သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mosul မြို့လေဆိပ်ကို အီရတ်တပ်တွေ ဝင်ရောက်


Mosul မြို့လေဆိပ်ပြမြေပုံ
Mosul မြို့လေဆိပ်ပြမြေပုံ

အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ အီရတ်လုံခြုံရေးတပ်ဖွဲ့တွေဟာ IS စစ်သွေးကြွတွေ အခိုင်အမာ နေရာယူထားတဲ့ Mosul မြို့ရဲ့ အဓိကလေဆိပ်ထဲကို ဝင်သွားကြပါပြီ။

အလျင်အမြန် တုံ့ပြန်တိုက်ခိုက်ရေးတပ်ဖွဲ့တွေ၊ ဖက်ဒရယ်ရဲတပ်ဖွဲ့နဲ့ အကြမ်းဖက်ဝါဒ တန်ပြန်ချေမှုန်းရေး တပ်ဖွဲ့တွေအပါအဝင် လုံခြုံရေးတပ်ဖွဲ့တွေဟာ ဒီကနေ့အစောပိုင်းက လေဆိပ်နဲ့အတူ အနီးအနားက စစ်စခန်းတခုကိုပါ ထိုးစစ်ဆင်ခဲ့တာပါ။ အလျင်အမြန် တုံ့ပြန်တိုက်ခိုက်ရေးတပ်ဖွဲ့တွေနဲ့ ဖက်ဒရယ်ရဲတပ်ဖွဲ့ဟာ Mosul လေဆိပ်ကို လုံး၀ ထိန်းချုပ်လိုက်ပြီလို့ အီရတ် နိုင်ငံပိုင် ရုပ်သံသတင်းဌာနက ကြေညာတဲ့အကြောင်း ရိုက်တာသတင်းဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စတင်ပြီး မိုဆူးလ်မြို့အနောက်ခြမ်းမှာရှိတဲ့ IS စစ်သွေးကြွတွေကို တိုက်ထုတ်ပစ်ဖို့ရည်ရွယ်တဲ့ အဓိက စစ်ဆင်ရေးကြီးတခုရဲ့ တစိတ်တိပိုင်းအဖြစ် မိုဆူးလ်မြို့တောင်ဘက်စွန်မှာရှိတဲ့ လေဆိပ်နဲ့ စစ်အခြေစိုက်စခန်းကို ဒီကနေ့ ဝင်တိုက်တာပါ။

Mosul မြို့ကို IS အစွန်းရောက်တွေက ၂၀၁၄ ခုနှစ်ကတည်းက သိမ်းထားတာဖြစ်ပြီး မြို့အရှေ့ပိုင်းကိုတော့ ပြီးခဲ့တဲ့လမှာ အီရတ်တပ်ဖွဲ့တွေက ပြန်သိမ်းယူခဲ့ပါတယ်။

XS
SM
MD
LG