သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းဒုက္ခသည်များအတွက် အကူအညီ အရေးပေါ်လိုအပ်


ရှမ်းဒုက္ခသည်များ (ရှမ်းဒုက္ခသည်ကော်မတီ)
ရှမ်းဒုက္ခသည်များ (ရှမ်းဒုက္ခသည်ကော်မတီ)

ထိုင်း- မြန်မာနယ်စပ် ရှမ်း ပြည်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည် ၆ ထောင်ကျော်က အောက်တိုဘာလ ကစပြီး စားနပ်ရိက္ခာဖြတ်တောက်ခံနေရ သလို မြန်မာပြည်မှာ တည်ငြိမ်အေးချမ်းမူမရှိသေးတဲ့ အတွက် နေရပ်ပြန်ဖို့ အခက်အခဲရှိကြောင်း ဒီအတွက် အကူညီပေးဖို့ ထိုင်းလူအခွင့်ရေးအဖွဲ့ တွေက နိုးဆော်လိုက်ပါတယ်။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

မြန်မာနိုင်ငံ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် ၊ မိုင်းဆတ် ခရိုင် လင်းခေးခရိုင် အတွင်း -လွိုင်လမ်၊ လွိုင်ဆမ်ဆစ်၊ လွိုင်ကော် ဝမ်း၊ လွိုင်တိုင်းလျဲန်း၊ ကုန်းကျော် နဲ့ ကောင်းမုန့်မိန်း ဒုက္ခသည် စခန်းတွေက ဒုက္ခသည် ၆ထောင်ကျော်အတွက်အခြေခံ စားနပ်ရိက္ခာပေးနေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကထောက်ပံ့မူတွေ ရပ်နားသွားတာကြောင့် နေရပ်မပြန်နိုင်သေး တဲ့ ရှမ်းတိုင်းရင်းသားတွေကိုအကူညီပေးဖို့ ထိုင်းလူ့အခွင့်အရေးအဖွဲ့တွေက ဆော်သြလိုက်ပါတယ်။

ထိုင်းလူအခွင့်ရေး ရှေ့နေကြီးဖြစ်တဲ့ မစ္စတာဆူလဖုန်ကောင်းကျန်ထွတ် ကတော့ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ အခုလိုပြောသွားပါတယ်။

သူပြောတာက မြန်မာနိုင်ငံထဲမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးမရှိသေးတဲ့အကြောင့် အခုချိန်ထိ တိုင်းရင်းသားနယ်မြေတွေမှာပစ်ခတ်မှုနဲ့ တိုက်ပွဲတွေရှိနေတုန်းပဲလို့ ဆိုပါတယ်။ တိုင်းရင်းသားတွေ စစ်မှန်တဲ့ငြိမ်းချမ်းရေး ရမှာနေရပ်ပြန်ဖို့ ဖြစ်နိုင်မယ်။ အဲဒီလို ရဖို့ အတွက် အားလုံးက ဝိုင်းကြိုးစားပေးရမယ်လို့ပြောဆိုသွားပါတယ်။ ပြီးတော့ ထိုင်းမြန်မာနယ်စပ်က ရှမ်းဒုက္ခသည် ၆၁၈၅ ဦးနဲ့ ပတ်သက်လို့ ထိုင်းလူမူ အဖွဲ့အစည်းတွေကလည်း ကူညီပေးဖို့အတွက် လူ့အခွင့်ရေးရှေ့နေကြီးပြောဆို သွားတာပါ။

ဒုက္ခသည်တွေနဲ့ နေရပ်စွန့်ခွါနေကြတဲ့ ပြည်သူတွေဟာ အစိုးရ စစ်တပ်ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်ရခြင်း ကျေးလက်နေပြည်သူတွေကို အဓမ္မ ရွှေ့ပြောင်းစေတာတွေ၊ကျေးရွာတွေမီးရှိုခံရတာတွေကြောင့်ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ပြည်တွင်းနေဒုက္ခသည်များဖြစ်တယ်လို့ ရှမ်းဒုက္ခသည်ကော်မတီကဆိုပါတယ်။ ၁၉၉၆ကနေ ၁၉၉၈အတွင်း ရှမ်းပြည်နယ်တွင်းကရှမ်းကျေးရွာပေါင်း ၁၄၀၀ကျော်က ပြ့ည်သူလူထု ၃သိန်းလောက်နေရပ်စွန်ခွါခဲ့ရတယ်လို့လည်ရှမ်းဒုက္ခသည်ကော်မတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာလည်း တည်ငြိမ်အေးချမ်းမူတွေမရှိတဲ့အတွက် သူတို့နေရပ်မှာပြန်နေဖို့ အတွက် မဖြစ်နိုင်ဘူးလို့လည်း ဒုက္ခသည်ကော်မတီက ဦးဆောင်သူတဦးဖြစ်တဲ့ ဦးစိုင်းလင်းက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG