သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းႏုိင္ငံထဲ တရားမ၀င္ ၀င္လာသူ ျမန္မာေတြနဲ႔ လူေမွာင္ခုိသမားေတြ ဖမ္းခံရ


photo- ကမ္ခ်နဘူရီခရိုင္ထဲကိုခိုး၀င္လာေနႀကတဲ့ျမန္မာႏိုင္ငံသားမ်ား ဒီရက္ပုိင္းမွာပဲ ဖမ္းဆီးခံရပံု ( Thai Police official )

[Zawgyi/Unicode]

ထိုင္း-ျမန္မာနယ္စပ္ ကမ္ခ်ဘူရီခရိုင္ စံခဘူရီနယ္စပ္ကေန လူကုန္ကူး ဂိုဏ္းမ်ားနဲ ့ဆက္သြယ္ၿပီး ထိုင္းနိုင္ငံအတြင္း တရားမ၀င္ ၀င္ေရာက္လာေနတဲ႔ ျမန္မာနိုင္ငံသား ၃၀ ၀န္းက်င္ကုိ လ၀က ဥပေဒအျပင္ ကုိဗစ္ကာကြယ္ထိန္းခ်ဳပ္ေရးဥပေဒနဲ႕ ပါ အေရးယူမူေတြလုပ္ေနပါတယ္။ ဒီသတင္းကိုမေအးေအးမာက တင္ဆက္ေပးမွာပါ။

ထိုင္း-ျမန္မာနယ္စပ္ ကမ္ခ်နဘူရီခရိုင္ စံခဘူရီနယ္စပ္က အသုတ္လိုက္၀င္ေနတဲ့ ျမန္မာ နိုင္ငံသား ေတြနဲ့ သူတုိ့ကုိ လာေရာက္ေခၚေဆာင္ေပးတဲ့ လူေမွာင္ခိုကားေတြကို ပါ ထုိင္းရဲတပ္ဖဲြေတြက ဖမ္းဆီးေနပါတယ္။ တနလၤာေန႔မွာ ဖမ္းဆီးခံရတ့ဲ ျမန္မာနိုင္ငံသား ေတြမွာ ကေလးငယ္ေတြပါ ပါ၀င္ေနေၾကာင္း ဖမ္းဆီးခံရသူေတြဟာ ကုိဗစ္ထိန္းခ်ဳပ္ေရးဥပေဒနဲ႕ ပါ အမူဖြင့္ခံထားရတယ္လုိ႔ ထိုင္းေတာင္ပိုင္း အေျခစိုက္ပညာေရးနဲ႔ ဖြံ႕ၿဖိဳးေရး ေဖာင္ေဒးရွင္းရဲ႕ အလုပ္သမားေရးလွဳပ္ရွားသူ ဦးမင္းဦးက ေျပာျပပါတယ္။

“အားလံုးက ၉ ေယာက္ ကေလးက ၅ ေယာက္ အရြယ္ေရာက္တဲ့ အမ်ိဳးသား ၂ေယာက္၊ အမ်ိဳးသမီး ၂ေယာက္ပါတယ္။ အေထာက္အထားေတြကေတာ့ တေယာက္မွ မရွိဘူး။ ဒီရက္ပုိင္းမွာပဲ စံခလယ္ေခ်ာင္းဘက္ေန ပဲြစားေတြနဲ႔ ၀င္ေနတာေတြလည္းရွိတယ္။ ဥပေဒအရဆိုရင္ ကုိဗစ္ဥပေဒဆိုရင္ ဒဏ္ေငြက တသိန္းထိရွိတယ္။ ေထာင္ဒဏ္ ၆လအထိက်ႏိုင္တယ္ ။ ခိုး၀င္မူကေတာ့ ျပစ္ဒဏ္သိပ္ မမ်ားဘူး။”

ကုိဗစ္အေရးေပၚကာလ ၿပီးခဲ့တဲ့ ၄လအတြင္း ဖမ္းမိသူ တရားမ၀င္ျမန္မာႏိုင္ငံသား ၅ေထာင္၀န္က်င္းအထိ ရွိတယ္လို႔လည္းဆိုပါတယ္။

“ဖမ္းမိတဲ့လူဦးေရကေတာ့ ၆ လပိုင္းလလည္ကေန စက္တင္ဘာလ ဒုတိယပတ္အထိ အားလံုး ေပါင္း ၄၈၃၉ ေယာက္ ၊ အခုေနာက္ပိုင္းဖမ္းမိတာ ႏွစ္ဒါဇင္ေလာက္ရွိတယ္။ အခုဆိုရင္ ဖမ္းမိတဲ့ေရႊ႕ေျပာင္းအလုပ္သမားဦးေရက ၅ေထာင္၀န္းက်င္ေလာက္ရွိတယ္။”

ဒီရက္ပုိင္းအတြင္း ကမ္ခ်နဘူရီခရုိင္ဘက္ကုိ ခိုး၀င္လာၾကတဲ့ ျမန္မာႏိုင္ငံသားေတြဟာ ျမန္မာနယ္စပ္ ေတာလမ္းအတုိုင္းလမ္းေလ်ွာက္လာၾကျပီး ထိုင္းနယ္စပ္မွာ လူေမွာင္ခို ပြဲစားေတြက ေစာင့္ျပီးေခၚေပးႀကပါတယ္။ တစ္ဦးကိုပြဲစားခ ဘတ္ေငြ၁၅၀၀ ေက်ာ္ေပးရၿပီး ထိုင္းနိုင္ငံအတြင္းက ၿမိဳ႕ေတြကို ပစ္ကပ္ကားေတြနဲ႕ လူပဲြစားေတြက ေမာင္းႏွင္ပို ့ေဆာင္ေနၾကတာပါ ျမန္မာႏို္င္ငံသားေတြနဲ႔ အတူ လူေမွာင္ခုိပဲြစားေတြ ျဖစ္တဲ့ထုိင္းႏို္င္ငံသား၊ ျမန္မာႏိုင္ငံသားမ်ားကိုလည္းဖမ္းမိေနတာပါ။

အေထာက္အထားမ့ဲ ျမန္မာႏိုင္ငံသားမ်ားစုဟာ ျမန္မာနိုင္ငံတြင္းမွာ ကူးစက္ျပန္ ့ပြားမူ ျမင့္တက္လာေနတဲ့ ကိုဗစ္-ကပ္ေဘးကေန လြတ္ရာကုိ ထြက္ေျပးတိမ္းေရွာင္လာၾကတာလို ့လည္း ထိုင္းနိုင္ငံသတင္းေတြမွာေဖၚျပေနပါတယ္။ အလုပ္သမားေရး လွဳပ္ရွားေနသူေတြ ကေတာ့ ခိုး၀င္လာသူေတြဟာ ကပ္ေရာဂါ ကူးစက္မူေတြကုိ စိုးရိမ္တာအျပင္ အလုပ္အကုိင္အခြင့္အလန္းအခက္အခဲေတြေၾကာင့္ ထုိင္းႏိုင္ငံကုိ လာေနၾကတာလို႕လည္း ေျပာဆုိၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode Version]

ထိုင်း-မြန်မာနယ်စပ် ကမ်ချဘူရီခရိုင် စံခဘူရီနယ်စပ်ကနေ လူကုန်ကူး ဂိုဏ်းများနဲ့ဆက်သွယ်ပြီး ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာနေတဲ့ မြန်မာနိုင်ငံသား ၃၀ ဝန်းကျင်ကို လဝက ဥပဒေအပြင် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးဥပဒေနဲ့ ပါ အရေးယူမူတွေလုပ်နေပါတယ်။ ဒီသတင်းကိုမအေးအေးမာက တင်ဆက်ပေးမှာပါ။

ထိုင်း-မြန်မာနယ်စပ် ကမ်ချနဘူရီခရိုင် စံခဘူရီနယ်စပ်က အသုတ်လိုက်ဝင်နေတဲ့ မြန်မာ နိုင်ငံသား တွေနဲ့ သူတို့ကို လာရောက်ခေါ်ဆောင်ပေးတဲ့ လူမှောင်ခိုကားတွေကို ပါ ထိုင်းရဲတပ်ဖွဲတွေက ဖမ်းဆီးနေပါတယ်။ တနင်္လာနေ့မှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား တွေမှာ ကလေးငယ်တွေပါ ပါဝင်နေကြောင်း ဖမ်းဆီးခံရသူတွေဟာ ကိုဗစ်ထိန်းချုပ်ရေးဥပဒေနဲ့ ပါ အမူဖွင့်ခံထားရတယ်လို့ ထိုင်းတောင်ပိုင်း အခြေစိုက်ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းရဲ့ အလုပ်သမားရေးလှုပ်ရှားသူ ဦးမင်းဦးက ပြောပြပါတယ်။

“အားလုံးက ၉ ယောက် ကလေးက ၅ ယောက် အရွယ်ရောက်တဲ့ အမျိုးသား ၂ယောက်၊ အမျိုးသမီး ၂ယောက်ပါတယ်။ အထောက်အထားတွေကတော့ တယောက်မှ မရှိဘူး။ ဒီရက်ပိုင်းမှာပဲ စံခလယ်ချောင်းဘက်နေ ပွဲစားတွေနဲ့ ဝင်နေတာတွေလည်းရှိတယ်။ ဥပဒေအရဆိုရင် ကိုဗစ်ဥပဒေဆိုရင် ဒဏ်ငွေက တသိန်းထိရှိတယ်။ ထောင်ဒဏ် ၆လအထိကျနိုင်တယ် ။ ခိုးဝင်မူကတော့ ပြစ်ဒဏ်သိပ် မများဘူး။”

ကိုဗစ်အရေးပေါ်ကာလ ပြီးခဲ့တဲ့ ၄လအတွင်း ဖမ်းမိသူ တရားမဝင်မြန်မာနိုင်ငံသား ၅ထောင်ဝန်ကျင်းအထိ ရှိတယ်လို့လည်းဆိုပါတယ်။

“ဖမ်းမိတဲ့လူဦးရေကတော့ ၆ လပိုင်းလလည်ကနေ စက်တင်ဘာလ ဒုတိယပတ်အထိ အားလုံး ပေါင်း ၄၈၃၉ ယောက် ၊ အခုနောက်ပိုင်းဖမ်းမိတာ နှစ်ဒါဇင်လောက်ရှိတယ်။ အခုဆိုရင် ဖမ်းမိတဲ့ရွှေ့ပြောင်းအလုပ်သမားဦးရေက ၅ထောင်ဝန်းကျင်လောက်ရှိတယ်။”

ဒီရက်ပိုင်းအတွင်း ကမ်ချနဘူရီခရိုင်ဘက်ကို ခိုးဝင်လာကြတဲ့ မြန်မာနိုင်ငံသားတွေဟာ မြန်မာနယ်စပ် တောလမ်းအတိုင်းလမ်းလျှောက်လာကြပြီး ထိုင်းနယ်စပ်မှာ လူမှောင်ခို ပွဲစားတွေက စောင့်ပြီးခေါ်ပေးကြပါတယ်။ တစ်ဦးကိုပွဲစားခ ဘတ်ငွေ၁၅၀၀ ကျော်ပေးရပြီး ထိုင်းနိုင်ငံအတွင်းက မြို့တွေကို ပစ်ကပ်ကားတွေနဲ့ လူပွဲစားတွေက မောင်းနှင်ပို့ဆောင်နေကြတာပါ မြန်မာနိုင်ငံသားတွေနဲ့ အတူ လူမှောင်ခိုပွဲစားတွေ ဖြစ်တဲ့ထိုင်းနိုင်ငံသား၊ မြန်မာနိုင်ငံသားများကိုလည်းဖမ်းမိနေတာပါ။

အထောက်အထားမဲ့ မြန်မာနိုင်ငံသားများစုဟာ မြန်မာနိုင်ငံတွင်းမှာ ကူးစက်ပြန့်ပွားမူ မြင့်တက်လာနေတဲ့ ကိုဗစ်-ကပ်ဘေးကနေ လွတ်ရာကို ထွက်ပြေးတိမ်းရှောင်လာကြတာလို့လည်း ထိုင်းနိုင်ငံသတင်းတွေမှာဖေါ်ပြနေပါတယ်။ အလုပ်သမားရေး လှုပ်ရှားနေသူတွေ ကတော့ ခိုးဝင်လာသူတွေဟာ ကပ်ရောဂါ ကူးစက်မူတွေကို စိုးရိမ်တာအပြင် အလုပ်အကိုင်အခွင့်အလန်းအခက်အခဲတွေကြောင့် ထိုင်းနိုင်ငံကို လာနေကြတာလို့လည်း ပြောဆိုကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG