွန်ပြူတာနဲ့ တခြား electronic ပစ္စည်းတွေကို ကိုယ်နဲ့ တပါတည်း သယ်ဆောင်ခွင့်မပြုဘူးလို့ သမ္မတ Trump အစိုးရ တလောက တားမြစ်ချက်ထုတ်တာဟာ ဒီထောက်လှမ်းရေး အချက်အလက်ပေါ်အများကြီး မူတည်တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာပါ။

ဒီလအစောပိုင်းမှာပဲ အမေရိကန် အစိုးရက Laptop ကွန်ပြူတာနဲ့ iPad နဲ့ camera တွေအပါအဝင် တခြား electronic ပစ္စည်း အကြီးတွေကို Egypt, Jordan, Kuwait, Morocco, Qatar, Saudi Arabia, တူရကီနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ကနေ လေယာဉ်ခရီးသွားသူ ကိုယ်နဲ့ တပါတည်း သယ်ဆောင်ခွင့်မပြုဘူးဆိုပြီး တားမြစ်လိုက်တာ ဖြစ်ပါတယ်။ Britain နိုင်ငံမှာလည်း အလားတူ တားမြစ်ထားပါတယ်။

အဲဒီဒေသတွေက လာတဲ့ လေယာဉ်ခရီးသွားတွေဟာ လက်ကိုင်ဖုံးထက်ကြီးတဲ့ electronic ပစ္စည်းတွေကို လေကြောင်းလိုင်းကောင်တာမှာ အပ်လိုက်ရတဲ့ ခရီးဆောင်သေတ္တာထဲမှာတော့ ထည့်သွင်းယူဆောင်နိုင်ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သတ်ပြီးရရှိတဲ့ ထောက်လှမ်းရေးသတင်းက အတိအကျရှိပြီး ယုံကြည်ရတဲ့ သတင်းဖြစ်တယ်လို့ အရာရှိ ၃ ဦးက ပြောကြောင်း CNN သတင်းမှာ ပြောထားပါတယ်။ ရထားတဲ့ သတင်းက တကယ့် ကြက်သီးထစရာပဲလို့ အရာရှိတဦးက ပြောသွားပါတယ်။

Laptop ထဲ ထည့်နိုင်မယ့် ဗုံး အကြမ်းဖက်သမား တီထွင်
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG