သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၾသစေၾတးလ် ဗစ္တိုးရီးယားျပည္နယ္မွာ ကိုဗစ္ကူးစက္မႈမရွိတာ ၂၈ ရက္ရွိၿပီ


ၾသစေၾတးလ်ႏုိင္ငံ ဗစ္တိုးရီးယားျပည္နယ္မွာ ေတြ႔ရတဲ့ လမ္းသြားလမ္းလာတခ်ိဳ႕။ (ေအာက္တိုဘာ ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

ၾသစေၾတးလ်ႏုိင္ငံရဲ႕ ဒုတိယအႀကီးဆုံးျပည္နယ္ျဖစ္တဲ့ ဗစ္တုိးရီးယားျပည္နယ္မွာ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈအသစ္ထပ္မျဖစ္တာ ၂၈ ရက္ ရွိသြားၿပီျဖစ္တယ္လို႔ ျပည္နယ္က်န္းမာေရး တာ၀န္ရွိသူေတြက ဒီေန႔ ေျပာလိုက္ပါတယ္။ ႏုိင္ငံထဲကတခ်ိဳ႕ေနရာေတြမွာ ကူးစက္မႈတခ်ိဳ႕ ရွိေနေသးေပမဲ့လည္း ဗစ္တုိးရီးယားျပည္နယ္အေနနဲ႔ ၂၈ ရက္ဆက္တုိက္ ကူးစက္မႈမရွိေအာင္ လုပ္ႏုိင္လိုက္တာပါ။ ဗုုိင္းရပ္စ္ကူးစက္မႈေတြကို ေအာင္ျမင္စြာထိန္းခ်ဳပ္ႏုိင္တဲ့အတြက္ အေတာ္မ်ားမ်ားက ခ်ီးက်ဴးေနၾကတယ္လို႔ ၾသစေၾတးလ်ႏုိင္ငံရဲ႕ ျပည္ေထာင္စုက်န္းမာေရး၀န္ႀကီး Greg Hunt က ေျပာပါတယ္။

"ျပင္ပကမာၻကေတာ့ ဗုိင္းရပ္စ္အတြက္ စိတ္မခ်ရပါဘူး။ ၾသစေၾတးလ်ႏုိင္ငံျပင္ပမွာ ကူးစက္မႈ အေရအတြက္က အရမ္းမ်ားေနတာေၾကာင့္ က်ေနာ္တုိ႔အေနနဲ႔ ကိုဗစ္ ၁၉ ေရာဂါကို အနည္းဆုံးေတာ့ လာမယ့္ ၂၀၂၁ ခုႏွစ္အထိ ထိန္းထားႏုိင္ေအာင္လုပ္ရပါမယ္၊။ တခ်ိန္တည္းမွာပဲ ၾသစေၾတးလ်ႏုိင္ငံအေနနဲ႔ ဗုိင္းရပ္စ္ကူးစက္မႈေတြကို ေကာင္းေကာင္းထိန္းခ်ဳပ္ႏုိင္ခဲ့ပါတယ္။ က်ေနာ္တုိ႔မွာ ရင္ႏွင့္စရာေတြ ေၾကကဲြ၀မ္းနည္းစရာေတြ ရွိခဲ့ေပမဲ့ ကမာၻ႔ႏုိင္ငံေတြကေတာ့ ၾသစေၾတးလ်ႏုိင္ငံကိုၾကည့္ၿပီး အမ်ားစုက ၾသစေၾတးလ်လိုျဖစ္ခ်င္ေနၾကပါတယ္။" လို႔ Mr. Hunt က ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာေတာ့ မေန႔ၾကာသပေတးေန႔က ကူးစက္သူ ၁၈၁,၀၀၀ ေက်ာ္၊ ေသဆုံးသူ ၂,၃၀၀ နီးပါး နဲ႔ ေဆး႐ုံတက္ရသူ ၉၀,၅၀၀ ေလာက္ရွိခဲ့ပါတယ္။ ကူးစက္မႈေတြထိန္းခ်ဳပ္ႏုိင္ေအာင္ ျပည္နယ္အေတာ္မ်ားမ်ားမွာ တာ၀န္ရွိသူေတြက ကန္႔သတ္မႈေတြကို ျပန္လုပ္လာေနပါတယ္။

႐ုရွားနုိင္ငံမွာေတာ့ မေန႔က ကူးစက္သူ ၂၅,၄၈၇ ေယာက္နဲ႔ ေန႔စဥ္ကူးစက္မႈ အမ်ားဆုံးစံခ်ိန္တင္ပါတယ္။ ဂ်ာမနီမွာေတာ့ မေန႔က ေသဆုံးသူ ၄၀၀ ေလာက္ရွိခဲ့ၿပီး ေသဆုံးသူစုစုေပါင္း ၁၅,၀၀၀ ေက်ာ္သြားၿပီျဖစ္ပါတယ္။ ကမာၻတ၀န္းမွာေတာ့ ကူးစက္သူ ၆၀.၈ သန္း ရွိသြားၿပီျဖစ္ၿပီး ဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူကေတာ့ ၁.၄ သန္း ေက်ာ္သြားၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သြစတြေးလျ ဗစ်တိုးရီးယားပြည်နယ်မှာ ကိုဗစ်ကူးစက်မှုမရှိတာ ၂၈ ရက်ရှိပြီ

သြစတြေးလျနိုင်ငံရဲ့ ဒုတိယအကြီးဆုံးပြည်နယ်ဖြစ်တဲ့ ဗစ်တိုးရီးယားပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်ထပ်မဖြစ်တာ ၂၈ ရက် ရှိသွားပြီဖြစ်တယ်လို့ ပြည်နယ်ကျန်းမာရေး တာဝန်ရှိသူတွေက ဒီနေ့ ပြောလိုက်ပါတယ်။ နိုင်ငံထဲကတချို့နေရာတွေမှာ ကူးစက်မှုတချို့ ရှိနေသေးပေမဲ့လည်း ဗစ်တိုးရီးယားပြည်နယ်အနေနဲ့ ၂၈ ရက်ဆက်တိုက် ကူးစက်မှုမရှိအောင် လုပ်နိုင်လိုက်တာပါ။ ဗိုင်းရပ်စ်ကူးစက်မှုတွေကို အောင်မြင်စွာထိန်းချုပ်နိုင်တဲ့အတွက် အတော်များများက ချီးကျူးနေကြတယ်လို့ သြစတြေးလျနိုင်ငံရဲ့ ပြည်ထောင်စုကျန်းမာရေးဝန်ကြီး Greg Hunt က ပြောပါတယ်။

"ပြင်ပကမ္ဘာကတော့ ဗိုင်းရပ်စ်အတွက် စိတ်မချရပါဘူး။ သြစတြေးလျနိုင်ငံပြင်ပမှာ ကူးစက်မှု အရေအတွက်က အရမ်းများနေတာကြောင့် ကျနော်တို့အနေနဲ့ ကိုဗစ် ၁၉ ရောဂါကို အနည်းဆုံးတော့ လာမယ့် ၂၀၂၁ ခုနှစ်အထိ ထိန်းထားနိုင်အောင်လုပ်ရပါမယ်၊။ တချိန်တည်းမှာပဲ သြစတြေးလျနိုင်ငံအနေနဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကျနော်တို့မှာ ရင်နှင့်စရာတွေ ကြေကွဲဝမ်းနည်းစရာတွေ ရှိခဲ့ပေမဲ့ ကမ္ဘာ့နိုင်ငံတွေကတော့ သြစတြေးလျနိုင်ငံကိုကြည့်ပြီး အများစုက သြစတြေးလျလိုဖြစ်ချင်နေကြပါတယ်။" လို့ Mr. Hunt က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ မနေ့ကြာသပတေးနေ့က ကူးစက်သူ ၁၈၁,၀၀၀ ကျော်၊ သေဆုံးသူ ၂,၃၀၀ နီးပါး နဲ့ ဆေးရုံတက်ရသူ ၉၀,၅၀၀ လောက်ရှိခဲ့ပါတယ်။ ကူးစက်မှုတွေထိန်းချုပ်နိုင်အောင် ပြည်နယ်အတော်များများမှာ တာဝန်ရှိသူတွေက ကန့်သတ်မှုတွေကို ပြန်လုပ်လာနေပါတယ်။

ရုရှားနိုင်ငံမှာတော့ မနေ့က ကူးစက်သူ ၂၅,၄၈၇ ယောက်နဲ့ နေ့စဉ်ကူးစက်မှု အများဆုံးစံချိန်တင်ပါတယ်။ ဂျာမနီမှာတော့ မနေ့က သေဆုံးသူ ၄၀၀ လောက်ရှိခဲ့ပြီး သေဆုံးသူစုစုပေါင်း ၁၅,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။ ကမ္ဘာတဝန်းမှာတော့ ကူးစက်သူ ၆၀.၈ သန်း ရှိသွားပြီဖြစ်ပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူကတော့ ၁.၄ သန်း ကျော်သွားပြီဖြစ်ပါတယ်။

XS
SM
MD
LG