သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသက် (၅၀) အထက် လူတွေမှာ COVID-19 ကူးစက်မှု ဘာကြောင့် ကြီးမားသလဲ


Healthcare workers push a patient into a less intensive unit from the Covid-19 Unit at United Memorial Medical Center in Houston, Texas on July 2, 2020. - Despite its renowned medical center with the largest agglomeration of hospitals and research laborat
Healthcare workers push a patient into a less intensive unit from the Covid-19 Unit at United Memorial Medical Center in Houston, Texas on July 2, 2020. - Despite its renowned medical center with the largest agglomeration of hospitals and research laborat
အသက် (၅၀) အထက် နှင့် COVID-19 ကူးစက်မှု
please wait

No media source currently available

0:00 0:12:06 0:00
တိုက်ရိုက် လင့်ခ်

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၂၆၀,၀၀၀ ကျော်ထဲ ၉၅% နှုန်းဟာ အသက်(၅၀) အထက်အရွယ်တွေ ဖြစ်တယ်လို့ အမေရိကန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး CDC မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာမင်းမင်းစိုးက ပြောပါတယ်။ အရေးကြီးဆုံး လေ့လာတွေ့ရှိချက်တွေထဲ ဗိုင်းရပ်စ်ဟာ အသက်နဲ့ အချိုးကျနေတာတွေ့ရပြီး အသက်ကြီးလေလေ ပိုပြီးကူးစက်ခံရမှု ပိုပြီးရှိလာလေလေ ဖြစ်တယ်လို့ ဒေါက်တာမင်းမင်းစိုးက ပြောပါတယ်။
COVID-19 ကပ်ရောဂါ ရဲ့ဗိုင်းရပ်စ်ကူးစက်မှု ထူးခြားချက်တွေနဲ့ ပတ်သက်လို့ ဒေါက်တာမင်းမင်းစိုးကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ အမေရိကန်ပြည်ထောင်စုမှာ နောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေရဲ့ ရောဂါလက္ခဏာတွေက အရင်ကူးစက်ခံရတဲ့ အချိန်တုန်းက ဖြစ်တဲ့ရောဂါလက္ခဏာတွေနဲ့ ဘယ်လိုကွာခြားမှု ရှိပါသလဲ ဆရာ။

ဖြေ ။ ။ ဘာမှတအားကြီး ကြီးကြီးမားမား ခြားနားပြောင်းလဲလာတာတော့ မတွေ့ရဘူး။ ဟိုတုန်းကတော့ ဖြစ်ခါစဆိုတော့ ဒီလိုလက္ခဏာကော ဖြစ်နိုင်သလား။ ဟိုလိုလက္ခဏာကော ဖြစ်နိုင်သလား။ ဒေတာစုနေတဲ့ အချိန်မှာပဲ ရှိသေးတယ်ဆိုတော့ တစ်ခုအသစ်အဆန်း လက္ခဏာ ကိုဗစ်ပတ်သက်ပြီး ပေါ်လာတယ်ဆိုရင် ကျနော်တို့က document လုပ်ပြီး ပြည်သူကို အသိပေးတယ်။ အခု (၆) လ (၇) လ ရှိသွားပြီဆိုတော့ လက္ခဏာတွေက တအားကြီး စတွေ့ခါထက် ထူးထူးခြားခြား ပိုပြီးတော့ မတွေ့လာဘူး။ အထူးသဖြင့် အနံ့မရတာနဲ့ ပါးစပ်အရသာ ပျက်သွားတာ၊ အဲဒီဟာလေးပဲ နည်းနည်းထူးထူးခြားခြား တွေ့ရတယ်။ ကျန်တာတွေကတော့ ပုံမှန်ရာသီတုပ်ကွေးတွေမှာ ဖြစ်သလိုပဲ ချောင်းဆိုးတယ်၊ အသက်ရှုကြပ်တယ်၊ အဖျားရှိတယ်ဆိုတော့ ဘာမှ ကိုဗစ်လက္ခဏာ တိတိကျကျ ပြောဖို့က ခက်တယ်။ စမ်းသပ်စစ်ဆေးမှု မလုပ်ဘဲနဲ့ ပြောဖို့က အရမ်းခက်တယ်။

မေး ။ ။ အခုလက်ရှိ အမေရိကန်က ကူးစက်မှု အဆိုးဆုံး၊ အများဆုံး၊ လူသေမှု အများဆုံး နိုင်ငံထိပ်ဆုံးမှာပဲ ရှိနေဆဲဆိုတော့ ဆရာတို့ အခု ရောဂါကာကွယ်ထိန်းချုပ်ရေးမှာ ဆရာတို့ အဓိကရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ စိတ်ခေါ်မှုတွေက ဘာတွေပါလဲ။

ဖြေ ။ ။ စိန်ခေါ်မှုတွေကတော့ အများကြီးပါပဲ။ ဒီနိုင်ငံမှာက ကမ္ဘာမှာ အမြင့်ဆုံးကူးစက်မှု ဖြစ်နေတယ်။ အထူးသဖြင့် လူ့အဖွဲ့အစည်းထဲမှာ ပျံ့နှံံမှုတွေက တနေ့တနေ့ဆိုရင် လေးငါးသောင်း နေ့စဉ် ရှိနေတယ်။ ဒါကကူးစက်မှု အနည်းဆုံး - တချို့နေတွေမှာဆိုရင် သိန်းနဲ့ချီပြီးတော့ ဖြစ်ကုနတယ်။ ဒီလို Community Transmission လူ့အဖွဲ့အစည်းထဲမှာ ပျံ့နှံ့မှု အရမ်းများလာပြီဖြစ်တဲ့အတွက် အစိုးပိုင်းအနေနဲ့ သက်ဆိုင်ရာ ကျန်းမာရေးဌာနဆိုင်ရာပိုင်တွေက Contact tracking တွေကိုတောင် သိပ်မလုပ်နိုင်တော့ဘူး။ လုပ်လဲမလုပ်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခြေအနေက contact tracing လိုက်လုပ်နိုင်ဖို့အတွက် resources တွေ ကျနော်တို့ဆီမှာ မရှိတော့ဘူး။ အဲဒီတော့ တတ်နိုင်သမျှ ရောဂါရှိမရှိ များများစစ်မယ်၊ များများတွေ့မယ်။ တွေ့တယ်ဆိုရင် ချက်ခင်း ဒီလူနာနဲ့ သူ့ရဲ့မိသားစုကို ချက်ချင်းအိမ်မှာပဲနေခိုင်းမယ်။ အကောင်းဆုံး treatment ပေးမယ်။ တတ်သမျှ ဆေးရုံကို မခေါ်ဘူး။ တော်တော်အခြေအနေဆိုးမှပဲ ဆေးရုံကို ပေးတတ်တယ်။ ဒီလောက်အခြေအနေ မဆိုးဘူး၊ တော်ရုံတန်ရုံ အဖျား၊ ချောင်းဆိုးလောက်ပဲဆိုရင် အိမ်မှာပဲနေခိုင်းတယ်။ ဆေးခန်းမှာကုတယ်။ ဒီလောက်ပါပဲ .. ဆေးရုံပေးတတ်တာတို့၊ ကွာရန်တင်စင်တာ ပို့တာတို့ ဒါတွေ ကျနော်တို့ မလုပ်ဘူး။ လုပ်ဖို့လည်း အခြေအနေက မပေးတော့ဘူး။ တနေ့တနေ့ သောင်းနဲ့သိန်းနဲ့ချီပြီး ကူးနေတာ ဖြစ်တဲ့အတွက်။

မေး ။ ။ အဲဒီတော့ ဒီကူးစက်မှုအနေအထားအရကြည့်မယ်၊ သေဆုံးမှု အနေအထားကို ကြည့်ရတဲ့အခါကြတော့ ဘယ်လိုလူတွေမှာ ပိုပြီးတော့ ကူးစစ်မှုတွေ များနေသလဲ။ နောက်ပြီးတော့ သေဆုံးတဲ့လူတွေထဲမှာ အသက်အရွယ်အရဖြစ်ဖြစ် ဘယ်အပိုင်းက သေဆုံးမှုအများဆုံး ဖြစ်နေသလဲဆရာ။

ဖြေ ။ ။ ကျနော်တို့ အထူးသဖြင့် မတ်လလောက်ကစပြီး ရောဂါထိန်းချုပ်ရေးဌာနအနေနဲ့ စောင့်ကြည့်နေခဲ့တယ်။ စောင့်ကြည့်တော့ ဘာတွေ့ရသလဲဆိုတော့ အများစု လွန်ခဲ့တဲ့ မတ်လကနေ နိုဝင်ဘာလအထိ အဲဒီကာလအတွင်းမှာ အများစု ကိုဗစ်ကူးစက်ခံရသူ အသက်အရွယ်ပိုင်းက (၁၈) နှစ်နဲ့ အသက် (၅၀) အကြား လူငယ်လူလတ်ပိုင်းတွေပိုင်းတွေမှာ အများဆုံး ကူးစက်ခံရတာ တွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက အခြားအသက်အရွယ် ကလေးတွေထက်စာရင် လူကြီးအသက်ကြီးသူတွေထက် ပိုပြီးတော့ အိမ်ပြင်ပကို ထွက်တဲ့အတွက် exposure ပိုများတယ်။ ရောဂါပိုကူးစက်ခံရဖို့ အခွင့်အရေးက ပိုများတော့ ပိုပြီးတယ်။ အဲဒီတော့ လူငယ်နဲ့ လူလတ်ပိုင်းတွေမှာ အများစု ကူးစက်ခံရတယ်။ ကူးစက်ခံရတဲ့ (၅၀) ရာခိုင်နှုန်းကျော်ကျော်လောက်က အဲဒီအသက်အရွယ်ပိုင်ခြားမှာ အဓိကပဲ။ အမေရိကန်နိုင်ငံမှာ လူကြီးဆိုရင် (၆၅) အထက်လို့ သတ်မှတ်တယ်။ (၆၅) အထက်ဆိုရင် ကူးစက်ရာခိုင်နှုန်းက (၁၅) ရာခိုင်နှုန်းအောက်လောက်မှာပဲ ရှိတယ်။ သိပ်မများလှဘူး။ အဓိကသည် လူငယ်နဲ့ လူလတ်ပိုင်းမှာ အဓိကတွေ့နေရတယ်.

သူတို့တွေက အလုပ်သွားတယ်၊ အပြင်သွားတယ်။ တွေ့ဆုံပွဲတွေ လုပ်ကြမယ်။ အဲဒီတော့ အဲဒီကနေပဲ အဓိက ကူးစက်ခံရတာကို တွေ့ရတယ်။ အဲဒီတော့ လူငယ်နဲ့ လူလတ်မှာ အဓိကကူးစက်မှုများတယ်။ ဒါပေမဲ့ သေဆုံးတာတွေ၊ ပုံမှန်ရောဂါ ကူးစက်ခံရတဲ့ လူငယ်တွေဆိုရင် အများအားဖြင့်က ဒီအတိုင်းပဲ သူ့ဘာသာသူ ခပ်မြန်မြန် ပြန်ပျောက်သွားတယ်။ သူတို့ရဲ့ ကိုယ်ခံစွမ်းအားကောင်းတဲ့အတွက်။ လူကြီးတွေကြတော့ ကိုယ်ခံစွမ်းအား မကောင်းဘူး။ နောက် လူငယ်တွေနဲ့ လူလတ်ပိုင်းတွေမှာ သူတို့မှာ အခြေခံနောက်ဆက်တွဲ ရောဂါ ရှိခဲ့ရင်။ ဥပမာ ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်ရောဂါ၊ အဆုပ်ရောဂါ၊ နှလုံးရောဂါတွေ။ ဒီလို တစ်ခုခု ရောဂါရှိတဲ့ လူငယ်လူလတ်တွေမှာပဲဖြစ်ဖြစ်၊ နောက် အထူးသဖြင့်လူကြီးတွေမှာ ဒီလိုလူတွေမှာတော့ သေဆုံးနှုန်းက အရမ်းကို မြင့်နေတာကို တွေ့ရတယ်။ အထူးသဖြင့် အမေရိကန်မှာ သေဆုံးတဲ့လူ အခုဆိုရင် နှစ်သိန်းလောက် ရှိပြီ။ အဲဒီတော့ ရှစ်ဆယ်ရာခိုင်နှုန်းက အသက် (၆၅) နှစ်အထက်။ အဲဒီတော့ တော်တော်လေးကို အန္တရာယ်ကြီးတယ်။ အသက်ကြီးတဲ့လူတွေအတွက်။ (၁၅) ရာခိုင်နှုန်းလောက်ကတော့ အသက် (၅၀) နဲ့ (၆၅) နှစ်ကြား။ ဆိုလိုချင်တာက အသက် (၅၀) အထက်က (၉၅) ရာခိုင်နှုန်း သေဆုံးမှုထဲမှာ ရှိတယ်။ ဆိုတော့ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ဒါကြောင့်လဲ အသက်ကြီးတဲ့လူတွေအတွက် အခြားရောဂါအခံ အကြောင်းရင်းတွေရှိတဲ့ လူတွေ တတ်နိုင်သမျှ အိမ်မှာပဲ နေခိုင်းတာ။ အဲဒီအချက်ကြောင့်ပဲ။ ရောဂါပိုးခံရတဲ့လူက ရုတ်တရက်ကြည့်ရင်တော့ လူငယ်၊ လူလတ်ပိုင်းမှာ များပေမယ့် တကယ့် complication တွေ၊ ရောဂါပိုဆိုးလာတာတွေ၊ သေတာတွေ ပိုတွေ့ရလာတော့ အသက်ကြီးတဲ့လူတွေနဲ့ လူငယ်လူလတ်ပိုင်းမှာဆိုရင်လဲ အခြေခံအခြားရောဂါ ရှိသူတွေဖြစ်တာကြောင့် အဲဒါကြောင့် အဲဒီလူတွေက ပိုပြီးတော့ ဂရုစိုက်ဖို့လိုတယ်။


မေး ။ ။ အဲဒီတော့ ဒီဗိုင်းရပ်စ်က သူက အသက်အရွယ်ပေါ် လိုက်ပြီးတော့ ဘယ်လိုသက်ရောက်မှုတွေ ရှိလဲ။ ဥပမာ ကလေးတွေ အရင်တုန်းက ကူးစက်မှုတွေ ရှိတယ်ဆိုတာတွေ ရှိလာပေမယ့် အခုနောက်ပိုင်း ကူးစက်မှုနှုန်းတွေ ဆက်ပြီးများလာနေတဲ့အထဲမှာ ကလေးတွေ - (၁၈) နှစ်အောက် ကလေးတွေ၊ ဒါမှမဟုတ် မွေးကင်းစကလေးတွေ။ အဲဒီလိုမျိုးတွေအပါအဝင် ဗိုင်းရပ်စ်ရဲ့ သက်ရောက်မှုက ဘယ်လောက်အထိ ရှိပါလဲ။

ဖြေ ။ ။ ဒါကတော့ ဒီဗိုင်းရပ်စ်က အသစ်အဆန်းလည်း ဖြစ်တယ်။ ဘယ်သူမှလဲ မတွေ့ဖူးဘူး။ ကျနော်တို့ တတ်နိုင်သမျှ တကမ္ဘာလုံးမှာရှိတဲ့ ဒေတာတွေ။ အထူးသဖြင့် အမေရိကမှာ ဆေးရုံတွေမှာရှိတဲ့ ဒေတာတွေကို ကောက်ယူပြီးကြည့်ပြီးတော့ ဆုံးဖြတ်ကြတယ်။ ဒေတာတွေက ဘာပြနေလဲဆိုတော့ ကိုဗစ်က တကယ့်တကယ်ကြတော့ အသက်နဲ့ တိုက်ရိုက်အချိုးကျနေတာကို တွေ့ရတယ်။ အသက်ကြီးလေလေ၊ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်မှု အခွင့်အရေးက ပိုများလေလေ ဆိုတာကို တွေ့ရတယ်။ အဲဒါကြောင့် အသက်အရွယ်က အရမ်းအရေးကြီးတယ်။ အသက်အပိုင်းအခြား - ကိုယ်က အသက်ကြီးရင်ကြီးသလို ကူးစက်ခံရဖို့ အခွင့်အရေးက ပိုပြီးများလာတာကို တွေ့ရတယ်။ ဒါကတော့ တစ်အချက်ပေါ့။ အရမ်းလည်း အရေးကြီးတယ်။ အခုနပြောသလို လူငယ်၊ လူလတ်တွေမှာ အများစုတွေ့နေတယ်ဆိုတာက သူတို့က အပြင်ထွက်နှုန်းက ပိုများလို့။ တကယ့်တကယ်ကြတော့ အကုန်အသက်အကြီးအငယ်မရွေး အကုန်လုံး အပြင်ထွက်နေမယ်ဆိုရင် လျှောက်ပြီးသွားနေမယ်ဆိုရင် လူကြီးတွေက အဓိကထိမှာပဲ။ ဆိုလိုချင်တာက ကူးစက်မှု အခွင့်အရေး၊ chance and risk က အသက်နဲ့အမျှ အသက်ကြီးလာလေ ပိုမိုပြီးတော့ အခွင့်အရေး ပိုများလာမယ်။ အဲဒီလိုပဲ တချိန်တည်းမှာပဲ ရောဂါဝင်သွားပြီဆိုရင်လဲ အသက်ငယ်သူထက် အသက်ကြီးသူက complication ပုံမှန်ရိုးရိုးတန်းတန်း ပြန်ပျောက်သွားမယ့်အစား အဆုတ်ကို ပိုမိုပြီး ပျက်စီးစေတဲ့ အရာတွေ ဖြစ်လာတယ်။ တကိုယ်လုံးမှာရှိတဲ့ အခြားကျောက်ကပ်တွေ၊ နှလုံးတွေ - ဒီလိုဟာတွေကိုလည်း ထိခိုက်နိုင်တဲ့ အခွင့်ရေးက လူကြီးတွေမှာ ပိုများတယ်။ နောက် လူငယ်လူလတ်ဆိုလဲ အခြားရောဂါရှိတဲ့လူတွေမှာဆို အခွင့်ရေးက ပိုများတာကို တွေ့ရတယ်။

မေး ။ ။ အဲဒီတော့ ကလေးတွေမှာ ဥပမာ မူလတန်းတွေ၊ အလယ်တန်းတွေ၊ မူကြိုကလေးတွေမှာကော သူတို့ကို ဗိုင်းရပ်စ်က ကူးစက်မှုနှုန်း နည်းတယ်လို့ ပြောလို့ရသလား။ ဒါမှမဟုတ် ကူးစက်နေပေမယ့်လဲ သူတို့က ဘာမှ ရောဂါမပြဘဲနဲ့ ရောဂါဝေဒနာ မခံစားရဘူးလား။ အဲဒီလိုအရွယ်တွေက ဘယ်လိုဖြစ်လာမလဲ။

ဖြေ ။ ။ ကျနော်ကတော့ relative term ပဲ ပြောတာပါ။ အသက်အရွယ်တိုင်းမှာတော့ risk အန္တရာယ်က ရှိနေတယ်။ လူကြီးနဲ့ ယှဉ်ရင်တော့ လူငယ်တွေက နည်းနည်းလေး risk နည်းတယ်ပေါ့။ အခုနပြောသလို အသက်ကြီးလာလေ၊ အန္တရာယ်ကတော့ ပိုကြီးလာတဲ့ သဘောပေါ့။ ဒါပေမဲ့ လူငယ်တွေမှာကော မရှိဘူးလားဆိုတော့ အန္တရာယ်ကတော့ ရှိနေတာပဲ။ ဒါကြောင့်မို့ ကလေးတွေမှာလည်း ကူးစက်ခံရတာတွေ တွေ့နေရတယ်။ ကျနော်တို့ ပိုကြောက်တာက အခုနပြောသလို probably အနေနဲ့ ပြောတာကတော့ risk က အသက်ကြီးရင် ပိုများတယ်။ ဒီလိုပဲ လူငယ်လူလတ်မှာလည်း ရောဂါအခြေခံရှိရင် အန္တရာယ်ကြီးတယ် ပြောပေမယ့် သာမန်ကျန်းမာနေတဲ့ လူတစ်ယောက်ကလည်း ဒီရောဂါဝင်သွားခဲ့ရင် အချိန်မရွေး သေဆုံးသွားနိုင်တာကို တွေ့ရတယ်။ ကျနော်တို့ ခန္ဓာကိုယ်က ပြန်ပြီးတုံ့ပြန်တယ်။ တုံ့ပြန်တဲ့အခါမှာ တခါတလေကြတော့ ပုံမှန်ထက်ကို ပိုပြီးတော့ တုံ့ပြန်တာတွေကို တွေ့ရတယ်။ တချို့လူတွေမှာ လူငယ်ပိုင်းတွေကအစ … ဒီလိုတုံ့ပြန်မှုက ပုံမှန်ထက် ပိုပြီးများလာရင် …. ဒီလူဟာ အရင်တုန်းက ဘယ်လောက်ပဲ ကျန်းမာကျန်းမာ သူ့ရဲ့ကိုယ်ခံစွမ်းအား ပုံမှန်ထက် မတရားကို ပြန်ပြီးတော့ တုံ့ပြန်တဲ့အတွက် ဒီလူဟာ အချိန်မရွေး သေဆုံးသွားနိုင်တယ်။ အဲဒါကြောင့်မလို ကျနော်တို့ ကလေးလေးတွေမှာ ဒီအမေရိကမှာဆိုရင် ကျောင်းတွေ တချို့ပြည်နယ်တော်တော်များများမှာ မဖွင့်သေးဘူး။ မဖွင့်တဲ့ရည်ရွယ်ချက်က ဒီကလေးတွေ risk က လူကြီးထက်စာရင် နည်းပေမယ့် တကယ် ဒီကလေးကို ပိုးဝင်သွားရင် ဒီကလေးမှာ ဘာဖြစ်မလဲဆိုတာကို ဘယ်သူမှ မပြောနိုင်ဘူး။ အခုနပြောသလို …… တွေ ဝင်လာမယ်။ ဒီကလေးရဲ့ body immunity ကိုယ်ခံအားတုံ့ပြန်မှုက ပုံမှန်ထက် ပိုမြင့်လာပြီဆိုရင် ဒီကလေးက သေသွားနိုင်တယ်။ ဒါကြောင့်မို့ ကျနော်တို့ ကျောင်းတွေကို အခုအချိန်အထိ တတ်နိုင်သမျှ ပြည်နယ်တော်တော်များများမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက မဖွင့်သေးဘူူး။

…. အမေရိကန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး CDC မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာမင်းမင်းစိုး ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။


==Unicode==















XS
SM
MD
LG