(Zawgyi/Unicode)
ကမာၻ႔က်န္းမာေရးအဖြဲ႔ WHO အႀကီးအကဲက ကိုဗစ္ကာကြယ္ေဆးအတြက္ ေနာက္ဆံုး အလားအလာေကာင္းေနတဲ့ AstraZeneca ကုမၸဏီေဆးရဲ့ ထိေရာက္မူနဲ႔အႏၱရာယ္ကင္းမူ ေနာက္ထပ္အေသးစိတ္ေတြကို ေစာင့္ၾကည့္ေနရေသးတယ္လို႔ ဆိုလိုက္ပါတယ္။
ဒီ WHO အရာရွိခ်ဳပ္ သိပၸံပညာရွင္ Soumya Swaminathan က
“အစပိုင္းနည္းနည္းထိုးၿပီး၊ ေနာက္ပိုင္းမ်ားမ်ားထိုးရတဲ့ ဒီကာကြယ္ေဆးမွာ ထိေရာက္မူက ၉၀% အထိ ပိုျမင့္လာပံုရပါတယ္၊ ဒါေပမဲ့ ဒါက စမ္းသပ္အေရအတြက္ အနည္းငယ္ေပၚမွာပဲ အေျခခံ ထားေသးတာပါ။ ဒါေၾကာင့္ ဒီ ထိေရာက္မူေရာ၊ အႏၱရာယ္ကင္းမူအတြက္ပါ ေစာင့္ၾကည့္ဖို႔ လိုေနပါေသးတယ္။ ဒီ AstraZenica ရဲ့ ကာကြယ္ေဆးကို တျခားႏိုင္ငံမ်ားစြာမွာ ေလာေလာဆယ္စမ္းထိုးေနၿပီး၊ ေနာက္တဆင့္မွာ လူနာေပါင္း ၆ ေသာင္းခန္႔ရဲ့ အခ်က္အလက္ေတြကို ရလာေတာ့မွာမို႔ ဆံုးျဖတ္ခ်ဖို႔ သတင္းေတြပိုသိလာရမွာပါ။” လို႔ ေျပာသြားတာပါ။
ဒီအႀကီးအကဲ Swaminathan ကပဲ၊ ေနာက္ထပ္ ဒီကာကြယ္ေဆးထုတ္မဲ့ ကုမၸဏီေတြအေနနဲ႔လည္း၊ သန္းေထာင္နဲ႔ခ်ီတဲ့ ကမာၻ႔ျပည္သူေတြအတြက္ လံုေလာက္တဲ႔ ကာကြယ္ေဆးအေရအတြက္ ထုတ္ေပးဖို႔ကိုလည္း တိုက္တြန္းခဲ့ပါတယ္။
အခု AstracaZeneca ကုမၸဏီကလည္း သူတို႔ကာကြယ္ေဆးဟာ ၉၀% ဝန္းက်င္မွာ ထိေရာက္မူရွိေနတယ္လို႔ေျပာထားတာေၾကာင့္၊ တျခားကုမၸဏီေတြထက္ ပိုေစ်းသက္သာၿပီး၊ သယ္ယူပို႔ေဆာင္၊ သိုေလွာင္ရလည္း ပိုလြယ္ကူကာ၊ ေနာက္ထပ္လည္း ပိုျမန္ျမန္နဲ႔မ်ားမ်ားထုတ္ႏုိင္တဲ့ ဒီေဆးေၾကာင့္ ဒီကမာၻ႔ကပ္ေရာဂါႀကီးတိုက္ဖ်က္ေရးမွာ လက္နက္ေကာင္းတခုရလာေတာ့မွာလို႔ သံုးသပ္မူေတြရွိေနပါတယ္။
........
COVID ကာကွယ်ဆေး AstraZeneca ရဲ့ ထိရောက်မှု WHO စောင့်ကြည့်
(Unicode)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲက ကိုဗစ်ကာကွယ်ဆေးအတွက် နောက်ဆုံး အလားအလာကောင်းနေတဲ့ AstraZeneca ကုမ္ပဏီဆေးရဲ့ ထိရောက်မူနဲ့အန္တရာယ်ကင်းမူ နောက်ထပ်အသေးစိတ်တွေကို စောင့်ကြည့်နေရသေးတယ်လို့ ဆိုလိုက်ပါတယ်။
ဒီ WHO အရာရှိချုပ် သိပ္ပံပညာရှင် Soumya Swaminathan က
“အစပိုင်းနည်းနည်းထိုးပြီး၊ နောက်ပိုင်းများများထိုးရတဲ့ ဒီကာကွယ်ဆေးမှာ ထိရောက်မူက ၉၀% အထိ ပိုမြင့်လာပုံရပါတယ်၊ ဒါပေမဲ့ ဒါက စမ်းသပ်အရေအတွက် အနည်းငယ်ပေါ်မှာပဲ အခြေခံ ထားသေးတာပါ။ ဒါကြောင့် ဒီ ထိရောက်မူရော၊ အန္တရာယ်ကင်းမူအတွက်ပါ စောင့်ကြည့်ဖို့ လိုနေပါသေးတယ်။ ဒီ AstraZenica ရဲ့ ကာကွယ်ဆေးကို တခြားနိုင်ငံများစွာမှာ လောလောဆယ်စမ်းထိုးနေပြီး၊ နောက်တဆင့်မှာ လူနာပေါင်း ၆ သောင်းခန့်ရဲ့ အချက်အလက်တွေကို ရလာတော့မှာမို့ ဆုံးဖြတ်ချဖို့ သတင်းတွေပိုသိလာရမှာပါ။” လို့ ပြောသွားတာပါ။
ဒီအကြီးအကဲ Swaminathan ကပဲ၊ နောက်ထပ် ဒီကာကွယ်ဆေးထုတ်မဲ့ ကုမ္ပဏီတွေအနေနဲ့လည်း၊ သန်းထောင်နဲ့ချီတဲ့ ကမ္ဘာ့ပြည်သူတွေအတွက် လုံလောက်တဲ့ ကာကွယ်ဆေးအရေအတွက် ထုတ်ပေးဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။
အခု AstracaZeneca ကုမ္ပဏီကလည်း သူတို့ကာကွယ်ဆေးဟာ ၉၀% ဝန်းကျင်မှာ ထိရောက်မူရှိနေတယ်လို့ပြောထားတာကြောင့်၊ တခြားကုမ္ပဏီတွေထက် ပိုဈေးသက်သာပြီး၊ သယ်ယူပို့ဆောင်၊ သိုလှောင်ရလည်း ပိုလွယ်ကူကာ၊ နောက်ထပ်လည်း ပိုမြန်မြန်နဲ့များများထုတ်နိုင်တဲ့ ဒီဆေးကြောင့် ဒီကမ္ဘာ့ကပ်ရောဂါကြီးတိုက်ဖျက်ရေးမှာ လက်နက်ကောင်းတခုရလာတော့မှာလို့ သုံးသပ်မူတွေရှိနေပါတယ်။