သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လေကြောင်းဒဏ် Mosul အရပ်သားရာကျော်သေဆုံး


လေကြောင်းတိုက်ခိုက်မှုကြောင့် Mosul မြို့ကအပျက်အစီးများ
လေကြောင်းတိုက်ခိုက်မှုကြောင့် Mosul မြို့ကအပျက်အစီးများ

အီရတ်နိုင်ငံအတွင်းက Mosul မြို့ကို IS အစ္စလာမ်မစ် စစ်သွေးကြွတွေလက်ကနေ ပြန် လည် သိမ်းပိုက်နိုင်ရေးအတွက် အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေ က လေကြောင်း စစ်ဆင်ရေးတွေ ပြုလုပ်နေတာမှာ လူပေါင်း ၁၀၀ ကျော် သေဆုံးသွား တယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။ လေကြောင်းက တိုက်ခိုက်မှုတွေ ပြု လုပ်နေတယ် ဆိုတာကို အမေရိကန် စစ်ဘက်ဆိုင်ရာ အရာရှိတွေကလည်း စနေနေ့မှာ အတည်ပြု ပြောဆိုပါတယ်။

Mosul မြို့ကို IS အဖွဲ့လက်ထဲက ပြန်သိမ်းပိုက်နိုင်ရေးအတွက် ပြုလုပ်နေတဲ့ စစ်ဆင်ရေးတွေကြောင့် အရပ်သား သေဆုံးမှု အများအပြား ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် သူတို့ရဲ့ ထိုးစစ်ဆင်မှုတွေကို ခေတ္တ ရပ်ဆိုင်းထားမယ့် အကြောင်း အီရတ်အစိုးရက စနေနေ့ အစောပိုင်းမှာ ကြေညာချက် ထုတ်ပြန်ပြီး မကြာခင်မှာပဲ လေကြောင်း စစ်ဆင်ရေး ပြုလုပ်နေကြောင်း အမေရိကန်ဘက် က ကြေညာချက် ထွက်ပေါ်လာတာပါ။

Mosul မြို့ ပြန်လည် သိမ်းပိုက်ရေး ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် Jidideh ရပ်ကွက် အနီးဝန်းကျင်မှာ အရပ်သား ၁၀၀ ထက်မနည်း သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ် စုံစမ်း စစ်ဆေးမှုတွေ စတင် ပြုလုပ်နေကြောင်း အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

IS စစ်သွေးကြွတွေရဲ့ ပစ်မှတ်တွေကို ရှာဖွေတဲ့အနေနဲ့ Jidideh ရပ်ကွက်အပေါ်မှာ ညွန့်ပေါင်းအဖွဲ့တွေရဲ့ လေယာဉ်တွေ ပုံမှန် ပျံသန်းလေ့ရှိကြောင်း၊ ဒါပေမယ့် အရပ်သား သေဆုံးမှု နည်းနိုင်သမျှ နည်းအောင် ကြိုတင် ပြင်ဆင်မှုတွေကို အစွမ်းကုန် လုပ်ဆောင်လေ့ရှိကြောင်း ညွန့်ပေါင်းဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG