သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mosul လေဆိပ် Iraq အစိုးရတပ်တွေ ထိန်းချုပ်လိုက်ပြီ


အီရတ်နိုင်ငံမှာ ၂၀၁၄ ခုနှစ်ကတည်းက အိုင်အက်စ် စစ်သွေးကြွတွေ ထိန်းချုပ်ထားတဲ့ Mosul က လေယာဉ်ကွင်းကို အမေရိကန်တွေ အကူအညီပေးနေတဲ့ တပ်တွေက ပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အီရတ်အာဏာပိုင်တွေက ကြာသပတေးနေ့မှာ ပြောပါတယ်။

Mosul လေယာဉ်ကွင်းကို လျှပ်တပျက် တုံ့ပြန်တိုက်ခိုက်ရေးတပ်တွေနဲ့ ဗဟိုရဲတွေက အပြည့်အဝ ထိမ်းချုပ်ထားနိုင်ပြီးလို့ အီရတ်အစိုးရ ရုပ်သံကကြေညာပါတယ်။

အီရတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့ကြီးဖြစ်တဲ့ Mosul အရှေ့ပိုင်းရပ်ကွက်တွေကို ဇန်နဝါရီလနှောင်းပိုင်းမှာ ပြန်သိမ်းနိုင်ပြီလို့ ကြေညာခဲ့ပြီးတဲ့နောက်မှာ တနင်္ဂနွေနေ့မှာတော့ အနောက်ပိုင်းက ဒေသတွေကို အီရတ်တပ်တွေက ပြန်လည်သိမ်းပိုက်ဖို့ ထိုးစစ်အသစ် စတင်ခဲ့တာဖြစ်ပါတယ်။

အီရတ်တပ်တွေဟာ မောင်းသူမဲ့ drones တွေနဲ့ လက်နက်ကြီးတွေရဲ့ အကူအညီတွေကိုယူပြီး လေယာဉ်ကွင်းနေရာကို စစ်မျက်နှာ အတော်များ များဖွင့်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ အီရတ် ဒုဗိုလ်ချုပ်ကြီး Raid Shakir Jaudat ကပြောပါတယ်။ အစပိုင်းမှာ အိုင်အက်စ် တပ်တွေဘက်က ခုခံမှု နဲနဲပါးပါး ရှိပေမယ့် နောက်ပိုင်းမှာတေ့ာ အီရတ်တပ်တွေက လေယာဉ်ကွင်း အဆောက်အဦးတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

IS တပ်သားတွေဟာ အီရတ်တပ်သားတွေကို အသေခံကားဗုံးခွဲတိုက်ခိုက်တာနဲ့ ဒါဇင်နဲ့ချီတဲ့ဗုံးတွေကို မောင်းသူမဲ့ drones ယာဉ်တွေမှာ ထည့်ပြီး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ အီရတ်အထူးတပ်ဖွဲ့က တပ်သား တယောက်က ပြောပါတယ်။ သေဆုံးဒဏ်ရာရသူ အနည်းဆုံး တဒါဇင်လောက်ရှိပေမယ့် ဒဏ်ရာသိပ်မပြင်းထန်ဘူးလို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG