သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္ကိုရီးယားမွာ COVID-19 ကူးစက္မႈ ျပန္ျမင့္တက္ေန


ဆုိးလ္ၿမိဳ႕ေတာ္ခန္းမမွာ ေၾကာ္ျငာထားတဲ့ COVID-19 သတိေပးခ်က္အနီး ျဖတ္သန္းသြးလာေနသူမ်ား။ (ႏုိဝင္ဘာ ၂၅၊ ၂၀၂၀)

(Zawgyi / Unicode)

ေတာင္ကိုရီးယားႏုိင္ငံမွာ ဗုိင္းရပ္စ္ကူးစက္မႈေတြ ျပန္ျမင့္တက္ေနၿပီး ေန႔စဥ္ ဗုိင္းရပ္စ္ကူးစက္သူ ၅၀၀ ေက်ာ္တာ အခုဆုိရင္ ၃ ရက္ဆက္တုိက္ ရွိသြားၿပီျဖစ္ပါတယ္။

ေတာင္ကိုရီးယားမွာ ဒီေန႔ ေနာက္ထပ္ ဗုိင္းရပ္စ္ကူးစက္သူ ၅၀၄ ေယာက္ရွိၿပီး စုစုေပါင္း ဗုိင္းရပ္စ္ကူးစက္သူ ၃၃,၃၇၅ ေယာက္ထက္မနည္း ရွိတယ္လို႔ ေတာင္ကိုရီးယားႏုိင္ငံရဲ႕ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာနက ေျပာပါတယ္။

ဒီေန႔ကူးစက္သူေတြထဲက ၃၃၀ ကေတာ့ ဆုိးလ္ၿမိဳ႕တဝုိက္က ျဖစ္ေပမယ့္ တျခားၿမိဳ႕ႀကီးေတြမွာ ကူးစက္မႈေတြရွိတယ္လို႔ ဆုိပါတယ္။

ေတာင္ကိုရီးယားအစိုးရက စီးပြားေရး က်ဆင္းလာေနတာေတြကို အေထာက္အကူ ျဖစ္ေစဖို႔အတြက္ ဗုိင္းရပ္စ္နဲ႔ပတ္သက္တဲ့ ကန္႔သတ္မႈေတြကို ေျဖေလွ်ာ့ခဲ့ရာကေန အခုလို ဗုိင္းရပ္စ္ကူးစက္မႈေတြ ျပန္ၿပီးေတာ့ ျမင့္တက္လာေနတာ ျဖစ္ပါတယ္။

အိႏၵိယႏုိင္ငံမွာေတာ့ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ေနာက္ထပ္ ဗုိင္းရပ္စ္ကူးစက္သူဦးေရ ၄၁,၃၂၂ ေယာက္ရွိခဲ့ၿပီး ေန႔စဥ္ကူးစက္မႈေတြဟာ ထပ္ၿပီးေတာ့ က်ဆင္းလာေနပါတယ္။ ဒါေၾကာင့္ လြန္ခဲ့တဲ့ ၂ ပတ္က အိႏၵိယႏုိင္ငံတဝန္းမွာ က်င္းပခဲ့တဲ့ ဘာသာေရးပဲြေတာ္ေၾကာင့္ ဗုိင္းရပ္စ္ကူးစက္မႈေတြ ျပန္တက္လာတဲ့ပုံေတာ့ မေတြ႔ရပါဘူး။

အခုတပတ္အတြင္း အိႏၵိယႏုိင္ငံမွာ ကူးစက္မႈအေရအတြက္ အမ်ားဆုံးက ၿပီးခဲ့တဲ့ ဗုုဒၶဟူးေန႔ကျဖစ္ၿပီး ကူးစက္သူ ၄၄,၇၃၉ ေယာက္ရွိခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အခုဆုိရင္ အိႏၵိယႏုိင္ငံမွာ ေန႔စဥ္ကူးစက္သူဦးေရ ၅၀,၀၀၀ ေအာက္ေရာက္တာဟာ ၃ ပတ္ရွိသြားၿပီ ျဖစ္ပါတယ္။ ဒီေန႔မွာ ဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ေနာက္ထပ္ ၄၈၅ ေယာက္ရွိတာေၾကာင့္ ေသဆုံးသူ စုစုေပါင္း ၁၃၆,၂၀၀ ရွိသြားၿပီလို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

တောင်ကိုရီးယားမှာ COVID-19 ကူးစက်မှု ပြန်မြင့်တက်နေ

တောင်ကိုရီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်မြင့်တက်နေပြီး နေ့စဉ် ဗိုင်းရပ်စ်ကူးစက်သူ ၅၀၀ ကျော်တာ အခုဆိုရင် ၃ ရက်ဆက်တိုက် ရှိသွားပြီဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ ဒီနေ့ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်သူ ၅၀၄ ယောက်ရှိပြီး စုစုပေါင်း ဗိုင်းရပ်စ်ကူးစက်သူ ၃၃,၃၇၅ ယောက်ထက်မနည်း ရှိတယ်လို့ တောင်ကိုရီးယားနိုင်ငံရဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက ပြောပါတယ်။

ဒီနေ့ကူးစက်သူတွေထဲက ၃၃၀ ကတော့ ဆိုးလ်မြို့တဝိုက်က ဖြစ်ပေမယ့် တခြားမြို့ကြီးတွေမှာ ကူးစက်မှုတွေရှိတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားအစိုးရက စီးပွားရေး ကျဆင်းလာနေတာတွေကို အထောက်အကူ ဖြစ်စေဖို့အတွက် ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ ကန့်သတ်မှုတွေကို ဖြေလျှော့ခဲ့ရာကနေ အခုလို ဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်ပြီးတော့ မြင့်တက်လာနေတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း နောက်ထပ် ဗိုင်းရပ်စ်ကူးစက်သူဦးရေ ၄၁,၃၂၂ ယောက်ရှိခဲ့ပြီး နေ့စဉ်ကူးစက်မှုတွေဟာ ထပ်ပြီးတော့ ကျဆင်းလာနေပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ၂ ပတ်က အိန္ဒိယနိုင်ငံတဝန်းမှာ ကျင်းပခဲ့တဲ့ ဘာသာရေးပွဲတော်ကြောင့် ဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်တက်လာတဲ့ပုံတော့ မတွေ့ရပါဘူး။

အခုတပတ်အတွင်း အိန္ဒိယနိုင်ငံမှာ ကူးစက်မှုအရေအတွက် အများဆုံးက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကဖြစ်ပြီး ကူးစက်သူ ၄၄,၇၃၉ ယောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခုဆိုရင် အိန္ဒိယနိုင်ငံမှာ နေ့စဉ်ကူးစက်သူဦးရေ ၅၀,၀၀၀ အောက်ရောက်တာဟာ ၃ ပတ်ရှိသွားပြီ ဖြစ်ပါတယ်။ ဒီနေ့မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နောက်ထပ် ၄၈၅ ယောက်ရှိတာကြောင့် သေဆုံးသူ စုစုပေါင်း ၁၃၆,၂၀၀ ရှိသွားပြီလို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG