သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ကူးစက္မႈနဲ႔ ေသဆံုးမႈ ဆက္လက္ျမင့္တက္ေနဆဲ


ရန္ကုန္ၿမိဳ႕တြင္ ကိုဗစ္ေၾကာင့္ေသဆံုးသူတစ္ဦးကို သၿဂိဳၤဟ္ၿပီး ေတြ႔ရသည့္ PPE ဝတ္စံုဝတ္ ပရဟိတလုပ္သားမ်ား။ (ႏိုဝင္ဘာ ၂၅၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါေၾကာင့္ ေသဆံုးသူ ဒီေန႔ ၃၆ ေယာက္အထိ ျမင့္တက္ခဲ့ပါတယ္။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ည ၈ နာရီ ထုတ္ျပန္ခ်က္အရ ေသဆံုးသူ ၃၆ ေယာက္မွာ ေရာဂါအခံ႐ွိသူက ၂၃ ေယာက္ပါဝင္ပါတယ္။ ဒီေန႔ ႏုိဝင္ဘာ ၂၆ ရက္အတြက္ အတည္ျပဳလူနာကလည္း ၁,၆၃၉ ေယာက္ျဖစ္တာမို႔ ၈၅,၀၀၀ ေက်ာ္သြားပါၿပီ။

ေလာေလာဆယ္အထိ အတည္ျပဳလူနာ စုစုေပါင္း ၈၅,၂၀၅ ေယာက္ ေသဆုံးသူ စုစုေပါင္း ၁,၈၄၆ ေယာက္နဲ႔ ေဆး႐ံုကဆင္းခြင့္ရသူ စုစုေပါင္း ၆၄,၆၄၅ ေယာက္ျဖစ္ပါတယ္။ ဒီေန႔အတြက္ စစ္ေဆးခဲ့တဲ့ ဓာတ္ခဲြနမူနာက ၂၀,၁၁၈ ခုျဖစ္ပါတယ္။

ကုိဗစ္ကပ္ေရာဂါ ဒုတိယလိႈင္းကာလမွာ အေႂကြးျပန္ဆပ္ဖုိ႔ ခက္ခဲေနတဲ့ အေသးစား ေခ်းေငြလုပ္ငန္းေတြအတြက္ အေႂကြးဆပ္ရမယ့္ရက္ကို တခ်ဳိ႕တိုင္းနဲ႔ ျပည္နယ္ေတြမွာ ဧၿပီလအထိ ေ႐ႊ႕ဆိုင္းေပးထားတယ္လို႔ စီမံကိန္း၊ ဘ႑ားေရးနဲ႔ စက္မႈဝန္ႀကီးဌာန၊ ေငြေရးေၾကးေရး ႀကီးၾကပ္ေရးဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ႏိုင္က ဗီြအိုေအ ျမန္မာပိုင္းကို ေျပာပါတယ္။

[Unicode Version]

မြန်မာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု ဆက်လက်မြင့်တက်နေဆဲ

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ဒီနေ့ ၃၆ ယောက်အထိ မြင့်တက်ခဲ့ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ သေဆုံးသူ ၃၆ ယောက်မှာ ရောဂါအခံရှိသူက ၂၃ ယောက်ပါဝင်ပါတယ်။ ဒီနေ့ နိုဝင်ဘာ ၂၆ ရက်အတွက် အတည်ပြုလူနာကလည်း ၁,၆၃၉ ယောက်ဖြစ်တာမို့ ၈၅,၀၀၀ ကျော်သွားပါပြီ။

လောလောဆယ်အထိ အတည်ပြုလူနာ စုစုပေါင်း ၈၅,၂၀၅ ယောက် သေဆုံးသူ စုစုပေါင်း ၁,၈၄၆ ယောက်နဲ့ ဆေးရုံကဆင်းခွင့်ရသူ စုစုပေါင်း ၆၄,၆၄၅ ယောက်ဖြစ်ပါတယ်။ ဒီနေ့အတွက် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာက ၂၀,၁၁၈ ခုဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းကာလမှာ အကြွေးပြန်ဆပ်ဖို့ ခက်ခဲနေတဲ့ အသေးစား ချေးငွေလုပ်ငန်းတွေအတွက် အကြွေးဆပ်ရမယ့်ရက်ကို တချို့တိုင်းနဲ့ ပြည်နယ်တွေမှာ ဧပြီလအထိ ရွှေ့ဆိုင်းပေးထားတယ်လို့ စီမံကိန်း၊ ဘဏ္ဍားရေးနဲ့ စက်မှုဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

XS
SM
MD
LG