သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခိုးဝင္ ျမန္မာ ၁၂ ဦး ထိုင္းရဲဖမ္းဆီး


ၿပီးခဲ့တဲ့ရက္ေတြအတြင္း ထုိင္းႏုိင္ငံ ကန္ခ်နဘူရီခ႐ိုင္ထဲ ခိုးဝင္လို႔ ဖမ္းဆီးခံထားရတဲ့ ျမန္မာႏိုင္ငံသားမ်ား။ (ဓာတ္ပုံ - Thai Police official)

(Zawgyi / Unicode)

ထိုင္းႏုိင္ငံထဲကို တရားမဝင္ ဝင္ေရာက္သူ ျမန္မာ ၁၂ ဦးကို ဖမ္းဆီးထားေၾကာင္း ထိုင္းအာဏာပိုင္ေတြ ေျပာဆိုခ်က္ကို ကိုးကားၿပီး Bangkok Post သတင္းက ေရးပါတယ္။

ထိုင္းႏိုင္ငံ ဖူးခက္မွာ အလုပ္လုပ္ဖုိ႔ ခိုးဝင္တာမွာ တဦးကို ဘတ္ ၆,၅၀၀ ႏႈန္းနဲ႔ ထိုင္းပြဲစားတဦးကို ေပးခဲ့ရပါတယ္။

စေနေန႔ မနက္ ၁ နာရီ ဝန္းက်င္ေလာက္မွာ ထုိင္း-ျမန္မာ နယ္စပ္ကို ျဖတ္ၿပီး ဝင္လာသူတစုကို စစ္တပ္၊ နယ္စပ္ရဲ၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ေဒသခံေတြပါတဲ့ အဖြဲ႔တခုက ေတြ႔ခဲ့တာပါ။ နယ္စပ္ျဖတ္ေက်ာ္ ဝင္ေရာက္လာသူေတြကို လိုက္ၿပီး ဖမ္းတာမွာေတာ့ ရာဘာစိုက္ခင္းေတြထဲကို ဝင္ေျပးၾကေပမယ့္ ေနာက္ဆံုးမွာေတာ့ အားလံုးကို ဖမ္းဆီးရမိခဲ့ပါတယ္။ ဖမ္းမိတဲ့ ျမန္မာႏုိင္ငံသားေတြကို စစ္ေဆးတာမွာေတာ့ သူတို႔နဲ႔ တနယ္တည္းသား တဦးကေနတဆင့္ ထိုင္းပြဲစားကို ခ်ိတ္ဆက္ၿပီး ထိုင္းကိုဝင္ဖို႔ ပြဲစားခအျဖစ္ တဦးကို ဘတ္ ၆,၅၀၀ ေပးခဲ့ရတယ္လို႔ ေျပာၾကပါတယ္။

ခုိးဝင္ ျမန္မာႏုိင္ငံသားေတြအတြက္ ကားတစီးလႊတ္ေပးၿပီး ဖူးခက္က ထိုင္းအလုပ္ရွင္ထံ ပို႔ေပးမယ္လို႔ ထိုင္းပြဲစားက ကတိေပးထားတဲ့အေၾကာင္းလည္း ေျပာပါတယ္။

ခိုးဝင္ ျမန္မာ ၁၂ ဦး ထိုင္းရဲဖမ္းဆီး
please wait

No media source currently available

0:00 0:01:03 0:00
တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ခိုးဝင် မြန်မာ ၁၂ ဦး ထိုင်းရဲဖမ်းဆီး

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်သူ မြန်မာ ၁၂ ဦးကို ဖမ်းဆီးထားကြောင်း ထိုင်းအာဏာပိုင်တွေ ပြောဆိုချက်ကို ကိုးကားပြီး Bangkok Post သတင်းက ရေးပါတယ်။

ထိုင်းနိုင်ငံ ဖူးခက်မှာ အလုပ်လုပ်ဖို့ ခိုးဝင်တာမှာ တဦးကို ဘတ် ၆,၅၀၀ နှုန်းနဲ့ ထိုင်းပွဲစားတဦးကို ပေးခဲ့ရပါတယ်။

စနေနေ့ မနက် ၁ နာရီ ဝန်းကျင်လောက်မှာ ထိုင်း-မြန်မာ နယ်စပ်ကို ဖြတ်ပြီး ဝင်လာသူတစုကို စစ်တပ်၊ နယ်စပ်ရဲ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ဒေသခံတွေပါတဲ့ အဖွဲ့တခုက တွေ့ခဲ့တာပါ။ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူတွေကို လိုက်ပြီး ဖမ်းတာမှာတော့ ရာဘာစိုက်ခင်းတွေထဲကို ဝင်ပြေးကြပေမယ့် နောက်ဆုံးမှာတော့ အားလုံးကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ဆေးတာမှာတော့ သူတို့နဲ့ တနယ်တည်းသား တဦးကနေတဆင့် ထိုင်းပွဲစားကို ချိတ်ဆက်ပြီး ထိုင်းကိုဝင်ဖို့ ပွဲစားခအဖြစ် တဦးကို ဘတ် ၆,၅၀၀ ပေးခဲ့ရတယ်လို့ ပြောကြပါတယ်။

ခိုးဝင် မြန်မာနိုင်ငံသားတွေအတွက် ကားတစီးလွှတ်ပေးပြီး ဖူးခက်က ထိုင်းအလုပ်ရှင်ထံ ပို့ပေးမယ်လို့ ထိုင်းပွဲစားက ကတိပေးထားတဲ့အကြောင်းလည်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG