သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ ေထာက္ပံ့ေၾကးအစီအစဥ္ေပၚ တိုင္ၾကားစာ ၃၇,၀၀၀ ေက်ာ္ရွိ


လိႈင္သာယာၿမိဳ႕နယ္မွာ ေတြ႔ရတဲ့ လမ္းသြားလမ္းလာတခ်ိဳ႕။ (ေအာက္တိုဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါ ကာလမွာ စား၀တ္ေနေရး အခက္အခဲႀကံဳေနရတဲ့ အေျခခံလူတန္းစား မိသားစုေတြကုိ အစုိးရက ေထာက္ပံ့ေၾကးေပးတဲ့ အစီအစဥ္အေပၚ မေက်နပ္လုိ႔ တုိင္ၾကားတဲ့စာေတြ ေသာင္းနဲ႔ခ်ီရွိေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္းက သတင္းေပးပို႔ထားပါတယ္။

ကပ္ေရာဂါကာလမွာ အခက္အခဲႀကံဳေနရတဲ့ ပုံမွန္ဝင္ေငြမရွိသူ အေျခခံလူတန္းစားေတြကို အစိုးရက ေထာက္ပံ့ေနတာ အခုဆုိရင္ ၄ ႀကိမ္ ရွိလာေပမဲ့ မေက်နပ္မႈေတြ ေပၚေပါက္ေနဆဲျဖစ္ၿပီး တုိင္ၾကားစာေတြလည္း အခုဆုိရင္ ၃၇,၀၀၀ ေက်ာ္ရွိေနၿပီလုိ႔ ျပည္ေထာင္စုဝန္ႀကီးရုံး ဝန္ႀကီး ဦးမင္းသူက Facebook လူမႈကြန္ရက္မွာ ေျပာဆုိထားပါတယ္။ တုိင္စာေတြရဲ႕ ၉၃ ရာခုိင္ႏႈန္းေလာက္ရွိတဲ့ ၃၅,၀၀၀ ေလာက္ဟာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ အမ်ားဆုံး ႀကံဳေနရလုိ႔ အိမ္ျပင္မထြက္ရ အမိန္႔ထုတ္ထားတဲ့ ရန္ကုန္တိုင္းထဲကျဖစ္ၿပီး တုိင္စာေတြကုိ စတင္စိစစ္ေနၿပီလုိ႔လည္း ေရးသားထားပါတယ္။

ပထမဆုံးအႀကိမ္အျဖစ္ တစ္ႏိုင္ငံလုံး ရိကၡာ ၅ မ်ိဳး အကူအညီေပးခ်ိန္ကစလုိ႔ အခုေနာက္ဆုံးအႀကိမ္ ေငြသားေထာက္ပံ့တဲ့အထိ အစီအစဥ္ေတြမွာ ရသင့္သူေတြ မရတာ၊ မရသင့္သူေတြ ရတာေတြ ရွိခဲ့သလုိ သတ္မွတ္ထားတဲ့အတုိင္း အျပည့္အ၀ မရဘူးဆုိၿပီး တုိင္တန္းတာေတြ ကန္႔ကြက္တာေတြလည္း ႀကံဳခဲ့ရတာပါ။

ရန္ကုန္တုိင္း လႈိင္သာယာၿမိဳ႕နယ္အေနာက္ပိုင္းမွာေတာ့ ေထာက္ပံ့ေၾကးကိစၥကို ပြင့္လင္းျမင္သာမႈမရွိဘူးဆိုၿပီး တိုင္ၾကားလာတာက ၃၀ ေက်ာ္ရွိၿပီး ေထာက္ပံ့ေၾကးမရတဲ့အတြက္ ရရွိႏိုင္ဖို႔ ေလွ်ာက္ထားလာတာက ၂၀,၀၀၀ ဝန္းက်င္ရွိတယ္လို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမင္းထြန္းက ေျပာပါတယ္။

“သူတို႔ေလွ်ာက္ထားတဲ့သူေတြကိုေတာ့ က်ေနာ္တို႔က စိစစ္ရမွာေပါ့ေနာ္။ ဌာနဆိုင္ရာေတြ၊ ရပ္မိရပ္ဖေတြ၊ Volunteer ေတြနဲ႔ စိစစ္ရဖို႔ရွိပါတယ္။ ဥပမာ က်ေနာ္တို႔ ေထာက္ပံ့ေၾကးကို စာရင္းေတာင္းတုန္းက စက္တင္ဘာလကုန္မွ ျဖစ္ပါတယ္။ သို႔ေသာ္လည္း ၁၀ လပိုင္းအတြင္းမွာ ေရာက္လာတဲ့သူေတြ ေျပာင္းေ႐ႊ႕လာတဲ့သူေတြလည္း ရွိပါတယ္ခင္ဗ်။ အဲ့ဒီအတြက္ကိုလည္း က်ေနာ္တို႔ စိစစ္ရပါတယ္။ ျပည္သူလူထုအမ်ားစုက ႏိုင္ငံေတာ္ရဲ႕ တရားဝင္သတင္းဌာနက မဟုတ္တဲ့ တျခား သတင္းစာဂ်ာနယ္ေတြနဲ႔ Facebook Page ေတြကေနေၿပီးေတာ့ ဘယ္သူမဆို ရရမယ္၊ ဘာညာဆိုတဲ့ ေကာလဟာလေတြကို အမွန္မွတ္ယူၿပီးေတာ့ သူတို႔လိုလားခ်က္ေတြကို ေတာင္းဆိုေနၾကတာမ်ားပါတယ္ ခင္ဗ်။”

ျပည္ေထာင္စု၀န္ႀကီး ဦးမင္းသူကေတာ့ တိုင္ၾကားစာေတြကုိ ႀကိဳဆုိေၾကာင္းနဲ႔ အေလးအနက္ထား တုံ႔ျပန္ေဆာင္႐ြက္ေပးမွာျဖစ္ေၾကာင္း ေျပာဆုိထားပါတယ္။ လုိအပ္တဲ့သူေတြကုိ အကူအညီေပးတဲ့ အစီအစဥ္မွာ အထက္နဲ႔ ေအာက္အဖြဲ႕အစည္းေတြၾကားမွာ ခ်ိတ္ဆက္မႈ အားနည္းခ်က္ေတြနဲ႔ လိုအပ္ခ်က္ေတြကို ျပဳျပင္ႏိုင္ဖို႔လည္း ႀကိဳးပမ္းေဆာင္႐ြက္ေနတယ္လို႔လည္း Facebook လူမႈကြန္ရက္မွာ ေရးသားထားပါတယ္။

ႏိုင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းကေတာ့ အာဏာပုိင္ေတြရဲ႕ စီမံခန္႔ခဲြမႈ အားနည္းခ်က္ရဲ႕ ရလဒ္အျဖစ္ သုံးသပ္ပါတယ္။

“အစိုးရအဖြဲ႕အစည္းရဲ႕ အဆင့္ဆင့္က စီမံခန္႔ခြဲမႈက အေရးႀကီးတယ္လို႔ ျမင္ပါတယ္။ အစိုးရရဲ႕ ေထာက္ပံ့ေၾကးနဲ႔ ပတ္သက္တဲ့ တိုင္တန္းမႈေတြကို ၾကည့္မယ္ဆိုရင္ စီမံခန္႔ခြဲမႈ အင္မတန္မွ အားနည္းတာ၊ ဖ႐ိုဖရဲျဖစ္တာ၊ စနစ္မက်တာေတြကို အထင္အရွားေတြ႕ေနရပါတယ္။ အစိုးရအေနနဲ႔ ေထာက္ပံ့ေၾကးေပးေဝတဲ့ လုပ္ငန္းကို အထူးသျဖင့္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနကေန အဆင့္ဆင့္ စီမံခန္႔ခြဲ ကြပ္ကဲၿပီးေတာ့ ေဆာင္႐ြက္ေနတာကို ေတြ႕ရပါတယ္။ သို႔ေသာ္လည္းပဲ တဘက္က တိုင္တန္းမႈေတြ မေၾကမနပ္မႈေတြ ရွိလို႔ရွိရင္ ျပန္ၿပီးေတာ့ တိုင္တန္းရတာကလည္း အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာကိုပဲ ျဖစ္ေနတဲ့အခါက်ေတာ့ ဒီတိုင္တန္းမႈေတြအေပၚမွာ စုံစမ္းစစ္ေဆးၿပီးေတာ့ အေရးယူေဆာင္႐ြက္တဲ့ အပိုင္းမွာ တကယ္ထိေရာက္အလုပ္ျဖစ္ပါ့မလားလို႔လည္း ေမးခြန္းထုတ္စရာ ရွိပါတယ္။ အဲ့ဒီလို တိုင္တန္းမႈေတြနဲ႔ ပတ္သက္ၿပီးေတာ့ တိုင္တန္းမွ အေရးယူေဆာင္႐ြက္တာထက္ အစိုးရအေနနဲ႔ အရပ္ဘက္အဖြဲ႕ အစည္းေတြ၊ သတင္းမီဒီယာေတြရဲ႕ တင္ျပမႈေတြ သတင္းေဖာ္ျပမႈေတြအေပၚမွာ အေျခခံၿပီးေတာ့ ေဆာင္႐ြက္ႏိုင္မယ္၊ ေနာက္ၿပီးေတာ့ ေအာက္ေျခမွာလည္းပဲ တကယ္ေစာင့္ၾကည့္ၿပီးေတာ့ ၾကပ္မတ္ ေဆာင္႐ြက္ႏိုင္မယ္ဆိုရင္ ဒီထက္ပိုၿပီးေတာ့ အားေကာင္းတဲ့ အခင္အက်င္းတစ္ခုကို ေဖာ္ေဆာင္ႏိုင္လိမ့္မယ္လို႔ျမင္ပါတယ္။”

အစုိးရကေတာ့ ျမန္မာႏုိင္ငံမွာ ကိုဗစ္ကပ္ေရာဂါနဲ႔ ႀကံဳခဲ့ရၿပီးေနာက္ စား၀တ္ေနေရး အခက္အခဲ ႀကံဳေနရတဲ့အထဲက အေျခခံလူတန္းစားအျဖစ္ သတ္မွတ္ထားသူေတြကုိ ပထမအႀကိမ္အျဖစ္ ဧၿပီလနဲ႔ ဇြန္လမွာ အိမ္ေထာင္စုေပါင္း ၅.၄ သန္းအတြက္ က်ပ္ ၇၂ ဘီလီယံ၊ ဒုတိယအႀကိမ္ ဇူလိုင္နဲ႔ ၾသဂုတ္လအတြက္ အိမ္ေထာင္စု ၅.၄ သန္းအတြက္ တစ္အိမ္ေထာင္ က်ပ္၂၀,၀၀၀ ႏႈန္းနဲ႔ ၂၁၈ ဘီလီယံေက်ာ္၊ တတိယအႀကိမ္ စက္တင္ဘာလအတြက္ အိမ္ေထာင္စုေပါင္း ၅.၇ သန္းခန႔္အတြက္ ၁၁၃ ဘီလီယံေက်ာ္ ေထာက္ပံ့ခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။ အခုေနာက္ဆုံး စတုတၳအႀကိမ္ ေထာက္ပံ့မယ့္ အစီအစဥ္မွာေတာ့ ကပ္ေရာဂါကူးစက္မႈ အမ်ားဆုံး ႀကံဳေနရတဲ့အတြက္ အိမ္ျပင္မထြက္ရ အမိန္႔ထုတ္ထားတဲ့ ေဒသေတြက အေျခခံလူတန္းစား မိသားစုတစုကုိ ၄၀,၀၀၀ ႏႈန္းနဲ႔ က်န္ေဒသေတြမွာေတာ့ မိသားစုတစုကုိ ၂၀,၀၀၀ ႏႈန္းနဲ႔ ခန္႔မွန္းေျခ အိမ္ေထာင္စုေပါင္း ၆,၀၀၀,၀၀၀ ေက်ာ္အတြက္ က်ပ္ေငြ ဘီလီယံ ၁၆၀ ေက်ာ္ သုံးစြဲဖို႔ ရည္႐ြယ္ထားတယ္လို႔လည္း သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာလ ထောက်ပံ့ကြေးအစီအစဉ်ပေါ် တိုင်ကြားစာ ၃၇,၀၀၀ ကျော်ရှိ

ကိုဗစ်ကပ်ရောဂါ ကာလမှာ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ အခြေခံလူတန်းစား မိသားစုတွေကို အစိုးရက ထောက်ပံ့ကြေးပေးတဲ့ အစီအစဉ်အပေါ် မကျေနပ်လို့ တိုင်ကြားတဲ့စာတွေ သောင်းနဲ့ချီရှိနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါကာလမှာ အခက်အခဲကြုံနေရတဲ့ ပုံမှန်ဝင်ငွေမရှိသူ အခြေခံလူတန်းစားတွေကို အစိုးရက ထောက်ပံ့နေတာ အခုဆိုရင် ၄ ကြိမ် ရှိလာပေမဲ့ မကျေနပ်မှုတွေ ပေါ်ပေါက်နေဆဲဖြစ်ပြီး တိုင်ကြားစာတွေလည်း အခုဆိုရင် ၃၇,၀၀၀ ကျော်ရှိနေပြီလို့ ပြည်ထောင်စုဝန်ကြီးရုံး ဝန်ကြီး ဦးမင်းသူက Facebook လူမှုကွန်ရက်မှာ ပြောဆိုထားပါတယ်။ တိုင်စာတွေရဲ့ ၉၃ ရာခိုင်နှုန်းလောက်ရှိတဲ့ ၃၅,၀၀၀ လောက်ဟာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အများဆုံး ကြုံနေရလို့ အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားတဲ့ ရန်ကုန်တိုင်းထဲကဖြစ်ပြီး တိုင်စာတွေကို စတင်စိစစ်နေပြီလို့လည်း ရေးသားထားပါတယ်။

ပထမဆုံးအကြိမ်အဖြစ် တစ်နိုင်ငံလုံး ရိက္ခာ ၅ မျိုး အကူအညီပေးချိန်ကစလို့ အခုနောက်ဆုံးအကြိမ် ငွေသားထောက်ပံ့တဲ့အထိ အစီအစဉ်တွေမှာ ရသင့်သူတွေ မရတာ၊ မရသင့်သူတွေ ရတာတွေ ရှိခဲ့သလို သတ်မှတ်ထားတဲ့အတိုင်း အပြည့်အ၀ မရဘူးဆိုပြီး တိုင်တန်းတာတွေ ကန့်ကွက်တာတွေလည်း ကြုံခဲ့ရတာပါ။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အနောက်ပိုင်းမှာတော့ ထောက်ပံ့ကြေးကိစ္စကို ပွင့်လင်းမြင်သာမှုမရှိဘူးဆိုပြီး တိုင်ကြားလာတာက ၃၀ ကျော်ရှိပြီး ထောက်ပံ့ကြေးမရတဲ့အတွက် ရရှိနိုင်ဖို့ လျှောက်ထားလာတာက ၂၀,၀၀၀ ဝန်းကျင်ရှိတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက ပြောပါတယ်။

“သူတို့လျှောက်ထားတဲ့သူတွေကိုတော့ ကျနော်တို့က စိစစ်ရမှာပေါ့နော်။ ဌာနဆိုင်ရာတွေ၊ ရပ်မိရပ်ဖတွေ၊ Volunteer တွေနဲ့ စိစစ်ရဖို့ရှိပါတယ်။ ဥပမာ ကျနော်တို့ ထောက်ပံ့ကြေးကို စာရင်းတောင်းတုန်းက စက်တင်ဘာလကုန်မှ ဖြစ်ပါတယ်။ သို့သော်လည်း ၁၀ လပိုင်းအတွင်းမှာ ရောက်လာတဲ့သူတွေ ပြောင်းရွှေ့လာတဲ့သူတွေလည်း ရှိပါတယ်ခင်ဗျ။ အဲ့ဒီအတွက်ကိုလည်း ကျနော်တို့ စိစစ်ရပါတယ်။ ပြည်သူလူထုအများစုက နိုင်ငံတော်ရဲ့ တရားဝင်သတင်းဌာနက မဟုတ်တဲ့ တခြား သတင်းစာဂျာနယ်တွေနဲ့ Facebook Page တွေကနေပြေီးတော့ ဘယ်သူမဆို ရရမယ်၊ ဘာညာဆိုတဲ့ ကောလဟာလတွေကို အမှန်မှတ်ယူပြီးတော့ သူတို့လိုလားချက်တွေကို တောင်းဆိုနေကြတာများပါတယ် ခင်ဗျ။”

ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကတော့ တိုင်ကြားစာတွေကို ကြိုဆိုကြောင်းနဲ့ အလေးအနက်ထား တုံ့ပြန်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။ လိုအပ်တဲ့သူတွေကို အကူအညီပေးတဲ့ အစီအစဉ်မှာ အထက်နဲ့ အောက်အဖွဲ့အစည်းတွေကြားမှာ ချိတ်ဆက်မှု အားနည်းချက်တွေနဲ့ လိုအပ်ချက်တွေကို ပြုပြင်နိုင်ဖို့လည်း ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း Facebook လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ အာဏာပိုင်တွေရဲ့ စီမံခန့်ခွဲမှု အားနည်းချက်ရဲ့ ရလဒ်အဖြစ် သုံးသပ်ပါတယ်။

“အစိုးရအဖွဲ့အစည်းရဲ့ အဆင့်ဆင့်က စီမံခန့်ခွဲမှုက အရေးကြီးတယ်လို့ မြင်ပါတယ်။ အစိုးရရဲ့ ထောက်ပံ့ကြေးနဲ့ ပတ်သက်တဲ့ တိုင်တန်းမှုတွေကို ကြည့်မယ်ဆိုရင် စီမံခန့်ခွဲမှု အင်မတန်မှ အားနည်းတာ၊ ဖရိုဖရဲဖြစ်တာ၊ စနစ်မကျတာတွေကို အထင်အရှားတွေ့နေရပါတယ်။ အစိုးရအနေနဲ့ ထောက်ပံ့ကြေးပေးဝေတဲ့ လုပ်ငန်းကို အထူးသဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကနေ အဆင့်ဆင့် စီမံခန့်ခွဲ ကွပ်ကဲပြီးတော့ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ သို့သော်လည်းပဲ တဘက်က တိုင်တန်းမှုတွေ မကြေမနပ်မှုတွေ ရှိလို့ရှိရင် ပြန်ပြီးတော့ တိုင်တန်းရတာကလည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာကိုပဲ ဖြစ်နေတဲ့အခါကျတော့ ဒီတိုင်တန်းမှုတွေအပေါ်မှာ စုံစမ်းစစ်ဆေးပြီးတော့ အရေးယူဆောင်ရွက်တဲ့ အပိုင်းမှာ တကယ်ထိရောက်အလုပ်ဖြစ်ပါ့မလားလို့လည်း မေးခွန်းထုတ်စရာ ရှိပါတယ်။ အဲ့ဒီလို တိုင်တန်းမှုတွေနဲ့ ပတ်သက်ပြီးတော့ တိုင်တန်းမှ အရေးယူဆောင်ရွက်တာထက် အစိုးရအနေနဲ့ အရပ်ဘက်အဖွဲ့ အစည်းတွေ၊ သတင်းမီဒီယာတွေရဲ့ တင်ပြမှုတွေ သတင်းဖော်ပြမှုတွေအပေါ်မှာ အခြေခံပြီးတော့ ဆောင်ရွက်နိုင်မယ်၊ နောက်ပြီးတော့ အောက်ခြေမှာလည်းပဲ တကယ်စောင့်ကြည့်ပြီးတော့ ကြပ်မတ် ဆောင်ရွက်နိုင်မယ်ဆိုရင် ဒီထက်ပိုပြီးတော့ အားကောင်းတဲ့ အခင်အကျင်းတစ်ခုကို ဖော်ဆောင်နိုင်လိမ့်မယ်လို့မြင်ပါတယ်။”

အစိုးရကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ ကြုံခဲ့ရပြီးနောက် စားဝတ်နေရေး အခက်အခဲ ကြုံနေရတဲ့အထဲက အခြေခံလူတန်းစားအဖြစ် သတ်မှတ်ထားသူတွေကို ပထမအကြိမ်အဖြစ် ဧပြီလနဲ့ ဇွန်လမှာ အိမ်ထောင်စုပေါင်း ၅.၄ သန်းအတွက် ကျပ် ၇၂ ဘီလီယံ၊ ဒုတိယအကြိမ် ဇူလိုင်နဲ့ သြဂုတ်လအတွက် အိမ်ထောင်စု ၅.၄ သန်းအတွက် တစ်အိမ်ထောင် ကျပ်၂၀,၀၀၀ နှုန်းနဲ့ ၂၁၈ ဘီလီယံကျော်၊ တတိယအကြိမ် စက်တင်ဘာလအတွက် အိမ်ထောင်စုပေါင်း ၅.၇ သန်းခန့်အတွက် ၁၁၃ ဘီလီယံကျော် ထောက်ပံ့ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ အခုနောက်ဆုံး စတုတ္ထအကြိမ် ထောက်ပံ့မယ့် အစီအစဉ်မှာတော့ ကပ်ရောဂါကူးစက်မှု အများဆုံး ကြုံနေရတဲ့အတွက် အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားတဲ့ ဒေသတွေက အခြေခံလူတန်းစား မိသားစုတစုကို ၄၀,၀၀၀ နှုန်းနဲ့ ကျန်ဒေသတွေမှာတော့ မိသားစုတစုကို ၂၀,၀၀၀ နှုန်းနဲ့ ခန့်မှန်းခြေ အိမ်ထောင်စုပေါင်း ၆,၀၀၀,၀၀၀ ကျော်အတွက် ကျပ်ငွေ ဘီလီယံ ၁၆၀ ကျော် သုံးစွဲဖို့ ရည်ရွယ်ထားတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG