သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mosul တိုက်ပွဲ နောက်ဆုံးအခြေအနေ


အီရတ်တပ်ဖွဲ့တွေ
အီရတ်တပ်ဖွဲ့တွေ

အီရတ်တပ်ဖွဲ့တွေဟာ Mosul မြို့ နယ်နားက မြို့လေးတခုထဲကို ကြာသပတေးနေ့က သတိကြီးစွာနဲ့ ချဉ်းကပ်နေကြပါတယ်။ အရပ်သားတွေ လုံခြုံရေးအတွက် တအိမ်ဝင် တအိမ်ထွက် ဆောင်ရွက်နေချိန်မှာ ဒီစစ်သားတွေဟာ IS တို့ ထောင်ထားတဲ့ ဗုံးတွေ၊ ချောင်းမြောင်းပစ်ခတ်မှုတွေကိုလည်း သတိထားနေရပါတယ်။

အီရတ်နိုင်ငံအတွင်းမှာရှိတဲ့ သူတို့ရဲ့ နောက်ဆုံးခြေကုပ်စခန်းဖြစ်တဲ့ Mosul မြို့က IS တပ်ဖွဲ့ဝင်တွေ မဆုပ်ခွာပဲ ခုခံကြဖို့ သူတို့ရဲ့ခေါင်းဆောင်က တိုက်တွန်းထားတာပါ။

IS တို့ နှစ်နှစ်ကျော်သိမ်းပိုက်ထားခဲ့တဲ့ Mosul မြို့ကို အခုလို ဝင်ရောက်တိုက်ခိုက်တဲ့အတွက် ရာနဲ့ချီတဲ့ မိသားစုတွေ ထွက်ပြေးခဲ့ကြပါတယ်။ တချို့ကလည်း အလံဖြူတွေ ကိုင်ဆောင်ထားကြပြီး တချို့ကတော့ အင်္ဂလိပ်အက္ခရာ V ပုံသဏ္ဍာန်နဲ့ အီရတ်တပ်ဖွဲ့ဝင်တွေကို လက်တွေထောင်ပြခဲ့ကြပါတယ်။

IS လိုလားတဲ့ Mosul မြို့ရဲ့ အနောက်ဘက်ခြမ်းမှာတော့ စိုးရိမ်မှုတွေ ပိုမိုကြီးထွားလာနေပါတယ်။ လက်တုန်ပြန်မှုတွေ၊ လက်စားခြေမှုတွေ ဖြစ်လာလေမလားဆိုပြီး စိုးရိမ်မှုတွေရှိနေပါတယ်။

IS လိုလားသူတွေကို လူမြင်ကွင်းမှာ အရှက်ရအောင်လုပ်တာတွေ၊ ညှမ်းဆဲရိုက်နှက်မှုတွေရှိနေကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း ကြေညာထားပါတယ်။

Mosul တိုက်ပွဲ နောက်ဆုံးအခြေအနေ
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG