သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မူးယစ္ေဆးဖမ္းမိမႈ ထိုင္းနယ္စပ္ဂိတ္ လံုၿခဳံေရးတိုးျမႇင့္


မႏွစ္ ေအာက္တုိဘာလအတြင္းက ထုိင္း-ျမန္မာနယ္စပ္တြင္ မူးယစ္ေဆးမ်ား ဖမ္းဆီးရမိမႈကို စစ္ေဆးေနသည့္ ထုိင္းရဲတပ္ဖြဲ႔ဝင္မ်ား။ (ေအာက္တုိဘာ ၁၅၊ ၂၀၁၈)

ထိုင္း-ျမန္မာနယ္စပ္က မဲေဆာက္ၿမိဳ႕အထြက္ ကုန္ကားတစီးမွာ အန္၀ွက္ေတြလုပ္လာၿပီး သယ္လာတဲ့ ကာလတန္ဖိုး ဘတ္ေငြ သန္း ၁၀၀၀ ေက်ာ္တန္ဖိုးရွိတဲ့ အိုက္စ္လို႔ေခၚတဲ့ မူးယစ္ေဆး တတန္ခြဲကုိ မဲေဆာက္ၿမိဳ႕ ေဟြးယားအူး (Huai Ra Ru) နယ္စပ္စစ္ေဆးေရး အမွတ္ ၃၄၆ ဂိတ္မွာ ေအာက္တိုဘာလ ၁၈ ရက္ေန႔က ဖမ္းဆီးမိခဲ့ပါတယ္။ ဒါဟာ မဲေဆာက္ၿမိဳ႕နယ္ထဲမွာ အေရအတြက္အမ်ားဆံုး ဖမ္းဆီးႏုိင္ခဲ့တာလို႔ တာ့ခ္ခ႐ုိင္ ထုိင္းရဲတပ္ဖဲြ႔က ဆုိပါတယ္။ အျပည့္အစံုကို ထုိင္းအေျခစိုက္ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။

ထိုင္း-ျမန္မာနယ္စပ္ တာ့ခ္ခ႐ုိင္ မဲေဆာက္ၿမိဳ႕နယ္ကေနအထြက္ ေဟြးယားအူး စစ္ေဆးေရးဂိတ္မွာ ဖမ္းမိခဲ့တဲ့ အိုက္စ္လို႔ေခၚတဲ့ မူးယစ္ေဆး ၁၅၀၀ ကီလိုဂရမ္ဟာ မဲေဆာက္ၿမိဳ႕နယ္အတြင္းမွာ အေရအတြက္အမ်ားဆံုး ဖမ္းဆီးႏုိင္ခဲ့တာလို႔ ထိုင္းအာဏာပုိင္ေတြက ဆုိပါတယ္။

ကာလတန္ဖုိး ဘတ္သန္းေပါင္း ၁၀၀၀ ေက်ာ္တန္ဖုိးရွိတဲ့ အိုက္စ္မူးယစ္ေဆး အထုပ္ေပါင္း ၁၅၀၀ ကို ႏွစ္စီးတြဲ ကုန္တင္ကားႀကီးရဲ႕ သံေဘာင္ေတြမွာ အံ၀ွက္ေတြလုပ္ၿပီး သယ္လာခဲ့ၾကတာပါ။ စစ္ေဆးေရးဂိတ္က ရဲအရာရွိက အခုလိုေျပာပါတယ္။

“တရားခံေတြက ဒီမူးယစ္ေဆးေတြ ပါလာတာ သူတို႔ ဘာမွမသိဘူးလို႔ ပထမပုိင္းမွာ ျငင္းပါတယ္။ သက္ေသအခုိင္အမာနဲ႔ ျဖစ္ေနတဲ့အတြက္ သူတုိ႔ ျငင္းလို႔မရေတာ့ပါဘူး။ ဒါက မဲေဆာက္မွာ အမ်ားဆံုးမိတာျဖစ္တယ္။ သူတို႔ကုိ မူးယစ္ေဆး၀ါးေတြ သယ္ေဆာင္လာတဲ့ေနရာကို ေခၚသြားၿပီး စစ္ေဆးတဲ့အခါမွာ ဒီမူးယစ္ေဆးေတြကို လူ ၂၀ ခန္႔က သယ္ေဆာင္လာတာ ဆိုတာကို ၀န္ခံထြက္ဆိုၾကပါတယ္” ဆုိၿပီး ေျပာသြားပါတယ္။

မူးယစ္ေဆး၀ါးေတြ အခုလို တတန္ခဲြေလာက္ ဖမ္းမိတဲ့အတြက္ နယ္စပ္မွာ စစ္ေဆးေရးဂိတ္ေတြ တုိးခ်ဲ႕ခ်ထားလိုက္ၿပီျဖစ္ေၾကာင္း မဲေဆာက္ၿမိဳ႕က ကားဂိတ္ေတြမွာ တာ၀န္ယူေနတဲ့ ျမန္မာႏုိင္ငံသား လံုၿခံဳေရး၀န္ထမ္းတဦးကလည္း အခုလိုေျပာျပပါတယ္။

“နယ္စပ္ဘက္မွာ စစ္ေဆးေရးဂိတ္ေတြ သိပ္မရွိဘူး။ မရွိတဲ့အခါက်ေတာ့ အဲဒီဘက္ကေန ၀င္လာတာ။ အဲဒါနဲ႔ပတ္သက္ၿပီး မဲေဆာက္ဘက္မွာ စစ္ေဆးေရးဂိတ္ေတြ ပိုမ်ားလာတယ္။ ၾကားျဖတ္ဂိတ္ေတြ မ်ားလာတယ္။ လွ်ပ္တျပက္ စစ္ေဆးတဲ့ဂိတ္ေတြ မ်ားလာတယ္။”

အခု မူးယစ္ေဆး၀ါးေတြ အဓိကသယ္ေဆာင္လာတဲ့ ဖြတ္ဖရၿမိဳ႕နယ္ဟာ ျမန္မာျပည္ဘက္ျခမ္း ၀ါးေလေက်းရြာနဲ႔ဆိုရင္ ၃ ကီလိုမီတာေလာက္ပဲ ကြာေ၀းတယ္လို႔ ဆိုပါတယ္။

“ျမန္မာျပည္နဲ႔ ဘယ္ေလာက္နီးစပ္လဲဆိုရင္ ျမ၀တီိၿမိဳ႕နယ္ ၀ါးေလေက်းရြာနဲ႔ နီးတယ္။ ဖြတ္ဖရက ၃ ကီလို ၄ ကီလိုေလာက္ပဲေ၀းတယ္။ အဲဒီဘက္မွာက တံတားက သစ္သားတံတား၊ ေရွးေဟာင္းတံတားပဲရွိတယ္။ အဲဒီဘက္မွာ ေတာင္ယာလုပ္သားေတြ၊ ပန္းရန္အလုပ္သမားေတြ၊ စုိက္ပ်ိဳးေရးအလုပ္သမားေတြ ရွိတယ္။”

ဖမ္းဆီးခံထားရတဲ့ ထုိင္းႏုိင္ငံသား ကားေမာင္းသမား ၂ ဦးကိုေတာ့ ဖြတ္ဖရၿမိဳ႕နယ္ထဲက နယ္စပ္ေတာလမ္းကို ေခၚေဆာင္သြားၿပီး မူးယစ္ေဆး၀ါးသမားေတြ မူးယစ္ေဆး၀ါးေတြ သယ္ေဆာင္လာတဲ့ လမ္းေၾကာင္းေတြကို ျပသခိုင္းၿပီး ဆက္လက္စစ္ေဆးမႈေတြ လုပ္ေဆာင္ေနပါတယ္။ မူးယစ္ေဆးေတြကို လူ ၂၀ ခန္႔ သယ္ေဆာင္လာခဲ့ၾကတာလို႔ ေအာက္တုိဘာလ ၁၉ ရက္ေန႔မွာေတာ့ တာ့ခ္ခ႐ုိင္ရဲတပ္ဖြဲ႔က ထုတ္ျပန္ခဲ့ၿပီး အမႈနဲ႔ ပတ္သက္ေနသူေတြကို ဆက္လက္ေဖာ္ထုတ္သြားမွာ ျဖစ္တယ္လို႔လည္း ေျပာဆုိသြားပါတယ္။

ကုန္ကားေမာင္းလာသူနဲ႔ အေဖာ္ျဖစ္သူဟာ ထိုင္းႏုိင္ငံသားေတြျဖစ္ၿပီး မူးယစ္ေမွာင္ခိုသမားေတြက သူတို႔ကို သယ္ေဆာင္ခအျဖစ္ တဦးကို ဘတ္ေငြတသိန္းေပး သယ္ေဆာင္ခိုင္းခဲ့တာလို႔ ၀န္ခံခဲ့ပါတယ္။

အခုဖမ္းမိတဲ့ မူးယစ္ေဆး၀ါးေတြဟာ ထိုင္း-ျမန္မာနယ္စပ္ တာ့ခ္ခ႐ုိင္ ဖြတ္ဖရၿမိဳ႕နယ္ ထိုင္းဖတ္ထနာေက်းရြာအုပ္စု ၁၅ အနီးက နယ္စပ္လမ္းကေန ကုန္တင္ကားနဲ႔ တင္ေဆာင္ခဲ့ၾကတာလို႔လည္း ထုိင္းရဲတပ္ဖဲြ႔က သတင္းထုတ္ျပန္ပါတယ္။

ထုိင္းသတင္းတခ်ဳိ႕မွာေတာ့ ျမန္မာႏုိင္ငံဘက္ကလာတယ္ဆုိၿပီး ေရးသားထားေပမယ့္ ထုိင္းရဲေတြကေတာ့ ဒီကိစၥနဲ႔ပတ္သက္လုိ႔ တိတိက်က်ေျပာဆုိတာ မရွိေသးပါဘူး။

--------------------------------

(Unicode)

မူးယစ်ဆေးဖမ်းမိမှု ထိုင်းနယ်စပ်ဂိတ် လုံခြုံရေးတိုးမြှင့်

ထိုင်း-မြန်မာနယ်စပ်က မဲဆောက်မြို့အထွက် ကုန်ကားတစီးမှာ အန်ဝှက်တွေလုပ်လာပြီး သယ်လာတဲ့ ကာလတန်ဖိုး ဘတ်ငွေ သန်း ၁၀၀၀ ကျော်တန်ဖိုးရှိတဲ့ အိုက်စ်လို့ခေါ်တဲ့ မူးယစ်ဆေး တတန်ခွဲကို မဲဆောက်မြို့ ဟွေးယားအူး (Huai Ra Ru) နယ်စပ်စစ်ဆေးရေး အမှတ် ၃၄၆ ဂိတ်မှာ အောက်တိုဘာလ ၁၈ ရက်နေ့က ဖမ်းဆီးမိခဲ့ပါတယ်။ ဒါဟာ မဲဆောက်မြို့နယ်ထဲမှာ အရေအတွက်အများဆုံး ဖမ်းဆီးနိုင်ခဲ့တာလို့ တာ့ခ်ခရိုင် ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ကနေအထွက် ဟွေးယားအူး စစ်ဆေးရေးဂိတ်မှာ ဖမ်းမိခဲ့တဲ့ အိုက်စ်လို့ခေါ်တဲ့ မူးယစ်ဆေး ၁၅၀၀ ကီလိုဂရမ်ဟာ မဲဆောက်မြို့နယ်အတွင်းမှာ အရေအတွက်အများဆုံး ဖမ်းဆီးနိုင်ခဲ့တာလို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

ကာလတန်ဖိုး ဘတ်သန်းပေါင်း ၁၀၀၀ ကျော်တန်ဖိုးရှိတဲ့ အိုက်စ်မူးယစ်ဆေး အထုပ်ပေါင်း ၁၅၀၀ ကို နှစ်စီးတွဲ ကုန်တင်ကားကြီးရဲ့ သံဘောင်တွေမှာ အံဝှက်တွေလုပ်ပြီး သယ်လာခဲ့ကြတာပါ။ စစ်ဆေးရေးဂိတ်ကရဲအရာရှိက အခုလိုပြောပါတယ်။

“တရားခံတွေက ဒီမူးယစ်ဆေးတွေ ပါလာတာ သူတို့ ဘာမှမသိဘူးလို့ ပထမပိုင်းမှာ ငြင်းပါတယ်။ သက်သေအခိုင်အမာနဲ့ ဖြစ်နေတဲ့အတွက် သူတို့ ငြင်းလို့မရတော့ပါဘူး။ ဒါက မဲဆောက်မှာ အများဆုံးမိတာဖြစ်တယ်။ သူတို့ကိုမူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့နေရာကို ခေါ်သွားပြီး စစ်ဆေးတဲ့အခါမှာ ဒီမူးယစ်ဆေးတွေကို လူ ၂၀ ခန့်က သယ်ဆောင်လာတာ ဆိုတာကို ဝန်ခံထွက်ဆိုကြပါတယ်” ဆိုပြီး ပြောသွားပါတယ်။

မူးယစ်ဆေးဝါးတွေ အခုလို တတန်ခွဲလောက် ဖမ်းမိတဲ့အတွက် နယ်စပ်မှာ စစ်ဆေးရေးဂိတ်တွေ တိုးချဲ့ချထားလိုက်ပြီဖြစ်ကြောင်း မဲဆောက်မြို့က ကားဂိတ်တွေမှာ တာဝန်ယူနေတဲ့ မြန်မာနိုင်ငံသား လုံခြုံရေးဝန်ထမ်းတဦးကလည်း အခုလိုပြောပြပါတယ်။

“နယ်စပ်ဘက်မှာ စစ်ဆေးရေးဂိတ်တွေ သိပ်မရှိဘူး။ မရှိတဲ့အခါကျတော့ အဲဒီဘက်ကနေ ဝင်လာတာ။ အဲဒါနဲ့ပတ်သက်ပြီး မဲဆောက်ဘက်မှာ စစ်ဆေးရေးဂိတ်တွေ ပိုများလာတယ်။ ကြားဖြတ်ဂိတ်တွေ များလာတယ်။ လျှပ်တပြက် စစ်ဆေးတဲ့ဂိတ်တွေ များလာတယ်။”

အခု မူးယစ်ဆေးဝါးတွေ အဓိကသယ်ဆောင်လာတဲ့ ဖွတ်ဖရမြို့နယ်ဟာ မြန်မာပြည်ဘက်ခြမ်း ဝါးလေကျေးရွာနဲ့ဆိုရင် ၃ ကီလိုမီတာလောက်ပဲ ကွာဝေးတယ်လို့ ဆိုပါတယ်။

“မြန်မာပြည်နဲ့ ဘယ်လောက်နီးစပ်လဲဆိုရင် မြဝတီမြို့နယ် ဝါးလေကျေးရွာနဲ့ နီးတယ်။ ဖွတ်ဖရက ၃ ကီလို ၄ ကီလိုလောက်ပဲဝေးတယ်။ အဲဒီဘက်မှာက တံတားက သစ်သားတံတား၊ ရှေးဟောင်းတံတားပဲရှိတယ်။ အဲဒီဘက်မှာ တောင်ယာလုပ်သားတွေ၊ ပန်းရန်အလုပ်သမားတွေ၊ စိုက်ပျိုးရေးအလုပ်သမားတွေ ရှိတယ်။”

ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသား ကားမောင်းသမား ၂ ဦးကိုတော့ ဖွတ်ဖရမြို့နယ်ထဲက နယ်စပ်တောလမ်းကို ခေါ်ဆောင်သွားပြီး မူးယစ်ဆေးဝါးသမားတွေ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ လမ်းကြောင်းတွေကို ပြသခိုင်းပြီး ဆက်လက်စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ မူးယစ်ဆေးတွေကို လူ ၂၀ ခန့် သယ်ဆောင်လာခဲ့ကြတာလို့ အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ တာ့ခ်ခရိုင်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး အမှုနဲ့ ပတ်သက်နေသူတွေကို ဆက်လက်ဖော်ထုတ်သွားမှာ ဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။

ကုန်ကားမောင်းလာသူနဲ့ အဖော်ဖြစ်သူဟာ ထိုင်းနိုင်ငံသားတွေဖြစ်ပြီး မူးယစ်မှောင်ခိုသမားတွေက သူတို့ကို သယ်ဆောင်ခအဖြစ် တဦးကို ဘတ်ငွေတသိန်းပေး သယ်ဆောင်ခိုင်းခဲ့တာလို့ ဝန်ခံခဲ့ပါတယ်။

အခုဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ဖွတ်ဖရမြို့နယ် ထိုင်းဖတ်ထနာကျေးရွာအုပ်စု ၁၅ အနီးက နယ်စပ်လမ်းကနေ ကုန်တင်ကားနဲ့ တင်ဆောင်ခဲ့ကြတာလို့လည်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ထိုင်းသတင်းတချို့မှာတော့ မြန်မာနိုင်ငံဘက်ကလာတယ်ဆိုပြီး ရေးသားထားပေမယ့် ထိုင်းရဲတွေကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ တိတိကျကျပြောဆိုတာ မရှိသေးပါဘူး။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG