သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် မြန်မာဒုက္ခသည်တချို့ နေရပ်စပြန်


မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံအစိုးရတွေရဲ့ သဘောတူညီအရ ထိုင်းနိုင်ငံမှာရှိနေတဲ့ မြန်မာဒုက္ခသည်တချို့ ပထမဆုံးအသုတ်အဖြစ်နဲ့ အောက်တိုဘာလ ၂၅ ရက်နေ့က မြန်မာနိုင်ငံကို စတင် ပြန်သွားကြပြီ ဖြစ်ပါ တယ်။ ဒီဒုက္ခသည်တွေဟာ သူတို့သဘောနဲ့သူတို့ နေရပ်ကို ပြန်ကြတာ ဖြစ်ပါတယ်။

အခု မြန်မာနိုင်ငံကို ပြန်သွားတဲ့ ပထမအသုတ်မှာ ပါဝင်တဲ့ ဒုက္ခသည် အရေအတွက်ဟာ နည်းပေမဲ့ ဒါဟာ အာရှတိုက်အတွင်း သက်တမ်းအရှည်ကြာဆုံး ဒုက္ခသည် ပြဿနာတွေထဲက တခုကို ဖြေရှင်းနိုင်ရေး လမ်းကြောင်းမှန်ပေါ်ကို ရောက်လာရေး လုပ်ဆောင်တဲ့ ကနဦး ခြေလှမ်းဖြစ်ကြောင်း UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက တာဝန်ရှိသူတဦးက ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ အင်္ဂါနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

“ပထမအသုတ်အဖြစ် နေရပ်ပြန်တဲ့ အစီအစဉ်တွေ ဒီကနေ့ပဲ စတင်ပါတယ်။ မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီးနဲ့ နယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံ Ratchaburi ခရိုင်အတွင်းက ထန်ဟင်း ဒုက္ခသည်စခန်းကနေ လူ ၆ ဦးပါ မိသားစုတခု ပြန်သွားကြပြီ ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၆ ရက်နေ့ မှာလည်း နို့ဘိုး ဒုက္ခသည်စခန်းကနေ ဒါဇင်နဲ့ချီတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ကြဖို့ ရှိပါတယ်။”

အဲဒီလူတွေဟာ ရန်ကုန်နဲ့ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်တို့ကို ပြန်ကြမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒုက္ခသည်တွေ ပြန်ကြမယ့် ဒေသက အခြေအနေတွေကို UNHCR က ပြောပြ ထားကြောင်း၊ နေရပ်ပြန် မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာလည်း မိမိတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ပြန်တာမျိုးဖြစ်အောင် လုပ်ဆောင်ပေးနေကြောင်း သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ ပြောကြားခဲ့ပါတယ်။

WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ဒုက္ခသည်တွေအတွက် အစပိုင်းကာလမှာ လိုအပ်မယ့် ငွေကြေး အထောက်အပံ့တွေ ပေးနေပြီး နောက်ပိုင်းမှာတော့ သူတို့ကို မြန်မာအစိုးရက လိုအပ်တဲ့ အကူအညီတွေ ဆက်လက် ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

ထိုင်းရောက် မြန်မာဒုက္ခသည်တချို့ နေရပ်စပြန်
please wait

No media source currently available

0:00 0:01:35 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG